မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးတွေအားလုံးကို ဂုဏ်ပြုသည့်အနေနဲ့ Viu မြန်မာကနေ “Women In Tech” ခေါင်းစဉ်နဲ့ Panel Discussion လေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

နည်းပညာ အဖွဲ့အစည်းတွေမှာ ဦးဆောင်နေတဲ့ အမျိုးသမီိးခေါင်းဆောင်သုံးယောက်ကနေ သူတို့ရဲ့လုပ်ငန်းခွင်တွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ အောင်မြင်မှုရရှိခဲ့ပုံတွေ နဲ့ အခုလက်ရှိ ဒစ်ဂျစ်တယ် ခေတ်မှာ အလုပ်နဲ့ ကိုယ်ပိုင်အားလပ်ချိန်ကို ဘယ်လိုမျှတစွာနေထိုင်ကြလဲ ဆိုတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေသွားကြတာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

အဲ့တော့ ဒီပွဲလေးကနေ ရရှိခဲ့တဲ့ Tips လေးတွေကို အားလုံးနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

1) လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးအချင်းချင်း အားပေးအားမြောက်လုပ်ပေးပါ

အမျိုးသမီးတွေ အချင်းချင်းရိုင်းပင်းကူညီရတာ ခွန်အားတစ်ခုပါပဲ။ Senior Level မှာလုပ်နေသူတစ်ယောက်ဆိုရင်လဲ ကိုယ့်လက်အောက်မှာရှိတဲ့ အမျိုးသမီးတွေကို ခေါ်ထုတ်ပြီး သူတို့အတွက် Challenging ဖြစ်မဲ့ အလုပ်တွေ အခွင့်အလမ်းတွေပိုပြီးပေးသင့်တယ်။ အခက်အခဲ ရှိနေတဲ့သူတွေဆိုရင်လဲ ကိုယ့်စီအချိန်မရွေးလာပြီးတိုင်ပင်လို့ရအောင် Open Communication ထားသင့်ပါတယ် လို့ အူရီဒူး မြန်မာ မှ မထားသန့်ဇင်ကအကြံပေးခဲ့ပါတယ်။

2) ကိုယ့်အတွက်အရေးကြီးတာတွေကိုဦးစားပေးပါ

အမျိုးသမီိး တွေအနေနဲ့ ခေါင်းဆောင်မှု အပိုင်းကို ရောက်လာတာနဲ့အမျှ အားလပ်ချိန်ဆိုတာပိုနည်းလာတယ်လို့ပြောကြတယ်။ ဒါကလဲ လူတစ်ဦး တစ်ယောက်ချင်းစီအပေါ်မူတည်ပါတယ်။ ကိုယ့်ဘဝမှာဘယ်အရာကို ဦးစားပေးချင်လဲဆိုတာစဉ်းစားပါ။ ကိုယ့်အတွက် အလုပ်ကအရမ်းအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုရင် မိသားစု နဲ့ သူငယ်ချင်းတွေကို နားလည်အောင်ပြောပြထားပြီး အချိန်ဘယ်လောက်ပေးနိုင်မလဲဆိုတာကိုကြိုပြီးအသိပေးပါ။ မိသားစုနဲ့ အရေးတကြီး တစ်ခုခုပေါ်လာတယ်ဆိုရင်လဲ အလုပ်မှာပျက်ကွက်သွားလို့ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ Set the Expectations လို့ Viu မြန်မာမှ Lavina Tauro ကပြောခဲ့တယ်။

3) အခက်အခဲတွေကို မကြောက်ပါနဲ့

အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ်မတတ်တာတွေကိုဘဲ အာရုံမစိုက်ဘဲနဲ့ ကိုယ်ဘာလုပ်ပေးနိုင်တယ်ဆိုတာကို သိဖို့အရေးကြီးပါတယ်။ ကိုယ့် ကိုယ်ပိုင်အမြင်၊ ကိုယ့်အရည်အချင်းတွေကို တန်ဖိုးထားရမယ်၊ လေ့လာသင်ယူဖို့လည်း အမြဲ အဆင့်သင့်ဖြစ်နေရမယ်။ ဒီလိုမသိတာတွေကို သင်ယူရင်းနဲ့ဘဲ အတွေ့အကြုံတွေက တစ်ဆင့် ကိုယ့်ယုံကြည်မှုကို တည်ဆောက်ရမှာပါ။

4) အမျိုးသမီးတွေ ပိုပြီးပြောရဲဆိုရဲရှိကြပါ

သင်ယူချင်တဲ့စိတ်သာရှိမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ အလုပ်မှာ တစ်ခုခုပြောချင်တာပဲဖြစ်ဖြစ် Meeting ထဲမှာအကြံပေးချင်တာပဲဖြစ်ဖြစ် မပြောရဲမဆိုရဲမဖြစ်ပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ထားပြီး ရဲရဲကြီး ပြောလိုက်ပါ လုပ်လိုက်ပါ။ အလုပ်မှာ အဆင်မပြေတာ၊ Stress များတာတွေရှိတယ်ဆိုရင် ကိုယ့်အထက်က Manager နဲ့ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါ။ ဘယ်သူ့ကိုမှ မပြောပဲကိုယ့်ဟာကိုယ် ကျိတ်ခံမနေပါနဲ့။ ကိုယ်တန်ဖိုးထားတဲ့ အလုပ်ကိုလဲ လွယ်လွယ်နဲ့ မစွန့်လွှတ်လိုက် ပါနဲ့ လို့ အားလုံး ကအကြံပေးခဲ့ပါတယ်။

ဆွေးနွေးသွားတဲ့သူတွေကတော့ Viu မြန်မာရဲ့ Country Manager ဖြစ်သူ Lavina Tauro ၊ အူရီဒူးမြန်မာ ရဲ့ အရောင်းနှင့် ဖြန့်ချီရေးဆိုင်ရာ အရာရှိချုပ် ဖြစ်သူ မထားသန့်ဇင် နဲ့ MYEO (Myanmar Youth Empowerment Opportunities) ရဲ့ Founder ဖြစ်သူ မထက်သီရိရွှေ တို့ဖြစ်ပါတယ်။