အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ချိုင်းမွေးရိတ်စရာမလိုဘဲ နူးညံ့ချောမွေ့တဲ့ ချိုင်းကြား အသားအရေလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ချိုင်းမွေးပေါက်တဲ့နှုန်းလည်း နည်းလာပြီး ချိုင်းကြားအသားအရေကို နူးညံ့ချောမွေ့စေမှာဆိုတော့ စာဖတ်သူတို့လည်း သဘောကျကြမယ်လို့ ယုံကြည်ပါတယ်နော်။

၁။ သကြားနဲ့ သံပယိုရည်

သံပယိုရည်ပဲ သုံးသုံး၊ သံပရာရည်ပဲသုံးသုံးရပါတယ်။ သကြား ၁ ခွက်၊ ပျားရည် ခွက် ၁/၄ ပုံ၊ သံပယိုသီး တစ်ခြမ်း အရည်ညှစ်လိုက်ပြီး အတူတူမွေလိုက်ပါ။

ပြီးရင်တော့ Microwave နဲ့ ၂ မိနစ်လောက် အပူပေးလိုက်ပါ။ ပြီးရင် စက္ကန့် ၂၀၊ ၃၀ လောက် မွေပေးပြီး အေးအောင်ထားလိုက်ပါ။ ချိုင်းကိုရေသေချာဆေးပြီး လိမ်းပးလိုက်ပါ။ အဲဒီနောက် နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၂။ နနွင်းနဲ့ ပွဆေး (မုန့်ဖုတ်ဆိုဒါ Baking Soda)

နနွင်းတစ်ဆ၊ ပွဆေး နှစ်ဆ ရောလိုက်ပြီး ရေနည်းနည်းနဲ့ရောလိုက်ပါ။ ပြီးရင် ချိုင်းကြားမှာလိမ်းပေးလိုက်ပြီး ခြောက်အောင်ထားလိုက်ပါ။ အဲဒီနောက် ရေသေချာဆေးချလိုက်ပြီး Moisturizer လိမ်းပေးလိုက်ပါ။

၃။ နနွင်းနဲ့ နို့

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း နဲ့ နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောလိုက်ပြီး ချိုင်းကြားမှာလိမ်းပေးလိုက်ပါ။ မိနစ် ၂၀- ၃၀ လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်ခြောက်အောင်သုတ်ပေးလိုက်ပါ။

Source: www.brightside.me

By: MyStyle Myanmar