မဂ်လာပါနော်။ နူးညံ့စိုပြေပြီး နှုတ်ခမ်းနီစိုးစရာမလိုဘဲ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းသားကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ အဲဒီလိုနှုတ်ခမ်းသားပိုင်ဆိုင်ဖို့အတွက် ဒီအတိုင်းတော့မရဘူးနော်။ နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။

၁။ Sunscreen ပါတဲ့ နှုတ်ခမ်းအဆီဆိုးပေးပါ

နေ့စဉ် နှုတ်ခမ်းကို Sunscreen ပါဝင်တဲ့ နှုတ်ခမ်းနီကိုလိမ်းပေးပါ။ အနည်းဆုံးတစ်နေ့ ၂ ကြိမ် ၃ ကြိမ်သုံးပါ။

၂။ Moisturize လုပ်ပါ

ဒါ့အပြင် အပူချိန်အပြောင်းအလဲကြောင့်၊ နေရောင်ချည်ထိတွေ့မှုကြောင့် နှုတ်ခမ်သား ပျက်စီးတတ်ပါတယ်။ ညအိပ်ယာမဝင်ခင်မှာ နှုတ်ခမ်းကို သံပုရာသီးနဲ့ သေချာပွတ်ကာ သန့်ရှင်းရေးလုပ်ပေးပြီး အုန်းဆီ (သို့) အဆီတမျိုးမျိုးလိမ်းပေးထားပါ။

၃။ မူးရစ်ဆေးဝါးတွေရှောင်ပါ

ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတွေအပါအဝင် နှုတ်ခမ်းသားကို ထိခိုက်ပျက်စီးစေတဲ့ အရာတွေကို ရှောင်ပေးပါ။

၃။ ဆဲလ်သေတွေကို ဖယ်ရှားပါ

နှုတ်ခမ်းသားပေါ်မှာ ကပ်နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။သကြား သံပုရာရည် ၊ ပျားရည်နဲ့ ရောပြီး သွားပွတ်တံမှာ တင်ပေးကာ နှုတ်ခမ်းသားကို ပွတ်ပေပါ။

၅။ ရေများများသောက်ပါ

နှုတ်ခမ်းသားစိုပြေနေစေဖို့ ရေများများသောက်သင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် နှုတ်ခမ်းသားခြောက်သွေ့တတ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပါ။

၆။ အစာစားပြီးတိုင်း နှုတ်ခမ်းကို သုတ်ပါ

အစားတစ်ခုခုစားပြီးတိုင် နှုတ်ခမ်းကို သေချာသုတ်ပေးရပါမယ်။

၇။ နှုတ်ခမ်းနီကိုသေချာရွေးဝယ်ပါ

နှုတ်ခမ်းနီတွေဝယ်တဲ့အခါမှာ အရည်အသွေးကောင်းတာကိုဝယ်ပေးပါ။ တချို့နှုတ်ခမ်းနီတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ နှုတ်ခမ်းသားကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီကို သေချာရွေးဝယ်ပါ။