စာဖတ်သူများအားလုံးပဲ မင်္ဂလာပါနော်။ ယခင်ရက်တွေတုန်းက Huawei မှ ဦးစီးပြီးပြုလုပ်တဲ့ ‘A Friend That You Can Count On’ ပြိုင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်နော်။ လူတစ်ယောက်ဘ၀မှာ မရှိမဖြစ်လိုအပ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ တန်ဖိုးအစစ်အမှန်ကို လူအများစိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားပြနိုင်တဲ့ပါဝင်ယှဉ်ပြိုင်သူကို Huawei Y9 (2018) စမတ်ဖုန်းနှစ်လုံး ချီးမြှင့်သွားမည့်ပြိုင်ပွဲလေးပါ။

သူငယ်ချင်းနဲ့ပတ်သက်တဲ့ ခေါင်းစဉ်လေးဖြစ်တာကြောင့် ကိုယ့်ဘ၀မှာ သူငယ်ချင်းများ၏အရေးပါအရာရောက်မှုကို အမြဲမပြတ်သတိရပြီး တန်ဖိုးထားတတ်ကြရန်၊ အဆိုးအကောင်းတွေကို ဒွန်တွဲခံစားရန် စသဖြင့် အဓိပ္ပာယ်အနှစ်သာရအပြည့်ရှိသည့် ပြိုင်ပွဲဖြစ်သည့်အားလျော်စွာ စိတ်ဝင်တစားဖြင့် ၀င်ရောက်ယှဉ်ပြိုင်သူများလည်း များပြားခဲ့ပါတယ်။

ပေးပို့လာသမျှ ဓာတ်ပုံ၊ ဗီဒီယိုတို့ကို နိုင်ငံကျော်အနုပညာရှင် ကိုမင်းသွေး၊ Myanmar Media 7 ရဲ့ တည်ထောင်သူ ကိုဝေမင်းမောင်နဲ့ Huawei Mobile (MM) မှ တာဝန်ရှိသူတစ်ဦးတို့က ရွေးချယ်ပေးခဲ့ပြီးနောက် ယနေ့အချိန်မှာတော့ ကံထူးရှင်ထွက်ပေါ်လို့လာခဲ့ပါပြီ။ ကံထူးရှင်ရဲ့ နာမည်ကတော့ မမိမိယွန်းပဲဖြစ်ပါတယ်။ ဆိုးတူကောင်းဖက် သူငယ်ချင်းဖြစ်သူရဲ့အကြောင်းကို အများသူငါစိတ်ဝင်စားစရာကောင်းအောင် ချစ်စဖွယ်ဗွီဒီယိုလေးရိုက်ကူးပြီး တင်ဆက်ပေးခဲ့တာဖြစ်လို့ အခုလိုကံထူးရှင်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

ဆုလက်ဆောင်အနေနဲ့ အချိန်တိုင်းနေရာတိုင်းမှာ အမြဲယုံကြည်အားကိုးနိုင်မယ့် စမတ်ဖုန်းဖြစ်သည့် Huawei Y9 (2018) ကို ကံထူးရှင်မမိမိယွန်းနှင့်အတူတကွ ချစ်ရတဲ့သူငယ်ချင်းကိုပါ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ကံထူးသူ မမိမိယွန်းနှင့် သူငယ်ချင်းနှစ်ဦးတို့ကို Huawei နှင့်အတူ MyStyle Myanmar မှလည်း ၀မ်းသာဂုဏ်ယူမိပါကြောင်း ပြောချင်ပါတယ်။ လက်ခံရရှိတဲ့ ဆုလက်ဆောင်နှင့်အတူ ရှေ့လျှောက်မှာလည်း တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ၊ အခိုက်အတန့်လေးတွေကို နှစ်ဦးသားဖန်တီးယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။