မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ အခုဆိုရင် ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းတွေ၊ ဝိတ်ချနည်းတွေ၊ အစာရှောင်နည်းတွေ အများအပြားကို အင်တာနက်ပေါ်မှာတွေ့ကြမှာပါ။ အင်တာနက်မှာသာမက ဝိတ်ကျချင်လို့ Gym သွားရတာကလည်း ရှိသေးတယ်မဟုတ်လား။

အင်တာနက်က ဝိတ်ကျစေဖို့ Diet လုပ်နည်းတွေအတိုင်း လိုက်လုပ်ပါရဲ့။ ခဏတဖြုတ်ပဲ ဝိတ်ကျပြီး နောက်တော့ အရင်တိုင်းပဲ ပြန်ဖြစ်သွားသလား။ ဒီပြဿနာတွေကို ဖြေရှင်းပေးမယ့် အရည်တစ်မျိုးရှိပါတယ်။ ဒါကတော့ ဂျင်းပြုတ်ရည်ပါ။

ဂျင်းပြုတ်ရည်ဆိုတော့ အနံ့ပြင်းပြီး အရသာမကောင်းလှတော့ စိတ်ပျက်သွားပြီလား ပျိုမေတို့ရေ။ ဂျင်းပြုတ်ရည်ကို အရသာရှိအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ပြီးတော့ ဂျင်းပြုတ်ရည်မှာ သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အာနိသင်များစွာပါဝင်ပါတယ်။

Source: Healthline

ဂျင်းပြုတ်ရည်တစ်ခွက်က အချိန်တိုအတွင်းဝိတ်ကျစေပါတယ်။ အဆီချဖို့ခက်တဲ့ ဗိုက်နေရာက အဆီတွေကို ကျစေပါတယ်။ ဝိတ်ကျစေတဲ့အပြင် ဒီအရည်က အဖျားရောဂါကို ကာကွယ်ပေးပြီး ကျန်းမာရေးကောင်းစေပါတယ်။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းခြင်းမှာ ကူညီပေးပါတယ်။

Source: Filosophie!

ဝိတ်ကျစေတဲ့အပြင် ဂျင်းပြုတ်ရည်ရဲ့ တခြားအကျိုးကျေးဇူးတွေကတော့

၁။ သင့်သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်

ဂျင်းပြုတ်ရည်ကို ပုံမှန်သောက်တာက သင့်သွေးဖိအားကို တည်ငြိမ်စေပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ သွေးခဲဖြစ်ပေါ်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

၂။ ကူးစက်ရောဂါကို ကုသပေးပါတယ်

ဟိုးအရင်ကတည်းက ဂျင်းကို အအေးမိဖျားနာစတဲ့ ကူးစက်ရောဂါတွေပျောက်ကင်းဖို့ သုံးခဲ့ပါတယ်။

၃။ အယောင်ကျစေတဲ့ ဂျင်း

ဒီဖျော်ရည်က ယောင်ယမ်းတာတွေကို လျော့ကျစေပါတယ်။ ယောင်တဲ့ရောဂါတွေဖြစ်တဲ့ အဆစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါတွေကို ကုသပေးပါတယ်။

၆။ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်

ဂျင်းမှာပါဝင်တဲ့ ဇင့်နဲ့သံဓာတ်က သွေးလည်ပတ်မှုကို မြှင့်တင်ပေးပါတယ်။ သတ္တုဓာတ်နှစ်မျိးလုံးက သွေးလည်ပတ်မှု မကောင်းခြင်းရန်ကနေ ကာကွယ်ပေးပါတယ်။

၇။ အအေးမိဖျားနာ သက်သာစေခြင်း

ဂျင်းရည်ပုံမှန်သောက်တာက သင့်ခုခံအားစနစ်ကို ထောက်ပံ့ပေးပြီး ကူးစက်ရောဂါကို တိုက်ထုတ်ပေးပါတယ်။

၈။ အစာချေပြဿနာတွေကို ကုသပေးပါတယ်

၉။ အဆစ်နာခြင်းကို သက်သာစေခြင်း

ဂျင်းရည်ပုံမှန်သောက်တာက သင့်အဆစ်နာကျင်ခြင်းကို ကာကွယ်ပေးပါတယ်။

Source: eyecenter.com

ပြင်ဆင်ပုံကတော့

– ရေတစ်ခွက်

-လှီးထားတဲ့ ဂျင်းအနည်းငယ်

-သံပယိုရည်အနည်းငယ်

ဒယ်အိုးတစ်လုံးထဲမှာ ရေထည့်ပြီး  ကျိုထားပါ။ ဒီအချိန်မှာ ဂျင်းကိုအခွံခွာပြီး ဆေးထားပါ။ ပြီးတာနဲ့ အပိုင်းပိုင်းဖြစ်တဲ့အထိလှီးပြီး ဆူနေတဲ့ရေထဲထည့်လိုက်ပါ။ဂျင်း နူးညံ့တဲ့အထိပြုတ်ပေးပါ။ သံပယိုရည်ဖြန်းထည့်ပါ။ ဒီလိုဆိုရင်တော့ ဝိတ်ကျအလှတိုးစေမယ့်ဖျော်ရည်ကို သောက်သုံးနိုင်ပါပြီ။ ဒီဖျော်ရည်ကို နေ့စဉ်သောက်သုံးနိုင်ပါတယ်။