ပျိုမေတို့ နှင်းဆီပန်းတွေ စံပယ်ပန်းတွေ ငေးကြည့်မိလိုက်တဲ့အချိန်… ဘယ်ပန်းတွေက ပျိုမေတို့နဲ့ ဆက်သွယ်နေတယ်လို့ ခံစားရလဲ။ ပျိုမေနဲ့ ဆက်သွယ်တဲ့ပန်းပွင့်က ပျိုမေရဲ့အကြောင်းပြောပြနေတယ်လို့ တွေးဖူးလား။

ဗစ်တိုရီယန်လူမျိုးတွေက ပန်းပွင့်ဗေဒဘာသာစကားကိုတောင် တီထွင်ခဲ့တယ်တဲ့။ အောက်မှာပြထားတဲ့ပန်းလေးတွေကို ကြည့်လိုက်ပါနော်။ ပြီးရင်ပျိုမေတို့အကြိုက်ဆုံးပန်းတစ်ပွင့်ကို ရွေးလိုက်ပါ။ ဒီပန်းလေးက ပျိုမေတို့ရဲ့အကြောင်းကိုပြောပြပါလိမ့်မယ်။

၁။ နှင်းဆီပန်း

နှင်းဆီပန်းကြိုက်တယ်ဆိုရင်တော့ သင်က အလွန်ချစ်တတ်ပြီး စိတ်ကူးယဉ်ဆန်တဲ့သူတစ်ယောက်ပါ။ နှလုံးသားခေါ်ဆောင်ရာကို လိုက်တတ်သူပါ။ သင့်အဝတ်ဗီရိုကို ဖွင့်လိုက်တဲ့အချိန်တိုင်း ပန်းရောင်လေးတွေ မိန်းကလေးဆန်တဲ့ အဝတ်အစားတွေနဲ့ ပြည့်နေတတ်ပါတယ်။ သင်က မိသားစု ရိုးရာ ချစ်တတ်တယ်။ အားလပ်ရက်ကိုမြတ်နိုးသူပါ။ ပြည့်စုံဖို့ အမြဲကြိုးစားနေသူပါ။

၂။ စံပယ်ပန်း

သင်က စံပယ်ပန်းနှစ်သက်သူဆိုရင်တော့ သင်ဟာ ဖြူစင်တဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူပါ။ စံပယ်ပန်းက အချစ်နဲ့ကံကောင်းခြင်းကို ဆောင်ကျဉ်းပါတယ်။သင်ဟာ အေးအေးဆေးဆေးနေတတ်တယ်။ ကြင်နာတတ်တယ်။ ပဋိပက္ခတွေကို ဝေးဝေးရှောင်တတ်သူပါ။ သစ္စာရှိတယ်။ လိုက်လျောညီထွေနေတတ်တယ်။ တခြားသူကို ခေါင်းဆောင်ရတာ ထိန်းချုပ်ရတာမျိုးကို မနှစ်မြို့သူပါ။ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်။ လက်ရှိအချိန်မှာ ပျော်အောင်နေတတ်သူပါ။

၃။ကျူးလစ်ပန်း

ကျူးလစ်ပန်းကိုနှစ်သက်တဲ့ သင့်ကို လူတွေချစ်ခင်ကြတာ မဆန်းပါဘူး။ သင်က ချစ်ဖို့ကောင်းတယ် စိတ်နုတယ် တွေးတတ်တယ်။ မိဘနဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားတဲ့သူ။ သင့်ဖေ့ဘွတ်မှာ သင်ခရီးသွားတဲ့ပုံတွေ သင့်အချစ်ဆုံးသူငယ်ချင်းတွေပုံက နေရာယူထားတတ်ပါတယ်။ သင့်ရဲ့ တောက်ပတဲ့အပြုံးနဲ့ စိတ်ထားကြောင့် သူစိမ်းတွေတောင် သင်နဲ့ဆိုရင် နွေးထွေးတယ်လို့ခံစားရပါတယ်။ သင်က ဘဝမှာ ကြုံရတဲ့အရာတွေကို ရင်ဆိုင်ဖို့စိတ်နဲ့ မနက်တိုင်းကို နိုးထတတ်သူပါ။

၎။ ဇီဇဝါပန်း

လူတွေစာလုံးတောင်မပေါင်းတတ်တဲ့ ဒေသမျိုးကို ခရီးထွက်ဖူးလား။ ဘယ်သူမှမကြားဖူးတဲ့ တံဆိပ်နဲ့ အိတ်မျိုးရှိလား။ အားရက်တွေမှာ အပြင်မထွက်ဘဲ အိမ်မှာပဲ ဗီဒီယိုရုပ်ရှင်တွေကြည့်ပြီး ပျော်နေတတ်လား။ ဒါဆိုရင်တော့ သင်က ဇီဇဝါပန်းချစ်သူပါ။ သင်က တမူထူးခြားတဲ့သူတစ်ယောက်၊ လျို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး။ စူးစမ်းရှာဖွေရတာကို နှစ်သက်သူလေးပါ။

