အချစ်ဆိုတာ လုပ်ယူလို့မရသလို လူတစ်ယောက်ကို ချစ်မိသွားအောင်လည်း လုပ်ယူလို့မရပါဘူး။ လူတစ်ယောက်ကို နက်နက်နဲနဲ ချစ်မိသွားပြီဆိုရင်လည်း မေ့ပစ်ဖို့ခက်ခဲလှပါတယ်။ ကိုယ်ကချစ်လို့ သူက ပြန်ချစ်တာ ကိစ္စမရှိပေမယ့် ကိုယ်ကအရမ်းချစ်ပြီး သူက ကိုယ့်ကို ပြန်မချစ်နိုင်တဲ့အခါ ဘယ်လိုလုပ်မလဲ။

ဒီလိုအခြေအနေမျိုးကို တချို့သူတွေမှာ ကြုံရတတ်ပါတယ်နော်။ အဲဒီအခါ ကိုယ့်ကို ပြန်မချစ်နိုင်တဲ့ သူတစ်ယောက်ကိုကိုယ့်အနေနဲ့လည်း မချစ်တော့အောင် ဘယ်လိုနေမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ သင့်ကို မလိုအပ်ဘူး (သို့) ပြန်မချစ်နိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံလိုက်ပါ။

လက်မခံနိုင်တာဟာ သင့်ကို ပိုပြီးနာကျင်စေပါတယ်။ ဒါ့ကြောင့် သူ သင့်ကို ပြန်မချစ်နိုင်ဘူးဆိုတာကို လက်ခံလိုက်ပါ။

၂။ အာရုံပြောင်းပါ။

သူနဲ့ အမြဲတမ်း တွေ့နေတဲ့နေရာ ၊ သူနဲ့အမြဲတမ်း ဆုံနိုင်တဲ့ နေရာကနေ ခဏလောက် ထွက်လာခဲ့ပါ။ အာရုံပြောင်းအောင် ခရီးသွားတာမျိုး လုပ်နိုင်ပါတယ်။

၃။ သင်နဲ့ အလားတူ အခြေအနေမျိုးရှိတဲ့သူနဲ့ တွေ့ဆုံပါ။

သင့်လိုမျိုး အလားတူ ပြဿနာမျိုး အခြေအနေမျိုးရှိတဲ့ သူကိုရှာပါ။ တွေ့ဆုံပြီး စကားပြောကြည့်ပါ။

၄။ သင့်ကိုယ်သင် ဂရုစိုက်ပါ။

သင့်ကိုယ် သင်ပိုပြီးဂရုစိုက်ပါ။ သင့်ရဲ့ ကျန်းမာရေးကိုရော အလှအပကိုရော ဂရုစိုက်ပေးပါ။ ဈေးဝယ်ထွက်ပါ။ ဆံပင်ပုံပြောင်းပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။

သင့်ရဲ့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော သင့်ရဲ့ စိတ်ခံစားချက် အပြောင်းအလဲအတွက်ပါ လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာဟာ သင့်ရဲ့ မကောင်းတဲ့ အတွေးတွေ စိတ်ကူးတွေကို ပြောင်းလဲစေပါတယ်။

၆။ စိတ်ကူးယဉ်တာကို ထားခဲ့လိုက်ပါ။

မဖြစ်နိုင်တာကို စိတ်ကူးယဉ်တာတွေကို ထားခဲ့လိုက်ပါ။

၇။ စိတ်မဆိုးပါနဲ့

သင့်ကို သူပြန်မချစ်နိုင်ပေမယ့် စိတ်ဆိုး ဒေါသထွက်မနေပါနဲ့။ သင့်ကိုယ် သင်လည်း မမုန်းပါနဲ့နော်။