မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

စီးပွာရေး

သင့်အလုပ်ရှင် သင့်ကို အထင်ကြီး အားကိုးလာလောက်မယ့် အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုကို လုပ်ပေးနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားနဲ့သူဆိုလည်း ချောချောမွေ့မွေ့နဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရစေမယ့် အပြင် အလုပ်ရှာနေတဲ့သူဆို ကိုယ်နဲ့ သင့်တော်ပြီး လစာကောင်းတဲ့ အလုပ်ကို ရနိုင်မှာ ဖြစ်ပါတယ်။

အချစ်ရေး

Relationship ရှိသူဆို  အရင်က အချင်းချင်းနားလွယ်မှု လွဲခဲ့တဲ့ အစိုင်အခဲတွေကို ဖြေရှင်းဖို့ သင့်တော်တဲ့ အချိန်ပါပဲ။

Single ဆိုလည်း ကိုယ်ထက် အသက်ကြီးရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့သူက သင့်ကို တစ်ကိုယ်တည်းဘဝမှ လွတ်မြောက်ဖို့ ကူညီပါလိမ့်မယ်။

 

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

စီးပွားရေး

လုပ်ငန်းခွင်ထဲမှာ အရင်ကဖြေရှင်းခဲ့ဖူးတဲ့ ပြဿနာဟောင်းတွေကို ပြန်လည်ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဘယ်လို အခက်အခဲတွေရှိရှိ ကောင်းမွန်တဲ့ နည်းလမ်းကို ရှာတွေပြီး ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

အချစ်ရေး

ချစ်သူရှိတဲ့သူ ဆိုအရင်ထက်ပိုပြီး အချစ်ခံရမှာ ဖြစ်ပြီး တစ်ကိုယ်တည်းသမားဆိုရင်တော့ ကိုယ်နဲ့ အဖက်ဖက်မှာ ကိုက်ညီတဲ့ လက်တွဲဖော်ကိုရရှိမှာပါ အဲ့ဒီ အခါကျရင် ရဲရဲဝံ့ဝံ့နဲ့ ဖွင့်ဟဝင်ခံတတ်ဖို့ပဲလိုပါတယ်။

 

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

စီးပွားရေး

အလုပ်သစ်ကို ခုန်ရပါလိမ့်မယ် သို့ပေမယ့် နေရာအသစ်မှာလည်း အဆင်ပြေမှာပါ။ ကိုယ့်အတွက် မတိုးတက်မယ့်နေရာမှာ နေမယ့်အစား အတွေ့အကြုံအသစ်နဲ့ ဖြစ်ထွန်းစေတဲ့ နေရာတစ်ခုက သင့်ကိုစောင့်ကြိုနေမှာပါ။

အချစ်ရေး

ရည်စားရှိတဲ့သူဆို အချင်းချင်းအရင်ကထက် ပိုပြီးအချိန်ပေးနိုင်ဖို့ အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

Single ဆိုရင်တော့ ကိုယ်အကြိုက် Ideal Type ကို ရှာတွေ့ပြီး တစ်ကိုယ်တည်းဘဝမှ လွတ်မြောက်နိုင်မှာမို့ ဒီရက်ပိုင်းအတွင်း မျက်စိ လျင်လျင်ထားကြပါ။

 

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကိုယ်ပိုင်စီးပွားရေးမှာပဲ ဖြစ်ဖြစ် အဆင်မပြေမှုများကို ရင်ဆိုင်ရမှာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ပဲ အချိန်မှီလေးအဖြေရရှိမှာ ဖြစ်ပါတယ်။ အဆိုးဆုံးမှ အကောင်းဆုံးသို့ ကူပြောင်းနိုင်လို့ အခြေအနေတိုင်းကို လက်ခံတတ်ဖို့ စိတ်ကိုပြင်ဆင်ထားနိုင်ရင် ပိုကောင်းပါလိမ့်မယ်။

အချစ်ရေး

ချစ်သူ ရည်းစားရှိသူဆို နှစ်ယောက်စလုံးပေါင်းစပ်ဖို့ ရှေ့ရေးအတွက်ရည်ညွန်းပြီး ဒီရက်ပိုင်းလုပ်တဲ့ အရာတိုင်းအဆင်ပြေမှာပါ။