၅။ သစ်ခွပန်း

သင်က လူစုလူဝေးထဲရောက်တဲ့အချိန်တိုင်း လူတိုင်းအာရုံကို ဖမ်းစားတတ်တဲ့သူပါ။ သင်က ထူးခြားနေတတ်တယ်။ ဘာလို့လဲဆိုတော့သင်က အထက်တန်းဆန်တယ်။ ခေတ်မှီတယ်။ ဒါပေမဲ့သင်က ခင်တဲ့သူကိုပဲ ပေါင်းတတ်သူမို့ သင့်အကြောင်းလူတွေသေချာမသိကြပါဘူး။

၆။ နေကြာပန်း

ပျော်တတ်ပြီး တက်ကြွတဲ့ ကောင်မလေးရေ။ သင်အခန်းထဲဝင်လာတဲ့အချိန်တိုင်း လူတွေပျော်တာ မဆန်းပါဘူး။ သင်ဝမ်းနည်းတာကို မတွေ့ရသလိုပဲနော်။ ဘယ်အရာကမှ သင့်ရဲ့ အားအင်ပြည့်ပြီး လန်းဆန်းတဲ့စိတ်ကို မဟန့်တားနိုင်ပါဘူး။ သင့်ရဲ့ဘဝက ဘယ်လောက်ပဲခက်ခဲပါစေ နေရောင်ခြည်ရှိရာကို အမြဲမျက်နှာမော့ပြီး ရင်ဆိုင်နေသူပါ။

၇။ နှင်းပန်း

သင်ဟာ နှင်းပန်းကို ကြိုက်နှစ်သက်တာဆိုရင်တော့ သင်ဟာ စာနာတတ်သူပါ။ သူငယ်ချင်းတွေအကူအညီလိုချိန်ရောက်တိုင်း အမြဲကူညီတတ်သူပါ။ မိခင်စိတ်ရှိတယ် ကြင်နာတတ်တဲ့သင့်စိတ်ကြောင့် လူတွေက သင့်ကို အားကိုးတတ်ကြပါတယ်။ သင်ကလည်း လူတွေကိုကူညီပြီး ပြုံးပျော်နေတတ်သူလေးပေါ့။

၈။ ဒေစီပန်း

ဒေစီပန်းကြိုက်တဲ့သူလေးဆိုရင်တော့ အားအင်ပြည့်ဝနေသူပါ။ သင်က အမြဲပြုံးနေတတ်ပြီး လူတွေကို နွေးနွေးထွေးထွေးဆက်ဆံတတ်ပါတယ်။ သူငယ်ချင်းတွေက သင့်အတွက် အရေးပါသူတွေပါ။ သူတို့ဘာပဲဖြစ်ဖြစ် သူတို့အတွက် အမြဲသစ္စာရှိနေတဲ့သူတစ်ယောက်ပါ။

၉။ ဇော်မွှားပန်း

သင်က ရိုးရှင်းတဲ့ကောင်မလေးပါ။ ဘဝကိုပျော်အောင်နေတတ်တယ်။ ပြောင်းလဲမှုအကြီးကြီးတွေ မမျှော်လင့်တတ်သူပါ။ သင့်စတိုင်က ထူးခြားပြီး သီးခြားနေတတ်ပါတယ်။ လက်တွေ့ဆန်တဲ့ကောင်မလေးတစ်ယောက်ပါ။

၁၀။ ချယ်ရီပန်း

သင်က ချယ်ရီပန်းချစ်သူဆိုရင်တော့ သင်က ရိုးသားပါတယ်။ ဥာဏ်ကောင်းတယ်။ လူတိုင်းကို ခင်တတ်ပါတယ်။ သင်က ခင်ဖို့ကောင်းသူမို့ လူတွေက သင့်နားမှာ နေတာကို ပျော်ကြပါတယ်။

၁၁။ သဇင်ပန်း

Source: Steemit

သဇင်ပန်းကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူပါ။ မာနကြီးတယ်။ ရမ္မက်ကြီးပါတယ်။ စိတ်ကြီးတဲ့ကောင်မလေးတစ်ယောက်ပါ။

၁၂။ မေမြို့ပန်း

မေမြို့ပန်းကို ကြိုက်တဲ့သင်က အလုပ်လုပ်ရင် အာရုံစိုက်တတ်သူပါ။ လူတွေစကားပြောတဲ့အချိန် ဂရုတစိုက် နားထောင်တတ်သူလေးလည်းဖြစ်ပါတယ်။ စကားပြောကောင်းသူလည်းဖြစ်ပါတယ်။ သဘာဝကိုချစ်မြတ်နိုးသူတစ်ယောက်ပါ။

ကဲ…ပျိုမေတို့ သဘောကျတဲ့ပန်းက ဘယ်ပန်းများဖြစ်မလဲနော်။

Source: Pinterest