မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

စီးပွာရေး

အလုပ်  လုပ်ငန်းခွင်ထဲမှာ အရေးကြီးတဲ့ကိစ္စတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ သို့သော်လည်း ဘယ်လောက်ပင် ခက်ခဲပါစေ ကိုင်တွယ်ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

အချစ်ရေး

သင်ဟာ ရည်စားရှိတဲ့သူဆို လက်ရှိတွဲနေတဲ့လက်တွဲဖော်ထက် အရာအားလုံးသာတဲ့သူနဲ့တွေ့ဆုံရပါလိမ့်မယ်။ နောက်ပြီးအဲ့လူနောက်ကို စိတ်ယိုင်သွားဖွယ်ရာရှိပါတယ်။ ဒါ့ကြောင့်ဘာမှ မဆုံးဖြတ်ရသေးခင်မှာ စဉ်းစားပါ နောက်တမရချင်ရင်ပေါ့။

တစ်ကိုယ်တည်း သမားဆိုရင်တော့ အသစ်အဆန်းတစ်ခုကိုစလုပ်ကြည့်တာတို့ မသွားဖူးသေးတဲ့နေရာတွေကို ခရီးထွက်တာတို့ အဲ့လိုအလခါတွေမှာ ကိုယ့်ကို Single ဘဝမှ ကျွတ်လွတ်အောင်ကူညီပေးနိုင်မယ့် သူတစ်ယောက်ကို တွေ့ပါလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

စီးပွားရေး

အလုပ်မှာ သို့မဟုတ် စီးပွားရေး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ တိုက်ခိုက်နေကျရန်သူဟောင်းတွေ ပြသနာဖြစ်ဖူးတဲ့အရင်တုန်းကကိစ္စတွေကပဲ စိတ်အနှောက်အယှက်ပေးမှာဖြစ်ပါတယ်။ စိတ်ကိုရှင်းရှင်းလင်းလင်းထားပြီး ပေါ့ပေါ့ပါးပါးကိုင်တွယ်ရင်ဆိုင်လိုက်ပါ။

အချစ်ရေး

ရည်စားရှိတဲ့သူဆို အကြီးအကျယ်ကိစ္စနဲ့ ရန်ဖြစ်ကြရပါလိမ့်မယ်။

တစ်ယောက်တည်းသမားဆိုရင်တော့ အဆက်ဟောင်းတွေကပြန်ဆက်သွယ်လာပြီး အသစ်လေးတွေကလည်း ချည်းကပ်လာမှာဖြစ်လို့ စွံဖွယ်ရာရှိပါတယ်။ သို့ပေမယ့် အပျော်လွန်ပြီး တစ်ပြိုင်နက်တည်းတော့ Date မမိအောင်သတိထားသင့်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

စီးပွားရေး

အလုပ်ခွင်မှာ လက်ရှိကိုင်တွယ်ဖြေရှင်းနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အောင်မြင်မှုကြီးကြီး ခံစားရမှာဖြစ်ပါတယ်။ ခါတိုင်းထက်လည်း လုပ်ငန်းခွင်မှာမျက်နှာသာရပြီး လူချစ်လူခင်ပေါမှာ ဖြစ်ပါတယ်။

အချစ်ရေး

ချစ်သူရှိတဲ့သူဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ ပိုပေးနိုင်ပြီး Relationship ပိုမိုခိုင်မာလာစေနိုင်ပါတယ်။

တစ်ယောက်တည်းသမားတွေ အတွက်ကတော့ ကိုယ်နဲ့အနေနီးဆုံးသူနဲ့ ချစ်ကျွမ်းဝင်နိုင်လို့ ဘယ်သူလဲဆိုတာကြိုသိရအောင် အနီးကပ်ဆုံး ကိုယ်နဲ့ Gender မတူတဲ့သူရဲ့လှုပ်ရှားမှုကို ပိုပြီး အားရုံစိုက်စေချင်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာ မထင်မှတ်ထားတဲ့ အတိုက်အခိုက်တွေက သင့်ကို လျှက်တပြတ်တိုက်ခိုက်ပါလိမ့်မယ်။ သို့ပေမယ့် သင်ဟာ ကိုယ့်ကိုကိုယ်သာ ယုံကြည်မှုရှိရင် ဘယ်လိုအခြေအနေမျိုးကို မဆို ဖြေရှင်းနိုင်ပါလိမ့်မယ်။

