လောကမှာ အပေးနဲ့အယူဆိုပြီး နှစ်မျိုးတည်းရှိတာပါ။ ကိုယ့်ဘက်ကဘာမှမပေးဆပ်ချင်ဘဲနဲ့တော့ တခြားဘက်ကအကောင်းတွေချည်းမျှော်လင့်နေလို့ မရပါဘူး။ ဟိုဘက်ကပေးဆပ်ခဲ့သည့်တိုင် ဒီအရာကမျှတမှုမရှိနေပါဘူး။

တစ်ချိန်မှာ ဒါတွေကြောင့်အဖုအထစ်မဖြစ်လာနိုင်ပါဘူးလို့လည်း ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ သင်သာလူတစ်ယောက်ဆီက အချစ်စစ်ကိုလိုချင်လာပြီဆို ဒီအချက်လေးတွေတော့ လိုက်နာဖို့လိုပါမယ်။

၁။ လမ်းရှင်းထားပါ

Source: iStock

သင့်ဘဝထဲတစ်စုံတစ်ယောက်ကို ဖိတ်ခေါ်ချင်တယ်ဆိုရင်တော့ သူ့အတွက်နေရာတစ်ခုလောက် ရှင်းထားဖို့လိုပါမယ်။ အဆက်ဟောင်းကို စိတ်မပြတ်သေးတာ၊ တွေဝေနေတာ၊ သံသယများနေတာတွေနဲ့ ယုံကြည်ချက်ကင်းမဲ့နေတဲ့ သင့်ရဲ့စိတ်တွေကြောင့် တစ်ဖက်လူကပေးလာမယ့်အချစ်စစ်တွေကို မဖျက်ဆီးမိပါစေနဲ့။

၂။ ဘာလိုချင်နေတာလဲ

Source: Zoosk

Relationship တစ်ခုစတင်တော့မယ်ဆို အဲဒီ Relationship ကနေသင်ဘာတွေမျှော်မှန်းထားလဲဆိုတာ မလိမ်မညာဘဲသင်ကိုယ်တိုင်သိဖို့ လိုပါမယ်။ မျှော်မှန်းထားတာနဲ့ထပ်တူမကျတဲ့ Relationship ကိုစတင်မိလိုက်ရင်တော့ အရေအတွက်တာအဖတ်တင်သွားပြီး နာကျင်စရာတွေပဲထပ်ရလာနိုင်ပါတယ်။

၃။ အများကြီးမမျှော်လင့်ထားပါနဲ့

Source: wanista.com

Relationship တစ်ခုမှာ သင့်ကကြီးအချစ်ခံနေရမယ်။ ပျော်ရွှင်စရာတွေကြီး ကြုံတွေ့ရမယ်လို့ မျှော်လင့်ထားရင်တော့ သင်မှားနေပါပြီ။ အချစ်စစ်တို့လမ်းမည်သည် ဖြောင့်တန်းရိုးထုံးစံမရှိဆိုတဲ့ဆိုရိုးလေးကိုလည်း ကြားဖူးလောက်မယ်ထင်ပါတယ်။

၎။ ရင်ဆိုင်ဖို့အားမွေးထားပါ

Source: websinhly.com

ဘယ်သူမှ ပြီးပြည့်စုံတယ်ရယ်လို့မရှိပါဘူး။ အခက်အခဲတွေကိုကျော်ဖြတ်နိုင်လေ အရည်အသွေးကောင်းလာလေပါ။ ဒါကြောင့် အချစ်စစ်နဲ့ဆုံတွေ့ချင်တယ်ဆိုရင်တော့ တိုက်ပွဲဝင်နိုင်ဖို့ အားတင်ထားပါ။

၅။ ငြိမ်မနေပါနဲ

Source: 101 Clip Art

အချစ်ခံလူတန်းစားဆိုပြီး ချေမိုးမနေပါနဲ့။ သူချစ်တာခံချင်ရင် ကိုယ်ကလည်းချစ်ပေးဖို့လိုပါမယ်။ လိုချင်တယ်ဆိုပြီး တစ်နေရာထဲမှာပဲလည်း ရပ်နေလို့မရပါဘူး။ ကိုယ်မှန်းထားတဲ့ပုံစံနဲ့ ကိုက်ညီတဲ့လက်တွဲဖော်မျိုးဖြစ်အောင်လို့ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားကြည့်ပါဦး။

Featured image source: wanista.com