ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ မျက်နှာကို ဘယ်လောက်ပဲမှုန်နေအောင် ပြင်ထား၊ ပြင်ထား၊ ဆံပင်ကြီးက ထုံးပြီး ပျော့ပျောင်းမှုမရှိဘဲ ခြောက်သွေ့၊ ဖွာလန်ကျဲ၊ ပွထ၊ ပါးလျနေမယ်ဆိုရင်လည်း ကြည့်ရဆိုးစေပါတယ်။

ဒီလိုဆိုရင် ထူထဲပြီး ရှည်လျားတဲ့ဆံသားလေးတွေကို အချိန်တိုအတွင်းပိုင်ဆိုင်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို လေ့လာကြည့်လိုက်ကြရအောင်ပါ။

၁။ ရှားစောင်းလက်ပတ်ဂျယ်လ်

Source: Aloe Vera Personal Care Products

ရှားစောင်းလက်ပတ်ရွက်တစ်ရွက်ကိုလှီးပြီး အလယ်ဂျယ်လ်တွေကိုထုတ်ကာ ဆံသားမှာပွတ်လိမ်းပေးပါ။ တစ်နာရီလောက် ဆံသားပေါ်ထားပေးပြီးရင်တော့ ခေါင်းလျှော်ချလို့ရပါပြီ။ တစ်ပတ်ကို (၂-၃) ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးစေချင်ပါတယ်။

၂။ ကြက်ဥအကာ

Source: FashionBuzzer.com

ကြက်ဥအကာ (၁) လုံး၊ နို့ (၁) ခွက်၊ သံပရာရည် (၂) ဇွန်းနဲ့ သံလွင်ဆီ (၁) ဇွန်းတို့ကိုရောပြီး ဆံသားပေါ်လိမ်းထားပေးပါ။ မိနစ် (၂၀) လောက်ထားထားပြီးရင်တော့ ရေနွေးလေးနဲ့ဆေးချလို့ရပါပြီ။ တစ်ပတ် (၂) ကြိမ်လောက် ပုံမှန်ပေါင်းပေးပါ။

၃။ သံလွင်ဆီ

Source: Natural Living Ideas

သင့်ဆံသားနဲ့လုံလောက်တဲ့ သံလွင်ဆီပမာဏကို အပူမျှင်းမျှင်းလေးပေးပြီး ဆံသားမှာလိမ်းပေးပါ။ ဒုတိယအဆင့်အနေနဲ့ ရေနွေးထဲပဝါနှစ်ပြီး အဲဒီပဝါနဲ့ ဆံပင်ကိုပတ်ပေါင်းထားပေးလိုက်ပါ။ ပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ (၄-၅) ရက်ကို တစ်ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးပါ။

၄။ ငှက်ပျောသီး

Source: MyStyle Myanmar

မှည့်ပြီးသား ငှက်ပျောသီး (၂) လုံး၊ သံလွင်ဆီ (၁) ဇွန်း၊ အုန်းဆီ (၁) ဇွန်းနဲ့ ပျားရည် (၁) ဇွန်းတို့ကိုရောပြီး ဆံပင်ပေါ် (၅) မိနစ်လောက်ထားထားပေးပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ဆေးချလိုက်ပါ။ (၁) ပတ် (၁) ခါလောက်တော့ ပုံမှန်လုပ်ပေးနိုင်ပါတယ်။

၅။ ဒိန်ချဉ်

Source: Boldsky.com

ဒိန်ချဉ် (၁) ခွက်နဲ့ ပန်းသီရှာလကာရည် (၁) ဇွန်းလောက်ကိုရောပြီး (၁၅) မိနစ်လောက် ဆံပင်ပေါ်လိမ်းထားပေးပါ။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးချလို့ရပါပြီ။ တစ်ပတ် (၁-၂) ကြိမ်အထိပြုလုပ်ပေးနိုင်ပါတယ်