မိန်းကလေးတိုင်းက အလှအပနဲ့ ပတ်သက်လာရင် အမြဲတမ်းပြီးပြည့်စုံတဲ့ အလှအပကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါ့ကြောင့်လည်း ထွက်သမျှ အလှကုန် ပစ္စည်းတွေ ဝယ်စုရ အင်္ကျီဖက်ရှင်အသစ်တွေကိုလည်း ဝယ်ရနဲ့ မိမိကိုယ်ကိုလှပအောင် ဆင်မြန်းကြပါတယ်။

ဒါဆိုရင် အမျိုးသားတွေကို ဆွဲဆောင်တဲ့အမျိုးသမီးတွေရဲ့အလှအပကရော ဘာတွေများဖြစ်မလဲဆိုတာ အတူတူဖတ်ကြည့်ရအောင်နော်။

ရေမွှေးနံ့

အမျိုးသားတွေက မိန်းကလေးတစ်ယောက်ရဲ့ရေမွှေးနံ့ကို အာရုံစိုက်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ ရေမွှေးနံ့လေးက သူတို့ကို အမှတ်ရနေစေလို့ပါပဲ။ ဒါပေမဲ့ ရေမွှေးအလွန်အကျွံဆွတ်တဲ့ မိန်းကလေးကိုလည်း မကြိုက်ကြပြန်ပါဘူး။

လက်သည်းပုံဖော်ထားပုံ

မိန်းကလေးတွေ လက်သည်းပုံဖော်ထားတာကို အမျိုးသားတွေက သိပ်အာရုံမထားတတ်ကြပါဘူး။ အမျိုးသားတွေက လက်သည်းအရှည်ကြီးတွေ လက်သည်းအရောင်တောက်တောက်ကြီးတွေကိုလည်း မကြိုက်ကြပါဘူး။ လက်သည်းလေးက သန့်သန့်ရှင်းရှင်းဖြစ်နေဖို့ကသာ အဓိကပါ။ လက်သည်းဆိုးဆေး Nude အရောင်လေးတွေ၊ သဘာဝဆန်တဲ့အရောင်လေးတွေကိုသာ ကြိုက်နှစ်သက်ကြပါတယ်။

မျက်ခုံးမွှေး

မျက်ခုံးမွှေးကို ထူပိန်းနေအောင် သိသိသာသာမဆွဲထားပဲ သဘာဝအတိုင်းလှပနေတဲ့မျက်ခုံးမွှေးများကိုသာ သဘောကျကြပါတယ်။

မျက်တောင်

မျက်တောင်တုတွေတပ်ခြင်းက မိန်းကလေးတစ်ယောက်ကို လှပအောင် ကူညီပေးနိုင်ပေမယ့် သဘာဝမျက်တောင်လေးကိုသာ သဘောကျကြပါတယ်။

မိတ်ကပ်

မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာလည်း သဘာဝဆန်ဆန်လိမ်းခြယ်ထားခြင်းကိုသာ အားပေးကြပြီး အရောင်ကြောင်ကြောင်ကျားကျား နှုတ်ခမ်းနီများက သဘာဝမကျတဲ့အတွက်ကြောင့် မကြိုက်ကြပါဘူး။

ဝက်ခြံနဲ့ အဖုအပိမ့်များ

အမျိုးသားများက သင့်မျက်နှာပေါ်က ဝက်ခြံကိုမြင်ကောင်းမြင်နိုင်ပေမယ့် အာရုံထဲတော့ မထားကြည့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ ဝက်ခြံဆိုတာ ဒီနေ့ပေါက်ပြီး မနက်ဖြန်ပျောက်တယ်ဆိုတာ သိကြလို့ပါပဲ။ ဒါပေမဲ့ ဝက်ခြံအလွန်အကျွံပေါက်နေရင်တော့ ဒီမိန်းကလေးက သူ့အသားအရေကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိဘူးလို့ ထင်တတ်ကြပါတယ်။

ချောမွေ့မှုမရှိသော ခြေထောက်

မိန်းကလေးတစ်ယောက်ရဲ့ ခြေထောက်က ချောမွေ့နေရမယ်လို့ သူတို့က မယူဆတဲ့အတွက်ကြောင့် ဒါကလည်း ပြဿနာကြီးကြီးမားမား တစ်ခုမဟုတ်ပါဘူး။

ခေါင်းမလျှော်ထားသော ဆံပင်

အကြာကြီးနေလို့မှ ခေါင်းတစ်ခေါက်မလျှော်တာကြောင့် ဆံပင်ကဆီအလိမ်းလိမ်းနဲ့ ပေပွနေတာမျိုးက မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။ နေ့တိုင်းခေါင်းလျှော်ရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ ခေါင်းမလျှော်ထားလည်း ဆံကေသာသပ်သပ်ရပ်ရပ်ဖြစ်နေဖို့ပဲ လိုတာပါ။

ကြေမွနေသော အင်္ကျီ

မီးပူမတိုက်ထားဘဲ တွန့်ကြေနေတဲ့အဝတ်အစားဝတ်ဆင်ထားတဲ့ မိန်းကလေးများက ဆွဲဆောင်မှုမရှိဘူးလို့ ယူဆကြပါတယ်။

Source: Brightside.me