အချစ်ရေး

သင်ဟာ ရည်စားရှိတဲ့သူဆိုရင် ကွဲဖို့ရာခိုင်နှုန်းများပါတယ်။ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့မဟုတ်ပဲ အခြားသောအကြောင်းကိစ္စတွေကြောင့် တစ်နေရာစီ ကွာဝေးသွားမှာမျိုးဖြစ်ပါတယ်။

တစ်ကိုယ်တည်းသမားတွေကတော့ အချစ်ဆိုတာကို မရှာချင်လောက်အောင် တစ်ခြားသောပျော်ရွှင်မှုတွေကို ခံစားရမှာဖြစ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာ အထက်လူကြီးရဲ့ မျက်နှာသာပေးတာကို ခံရမှာဖြစ်ပြီး စီးပွာရေးနဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်ပြီးလုပ်တဲ့ အရာတိုင်းမှာ အောင်မြင်မှုရရှိမှာလည်းဖြစ်ပါတယ်။

အချစ်ရေး

ရည်စားရှိတဲ့သူတွေဆို အနာဂတ်ကိုလျှောက်လမ်းဖို့အတွက် စီစဉ်ထားတဲ့အရာတွေရဲ့ လမ်းတဝက်ကိုရောက်ရှိနိုင်ပြီး အတူလက်တွဲနိုင်ဖို့ခွင်အားတွေပိုရလာနိုင်မှာဖြစ်ပါတယ်။

တစ်ယောက်တည်းသမားဆိုရင်တော့ Single ဘဝမှကျွတ်နိုင်ဖွယ်ရာရှိသော်လည်း Relationship အဖြစ်ကူးပြောင်းခြင်းမဟုတ်ပဲ အပျော်ကြံသူများနှင့်သာ တွေ့ရပါလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

စီးပွားရေး

စီးပွာရေးမှာ စီစဉ်ထားသမျှပျက်စီးမယ့်အပြင် လုပ်ငန်းခွင်မှာဖြစ်စေ ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်စေ ပြိုင်ဆိုင်မှုတွေနဲ့ တွေ့ကြုံရမှာဖြစ်ပါတယ်။

အချစ်ရေး

Relationship ရှိတဲ့သူဆိုရင်တော့ တစ်ဖက်လူရဲ့သစ္စာဖောက်မှုကိုခံရမှဖြစ်ပါတယ် သို့ပေမယ့် သင်ဟာ အချစ်ကို စိတ်ပျက်သွားမှာမဟုတ်ပဲ ဆက်လက်ရှာဖွေဦးမှာပါ။

Single ဆိုရင်တော့ အရင်ကတွဲခဲ့တဲ့သူတွေဟာ သင့်ဆီပြန်လာမှာဖြစ်ပြီး အသစ်လေးတွေလည်းဝိုင်းလာပါလိမ့်မယ်။ သို့ပေမယ့်သင်ဟာ ဘယ်သူကိုရွေးချယ်ရမှန်းမသိ အကျပ်ရိုက်တဲ့အခြေအနေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာဆို အဆက်မပြတ် အခိုင်းခံရမှာဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးသမားဆိုရင်တော့ လူယုံသတ်တာကို ခံရပါလိမ့်မယ်။ ဘယ်အရာကိုမဆို သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းလိုက်ပါ။

အချစ်ရေး

ရည်းစားရှိတဲ့သူဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်အခက်အခဲကိုမဆို အတူတကွ ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။

တစ်ယောက်တည်းသမားဆိုရင်တော့ ကိုယ့်ထက်အသက်ငယ်တဲ့သူရဲ့ Crush တာကိုခံရမှာဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာ အဆင်မပြေဖွယ်နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့ရနိုင်သော်လည်း ကောင်းမွန်တဲ့ ရလဒ်တွေကိုနောက်ဆက်တွဲ ခံစားရပါလိမ့်မယ်။

အချစ်ရေး

Relationship နဲ့သူဆိုရင် ချစ်သူနဲ့အတူ အသစ်သစ်သော ပျော်ရွှင်မှုတွေကို ခံစားရမှာဖြစ်ပါတယ်။

Single ဆိုရင်တော့ Ex ကပြန်လာနိုင်ဖွယ်ရာရှိပါတယ်။ သို့ပေမယ့် ဆုံဖြတ်ချက်မှန်ကန်အောင် သတိပြုသင့်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

