အားလုံးပဲ မင်္ဂလာပါ၊ မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ အခြေအနေမျိုးတွေကို လူတိုင်းကြုံဖူးကြမှာပါ။ ဒီတစ်ခါမှာတော့ အမျိုးသမီးတွေအတွက် စိတ်ကူးနဲ့လက်တွေ့ ထပ်တူမကျတဲ့အဖြစ်လေးတွေအကြောင်း ဝေမျှချင်တာပါ။

ဥပမာပြောရရင် ဆံပင်အတိုညှပ်တဲ့အခါ ကိုယ်မျှော်လင့်ထားတာတော့ လုံးဝအပျံစား စတိုင်မိုက်မိုက်လေးဖြစ်သွားမယ်ပေါ့၊ တကယ့် တကယ်ညှပ်လည်း ညှပ်လိုက်ရော မျှော်လင့်ထားသလို ဖြစ်မလာတော့ ကြေကွဲရတာပေါ့။

အခြား စိတ်ကူးနဲ့ လက်တွေ့ ထပ်တူမကျတဲ့ အဖြစ်လေးတွေကရော ဘာတွေဖြစ်မလဲ။ အတူတူဆက်ကြည့်လိုက်ရအောင်နော်။

မိမိအိပ်ပျော်နေတဲ့အခါ ထင်နေတာက တစ်မျိုး၊ တကယ်တမ်း ဖြစ်ပျက်နေတာက တစ်မျိုး

ကိုယ့်ရဲ့ ချစ်သူက ကိုယ့်ကို ဘယ်လိုလက်ထပ်ခွင့်တောင်းမလဲလို့ မျှော်လင့်နေတာနဲ့ တကယ်တမ်းလက်ထပ်ခွင့်တောင်းလည်း တောင်းလာရော

ကမ်းခြေတို့ ရေကူးကန်တို့သွားပြီး ရေဆော့ကစားနေချိန် ဆံပင်လေးလှန်လိုက်တဲ့အခါ မိမိတကယ်လိုချင်တဲ့ပုံစံ၊ တကယ်တမ်း ဖြစ်သွားတဲ့ ပုံစံ

ဆံပင်ကောက်သားလှလှလေးတွေရဖို့ တစ်ညလုံး ဆံပင်အလိပ်လေးတွေနဲ့ လိပ်ထားတဲ့အခါ (သို့) ကျစ်ဆံမြီး ကျစ်ထားတဲ့အခါ

ဗြူးတီးဘလော့ဂါတွေ ပြင်ပြသလိုပြင်လိုက်တဲ့အခါ

ကိတ်မုန့်ဖုတ်တဲ့အခါ ကိုယ်မျှော်လင့်ထားတဲ့ပုံစံနဲ့ တကယ်ဖြစ်လာတဲ့ပုံစံ

ကလေးလေးတွေကို အစာခွံကျွေးတဲ့အခါ

ကိုယ့်နေအိမ်လေးကို အလှဆင်တဲ့အခါ

Gym မှာ ပင်ပင်ပန်းပန်း အားကစားပြုလုပ်တဲ့အခါ ကိုယ်စိတ်ကူးထားတဲ့ပုံစံနဲ့ တကယ်တမ်း ဖြစ်နေတဲ့ပုံစံ

ဘယ်လိုလဲ ပျိုမေလေးတို့ရေ၊ အခုဖော်ပြသွားတဲ့အချက်တွေက ပျိုမေလေးတို့ရဲ့ အဖြစ်နဲ့ တစ်ထပ်တည်းသွားကျနေလို့ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်သွားတယ်မလား။

Source: Brightside.me