တကယ်လို့သင်ဟာ အချစ်ကိုကြောက်ပြီး တစ်ကိုယ်တည်းသမားဖြစ်နေတဲ့သူဆိုရင်တော့ သင့်ရဲ့ နှလုံးသား ဒဏ်ရာကိုကုစားပြီး လစ်ဟာနေတဲ့နေရာကို ဖြည့်ပေးနိုင်မယ့်သူကို တွေ့ပါလိမ့်မယ်။

 

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်ထဲမှာ ကိုင်တွဲဖြေရှင်းရမယ့် အလုပ်တာဝန်တွေ ဘယ်လောက်ပဲ ပိလာပါစေ ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒီရက်ပိုင်းစိတ်အေးအေး ထားပြီးဖြည်းဖြည်းနဲ့ မှန်မှန်လုပ် တတ်ဖို့ပါပဲ။

အချစ်ရေး

Relationship နဲ့သူဆို စိတ်ကောက် စကားများကြပေမယ့် ရိုမန်းတစ်ဆန်ဆန်ပြန်ပြီး အချော့ခံရမှာဖြစ်ပါတယ်။

Single တွေအတွက် ကတော့ ကိုယ့်ကိုချူစားချင်တဲ့သူတွေဟာ အနားကို လာကပ်နိုင်လို့ ချေထားဖို့လိုပါ လိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

စီးပွားရေး

အလုပ်ခွင်မှာ ရာထူးတိုးနိုင်ချေရှိပြီး တစ်ခြားသူများရဲ့ အလေးပေးမှု အထင်ကြီးမှုတွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

အချစ်ရေး

ရည်စားရှိသူဆို ဘယ်လို အခက်အခဲပဲ ရင်ဆိုင်ရပါစေ အတူလက်တွဲပြီး အဆင်ပြေပြေနဲ့ပဲ ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

တစ်ကိုယ်တည်းသမားဆိုရင်တော့ ရည်စားဟောင်းတွေက ကိုယ့်ဆီပြန်လာနိုင်ချေ ရှိပါတယ်။

 

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

စီးပွားရေး

အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရေမြေခြားကို သွားရောက်ခါ အလုပ်လုပ်ရပါလိမ့်မယ်။ သို့ပေမယ့်လည်း တောင့်ခံနိုင်ရင် အချိန်အနည်းငယ်တည်းနဲ့ နေသားကျမှာ ဖြစ်ပါတယ်။

အချစ်ရေး

Relationship နဲ့သူဆို ဒီရက်ပိုင်းမကြာခဏ ရန်ဖြစ်နိုင်ချေရှိလို့ ကိုယ်ကတစ်ဖက်လူကို အရမ်းချစ်တယ်ဆို အလျှော့ပေးဖို့ စဉ်းစားထားပါ။

Single တွေအတွက်တော့ လိုတာမရ ရတာမလိုတဲ့ အဖြစ်မျိုးနဲ့ အထီးကျန်ရဦးမှာပါ။

 

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာ သင့်ကို အလုပ်ရှင်က လတ်တလောပေးအပ်ထားတဲ့ အလုပ်တာဝန်ကို အောင်မြင်စွာ ကျော်လွှားနိုင်မှာ ဖြစ်ပြီး ကို်ယ်ပိုင် စီးပွားရေးသမားဆိုလည်း ပိုပြီးအောင်မြင်စေမယ့် လမ်းစကိုတွေ့ရှိရပါလိမ့်မယ်။

အချစ်ရေး

ရည်စားရှိတဲ့သူတွေ အတွက်တော့ ဒီရက်ပိုင်း ဘာပြဿနာမှ မရှိပဲ အေးချမ်းစွာနေနိုင်မှာဖြစ်ပြီး Single ဖြစ်တဲ့သူတွေ အတွက်ကတော့ ရေမြေခြားမှာ နေတဲ့သူနဲ့ တစ်နေရာမှာသွားဆုံပြီး ချစ်သူဖြစ်နိုင်ချေရှိပါတယ်။

