Selena Gomez ဆိုရင် မသိတဲ့သူ မရှိသလောက်ပါပဲ။ သူမက လှလည်းလှတဲ့အပြင် အသံလည်းကောင်းပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သရုပ်ဆောင်တာကလည်း တကယ့်ကို ပီပြင်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် စတိုင်လ်ကျလှပနေတဲ့ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ ဖက်ရှင်လေးတွေက ပေါ့ပေါ့ပါးပါးလေးနဲ့ ဖက်ရှင်ကျပြီး စတိုင်လ်တွေက ဘယ်တော့မှ ထပ်သွားတယ်ဆိုတာလည်း မရှိပါဘူး။ သူမရဲ့ ဆံပင်စတိုင်လ်တွေကလည်း ထိုနည်းအတိုင်းပါပဲ။

Selena ကို ချစ်တဲ့ ပျိုမေလေးတွေလည်း သူမရဲ့ ဆံပင်စတိုင်လ်ကို စမ်းညှပ်ကြည့်ပြီး လှပတဲ့စတိုင်လ်ပိုင်ဆိုင်နိုင်ဖို့အတွက် Selene ရဲ့ အမိုက်စား အလန်းစား ဆံပင်စတိုင်လ် ၁၀ မျိုးကို ဝေမျှပေးလိုက်တယ်နော်။

ဆံပင်အရှည်ကိုမှ ဖြောင့်ထားတဲ့ ဆံပင်စတိုင်လ်

သူမရဲ့ မျက်နှာကို ချစ်စရာကောင်းတဲ့အသွင် ပိုင်ဆိုင်နိုင်ဖို့အတွက် ကူညီပေးတာကတော့ ဆံပင်အလယ်ခွဲလေးကိုမှ ဖြောင့်ထားတဲ့ ဆံပင်ကေပါပဲ။

ဆံပင် အကောက်စတိုင်လ်

ဆံပင်မရှည်တရှည်လေးကိုမှ ကောက်ထားတဲ့ ပုံစံက သူမကို ပိုပြီး မိန်းကလေးဆန်စေတဲ့ ဆံပင်စတိုင်လ်ပါပဲ။ ပျိုမေလေးတို့လည်း ချစ်စရာကောင်းချင်တယ်ဆိုရင် ဒီလိုလေးပြောင်းလုပ်ကြည့်လိုက်ပါ။

ဆံပင်အတို အဖြောင့်

ဒီဆံပင်အတိုကိုမှ ဖြောင့်ထားတာလေးက သူမကို ကလေးလေးလို ချစ်စရာကောင်းစေတာတော့ အမှန်ပါပဲ။

ဘေးတစောင်း ကျစ်ဆံမြီးပုံစံ

ကျစ်ဆံမြီးလေးတွေက ဘယ်တော့မှ ရိုးမသွားတဲ့ ဆံပင်စတိုင်လ်လေးပါပဲ။ သူမက ကျစ်ဆံမြီးကို ဘေးတစောင်းကျစ်ထားတော့ ဆွဲဆောင်မှုပိုနေတော့တာပါပဲ။

ဆံပင်အရှည် အကောက်စတိုင်လ်

မင်းသမီးတစ်ပါးလို ချစ်စရာကောင်းစေတဲ့ ဆံပင်စတိုင်လ်လေး

ကျက်သရေရှိပြီး အလှတိုးစေတဲ့ ဆံထုံး

အရှေ့ ဆံမြိတ်ချထားတဲ့ ဆံပင်အဖြောင့်စတိုင်လ်

Bob ဆံပင်ကေကို အလိပ်ပြေပြေလေး ကောက်ထားတဲ့ ဆံပင်စတိုင်လ်

ဆံပင်အရှည်ကို ခပ်ပြေပြေလေး ကောက်ထားတဲ့ ဆံပင်စတိုင်လ်လေးကတော့ အရင်တုန်းက ခေတ်စားခဲ့တဲ့ ဆံပင်စတိုင်လ်လေးပါပဲ။

သူမ ပြန်လည်ပြင်ဆင်ထုံးဖွဲ့လိုက်တဲ့အခါမှာတော့ တစ်ဖန်ပြန်လည်ခေတ်စားလာတော့တာပါပဲ။

ပျိုမေလေးတို့ရော အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ် ၁၀ မျိုးထဲက ဘယ်စတိုင်လ်ကို ကြိုက်လဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Source: www.stylecraze.com