စီးပွားရေး

လက်ရှိအလုပ်ထက်ပိုမိုကောင်းမွန်တဲ့ အလုပ်ကိုရှာတွေ့နိုင်မှာဖြစ်ပြီး မတူညီတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သိုပေမယ့် အချိန်တိုအတွင်းမှာပဲ အသားကျသွားပါလိမ့်မယ်။

အချစ်ရေး

ချစ်သူရည်စားရှိတဲ့သူဆိုရင် ဒီတစ်ပတ်အတွင်း ကိုယ့်ရည်းစားကို ဂရုမစိုက်နိုင်ပဲ လူမှုရေးအရာတွေနဲ့ အလုပ်ရှုပ်နေပါလိမ့်မယ်။ အချစ်ရေးမှာ အနည်းငယ်ပြဿနာတက်နိုင်ဖွယ်ရာရှိပါတယ်။

တစ်ယောက်တည်းသမားဆိုရင်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းဆန်ဆန် တစ်ခြားသူရဲ့အချစ်ဇာတ်လမ်းထဲမှာ ဗီလိန်နေရာမှ ခေတ္တသရုပ်ဆိုင်ဖို့ရာ အကြောင်းဖန်လာပါလိမ့်မယ်။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာဆို ကိုယ်နဲ့ပြိုင်ဖက်လူက ကိုယ့်အောင်မြင်မှုကို လုသွားတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားဆိုရင်တော့ အခက်အခဲတွေ တစ်လှေချည်းဝင်လာနိုင်ဖွယ်ရာ ရှိပါတယ်။

အချစ်ရေး

Relationship ရှိတဲ့သူဆိုရင် အကြီးအကျယ်ရန်ဖြစ်ပြီး စိတ်မထိန်းနိုင်ပါက ကွဲကွာသွားဖို့အလားအလာရှိပါတယ်။

Single သမားတွေအတွက်ဆို ကိုယ် Crush နေတဲ့သူက ရည်းစားရသွားလို့ ရင်နာနာနဲ့ စွန့်လွှတ်လိုက်ရပါလိမ့်မယ်။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

စီးပွားရေး

အလုပ်တာဝန်ပိနိုင်ဖွယ်ရာရှိသော်လည်း ကျော်လွှားနိုင်ပါက ထိုက်တန်တဲ့ ဆုလဒ်ကသင့်ကို စောင့်ကြိုနေမှာဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွာရေးသမားဆိုရင် ပြိုင်ဖက်ကကိုယ့်ထက် ဈေးကွက်မှာအောင်မြင်သွားနိုင်ဖွယ်ရာရှိလို့ သတိအကြီးကြီးထားသင့်ပါတယ်။

အချစ်ရေး

လက်တွဲဖော်ရှိတဲ့သူဆိုရင် ရှေ့ဆက်မယ့် အချစ်လမ်းခရီး ပိုမို ခိုင်မာလာစေဖို့ ရန်အနည်းငယ်ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ ဘယ်ကိစ္စကိုမဆို တစ်ဦးနဲ့ တစ်ဦး ပိုမိုပွင့်လင်းစွာ ဆွေးနွေးနိုင်လာပါလိမ့်မယ်။

တစ်ကိုယ်တည်းသမားဆိုရင်တော့ Relationship ရှိပြီးသားသူနဲ့ ငြိစွန်းနိုင်ဖွယ်ရာရှိပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

စီးပွားရေး

ကိုယ်ကြိုးကြိုးစားစား လုပ်ထားသမျှဟာ ရလဒ်ကောင်းကောင်းနဲ့ အဆင်ပြေအောင်မြင်မှာဖြစ်တဲ့အပြင် အလုပ်ခွင်မှာ ရာထူးတိုးပြီး စီးပွားရေး အလားအလာကောင်းမွန်နိုင်ပါတယ်။

အချစ်ရေး

Relationship ရှိတဲ့သူဆိုရင် အချစ်စစ်တို့ရဲ့သဘောသဘာဝအရ ဆူးငြောင့် ခလုတ်တွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Single ဆိုရင်တော့ လူချစ်လူခင်ပေါတဲ့အပြင် ကိုယ့်ကိုဝိုင်း Crush တဲ့သူတွေ ကြိုက်တဲ့သူတွေများလာသော်လည်း သင်ဟာ အပူပင်ကင်းစွာ တစ်ယောက်တည်းနေရတာကိုပဲ ရွေးချယ်ပါလိမ့်မယ်။