 

 

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

စီးပွားရေး

အလုပ်မှာ တစ်ခြားသူ ကုန်းချောလို့ လုပ်ငန်းခွင် စည်းမျည်းစည်းကမ်းနဲ့ ငြိစွန်းပြီး ဒုက္ခတွေ့နိုင်ချေရှိပါတယ်။ ဒီရက်ပိုင်းအတွင်း အစစအရာရာမှာ သတိထားဖို့လိုပါတယ်။

အချစ်ရေး

Relationship ရှိသူဆို ပညာရေးအရပဲ ဖြစ်ဖြစ် အလုပ်ကိစ္စအတွက်ပဲ ဖြစ်ဖြစ် LDRS ခေတ္တဖြစ်ပါလိမ့်မယ်။

Single တွေအတွက် သတင်းကောင်း ကတော့ ဒီရက်ပိုင်းအတွင်း လာကပ်တဲ့သူတွေကို ခါချနေရမယ့် အခြေအနေ ကိုရောက်ရှိမှာဖြစ်ပါတယ်။

 

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင်မှာ ဒီရက်ပိုင်း ဘာအတားအဆီး အနှောက်အယှက်မှ ထွေထွေထူးထူး မရှိပဲ ပုံမှန်ပဲ သွားနေပါလိမ့်မယ်။

အချစ်ရေး

Relationship နဲ့သူဆို ဒီရက်ပိုင်းအတွင်း မထင်မှတ်ထားတဲ့ အရာက ကိုယ်နဲ့ ကိုယ်ချစ်သူကြားမှာ မုန်းတိုင်းထန်ပါလိမ့်မယ်။

Single သမားကတော့ ကိုယ့်နဲ့ မကြာသေးခင်ကပြတ်သွားတဲ့ ရည်စားဟောင်းက အသစ်တွေ့သွားလို့ အသည်းကွဲနိုင်ချေရှိပါတယ်။

 

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

စီးပွားရေး

အလုပ်ထဲမှာ ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဦးဆောင်ရမယ့် အခွင့်အရေးကိုရနိုင်မှာ ဖြစ်ပြီး အကောင်းဆုံးလုပ်နိုင်ပါက ရာထူးတိုးနိုင်ချေရှိပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူ အတွက်ကတော့ ကိုယ့်လုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ့် အဆက်အသွယ်တွေရရှိပါလိမ့်မယ်။

အချစ်ရေး

Relationship နဲ့ဆို ဒီရက်ပိုင်း ကိုယ့်ချစ်သူရဲ့ သံသယဝင်တာကို ခံရမှာဖြစ်ပါလို့ ဘယ်အရာမှာမဆို အနေအထိုင်ဆင်ခြင် သင့်ပါတယ်။

Single ဖြစ်နေရင်တော့ ကိုယ့်အပေါ်ကောင်းတဲ့သူ အချစ်စစ်နဲ့ တွေ့နိုင်ချေရှိပါတယ် ပြုန်းစားကြီးပေါ်လာပေမယ့် လက်ခံတတ်တဲ့ဖို့ပဲ လိုပါတယ်။

 

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

စီးပွားရေး

လုပ်ငန်းခွင် အတွင်းမှာသင်ဆုံးဖြတ်သမျှ သင်ပေးတဲ့ အကြံဥာဏ်ဟာ အောင်မြင်ပါလိမ့်မယ်။ ကိုယ်အထက်လူကြီး ကအားကိုးပြီး သဘောကျတဲ့ အခြေအနေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

အချစ်ရေး

ချစ်သူ ရည်းစားရှိတဲ့သူဆို တစ်ခြားသောအရာတွေက ဝင်နှောက်ပြီး Relationship ပြတ်တောက်နိုင်ချေရှိလို့ စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းတတ်ဖို့လို ပါတယ်။

Single တွေအတွက်တော့ Date ရမယ့်သူတွေရှိသောလည်း အလုပ်ကိစ္စ မိသားစုကိစ္စတွေနဲ့ အချစ်ရေးအတွက် ပေးဖို့ အချိန်တောင်ရမှာမဟုတ်ပါဘူး။