ကိုယ်ချစ်ရတဲ့သူက ကိုယ်နဲ့အတူမရှိတဲ့အချိန်တွေမှာတောင် ကိုယ့်ကိုသတိတရရှိနေတယ်ဆို သိပ်ကောင်းတာပေါ့နော်။ ဘယ်သူမဆို ဖြစ်စေချင်တဲ့ အရာပေါ့။

တစ်ဖက်လူကိုယ့်ကို သတိတရရှိခြင်း၊ မရှိခြင်းက သင့်လုပ်ရပ်တွေ၊ အပြုအမူတွေပေါ်မှာပဲ မူတည်ပြီးကွဲပြားသွားတာပါ။

၁။ အကောင်းတွေနဲ့ပဲ အဆုံးသတ်ပါ

Source: Social Prime

လူတစ်ယောက် ကိုယ့်ကိုနောက်တစ်ခေါက်ပြန်တွေ့ချင်ဖို့ဆိုတာက အဲဒီလူရဲ့စိတ်ထဲ အမှတ်တရကောင်းတွေ ထင်ကျန်နေမှဖြစ်မှာပါ။ ဒါကြောင့် နှစ်ယောက်သားလူချင်းတွေကြတဲ့အခါမျိုးမှာ တစ်ဖက်လူက ကိုယ့်ကိုနောက်တစ်ခေါက်တွေ့ချင်လာအောင်ဆိုရင် အမှတ်တရကောင်းတွေကိုသာ ဖန်တီးပေးတတ်ဖို့လိုပါတယ်။ မုန်းတိုင်းတွေကြီးပဲ အမြဲထန်နေမယ်ဆိုရင်တောင် အဆုံးသတ်မှာလေပြေလေးပြန်ခေါ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။

၂။ ဖြည့်ဆည်းပေးပါ

Source: iStock

ယောကျာ်းလေးတွေက သူ့တို့အပေါ်လေးစားမှုရှိတဲ့ မိန်းကလေးတွေကိုမှပိုပြီး စိတ်စွဲတတ်ကြပါတယ်။ သူ့ကြောင့်သင်ပျော်ရွှင်ခဲ့ရဖူးတာတွေရှိလား။ သူ့ကိုပေးသိလိုက်ပါ။ jean ဘောင်းဘီနဲ့ ကြည့်ကောင်းနေတဲ့ယောကျာ်းမျိုးလား။ သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါ။ ပျော်ရွှင်အောင်ထားပါ။ မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူနားမှာဆို စိတ်ဆင်းရဲနေရလည်းနေနိုင်ပေမဲ့ ယောကျာ်းလေးတွေကတော့ သူတို့စိတ်ပျော်ရွှင်မှုရှိမှသာ နေနိုင်ကြပါတယ်။

၃။ ကိုယ့်ဘဝနဲ့ ကိုယ်နေပါ

Source: bonobology.com

ယောကျာ်းလေးတွေက ချစ်သာချစ်တာပါ။ သူတို့အပေါ်အမြဲတွယ်ကပ်ပြီး သူတို့နားတစ္ဆေလိုအမြဲရှိနေတဲ့သူမျိုးကိုတော့ မနှစ်သက်ကြပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ်နေပြီး ရည်မှန်းချက်မပျောက်တဲ့ မိန်းကလေး၊ ဘဝတိုးတက်လမ်းအတွက် ကြိုးစားနေတဲ့မိန်းကလေးမျိုးကိုသာ အထင်ကြီးလေးစားပြီး နှစ်သက်ကြပါတယ်။ သူတို့ရွေးချယ်မှုတွေကိုလေးစားမှုရှိပြီး အနှောင်အဖွဲ့ကင်းကင်းနဲ့နေထိုင်ချင်ကြသူတွေလည်းဖြစ်ဖို့ အရမ်းအကျပ်မကိုင်မိပါစေနဲ့။

၄။ ဟင်းချက်တတ်မယ်ဆို

Source: Framepool – Framepool & RightSmith Stock Footage

သင်သာ ဟင်းချက်တတ်မယ်ဆို အလိုလိုနေရင်း အမှတ်ကောင်းကောင်းရနေပါပြီ။ သူဘာအစားအစာလေးတွေ ကြိုက်တတ်လဲလိုက်မှတ်ထားပြီး ချက်ကျွေးကြည့်ပါ။

၅။ ပွင့်လင်းမှုရှိပါစေ

Source: LovePanky

အမြဲဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ၊ တောင်ကောက်လိုက်၊ မြောက်ကောက်လိုက်နဲ့ ဖြစ်နေတဲ့မိန်းကလေးမျိုးကိုဆို ချစ်တယ်ဆိုရင်တောင် အမြဲတစေသတိရချင်တဲ့စိတ်မရှိတော့ပါဘူး။ ဒါကြောင့် အစတည်းကပွင့်ပွင့်လင်းလင်းနေပါ။ ဘာဖြစ်ချင်တယ်။ ကိုယ်ဘယ်လိုပုံစံမျိုး လိုချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။ တောင်းဆိုတာတွေက အဓိပ္ပာယ်ရှိပြီး တစ်ဖက်သူလိုက်လုပ်ပေးနိုင်တဲ့ ဘောင်အတွင်းမှာရှိဖို့တော့ လိုပါမယ်။

Featured image source: Fustany