ကျန်းမာရေးအတွက်က အစာချေစနစ်ကောင်းမွန်ဖို့အရေးကြီးသလို ကျန်းမာရေးနဲ့ အလှအပကလည်း ဆက်စပ်နေတဲ့အရာပါ။ သင့်ကိုလည်း စိတ်အပန်းပြေစေမယ့်အပြင် ခန္ဓာကိုယ်အလှတိုးစေတဲ့ ယောဂလေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။

၁။ အရင်ဆုံး ခြေထောက် ဒူးနဲ့ ရင်ဘတ်ကို မတ်မတ်ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို ၃ ပေ လောက်ကားလိုက်ပါ။ လက်ကို ပုခုံးနှစ်ဖက် ဆန့်ထုတ်လိုက်ပါ။ ညာဖက်ခြေထောက်ကို အခုပုံမှာပြထားသလို ဘေးဖက် ကြက်ခြေခတ်ထုတ်ပေးပါ။ ပြီးရင် ဘယ်ဖက်လက်နဲ့ထိပေးပြီး ညာဖက်လက်ကိုအပေါ်တန်းတန်းမြောက်ကာ မျက်လုံးကို ညာဖက်လက်နားကြည့်ပေးပါ။ ပြီးရင်အဲဒီအတိုင်း ၁ စက္ကန့်လောက်နေပြီး အသက်မှန်မှန်ရှုပါ။ အဲဒီနောက် နဂိုပုံအတိုင်းပြန်နေပြီး နောက်တစ်ဖက်ပြောင်းပါ။

၂။ သင့်ရဲ့ ရင်ဘတ်ကိုဖွင့်ထားပြီး အသက်ရှုရမှာဖြစ်ပါတယ်။ ပခုံး နောက်ကျာနဲ့ ဝမ်းဗိုက်ကို တန်းတန်းထားရမှာပါ။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အစာချေစနစ်ကောင်းမွန်စေသလို ဝမ်းဗိုက်ကအဆီတွေကို လျှော့ချပေးပါတယ်။ အရင်ဆုံး ဝမ်းလျားမှောက်လိုက်ပါ။ လက်နှစ်ဖက်ကို ပခုံးနဲ့ တန်းတန်းချပြီး ကြမ်းပြင်နဲ့ထောက်ထားပါ။ ပြီးရင် ခြေဖမိုးနဲ့ ကြမ်းပြင်ကိုထိထားပါ။ ခေါင်းကိုမော့လိုက်ပြီး မျက်နှာကျက်ကိုကြည့်ပါ။ ပြီးရင် အသက်ကို ခပ်ဖြည်းဖြည်း ရှုထုတ်လိုက် သွင်းလိုက်လုပ်ပေးပါ။ ၁ မိနစ်နေပေးပြီး နဂိုပုံအတိုင်းပြန်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ ၃ ကြိမ်ကနေ ၅ ကြိမ်ထိလုပ်ပေးပါ။

၃။ အရင်ဆုံး ကြောလှဲနေပါ။ ပြီးရင် ခြေထောက်ကို ကြမ်းပြင်ပေါ်ချထားပေးပါ။ အဲဒီနောက် အသက်ရှုသွင်းပြီး ဒူးကိုကွေး အပေါ်မြောက်ကာ လက်နဲ့ ပိုက်ထားပေးပါ။ ပြီးရင် အသက်ရှုထုတ်လိုက် ရှုသွင်းလိုက်လုပ်ပေးပါ။ ၅ ကြိမ် ၁၀ ကြိမ်လောက်အသက်ရှုပေးပြီးရင် နဂိုအတိုင်းပြန်ထားပါ။ ပြီးရင်ပြန်လုပ်ပါ။ ဝမ်းဗိုက်ကအဆီတွေကိုလျှော့ချပးမယ့်အပြင် လေပွတာ အစာမကြေတာကို သက်သာစေမှာပါ။

၄။ ကိုယ်ကိုမတ်မတ်နေပါ။ ပြီးရင် ခါးကိုင်းပြီး လက်ကိုကြမ်းပြင်နဲ့ ထိနိုင်သလောက်ထိထားပေးပါ။ ဒါမှမဟုတ်လည်း လက်ကို ဒူးခေါင်းနား ပတ်ထားပေးပါ။

ခန္တာကိုယ်အချိုးအစား လှပစေမယ့်အပြင် အစာချေစနစ်ကိုပါကောင်းမွန်စေတဲ့ ရောဂလေ့ကျင့်ခန်း

၅။ အရင်ဆုံး ဒူးထောက်ထိုင်ချလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကိုအနောက်ပစ်ပြီး ခြေမျက်စိကိုကိုင်ထားပေးပါ။ ခေါင်းကိုအပေါ်မော့ပေးထားပါ။ ဒီပုံအတိုင်း ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိနေပေးပါ။ သင့်ကို တက်ကြွစေမှာဖြစ်ပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ခန္တာကိုယ်အချိုးအစား ပိုလှလာစေမှာ ဖြစ်ပါတယ်။