မိဘဆိုတာ ကလေးတွေရဲ့ စံပြပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်ရှင်မတွေ၊ မိခင်တွေ၊ မိဘတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကလေးရဲ့ အနာဂတ်ဟာ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

သင့်ဆီက ကောင်းတဲ့အပြုအမူတွေကိုပဲ သင်ယူနိုင်ဖို့ သင့်အနေနဲ့ မကောင်းတဲ့ အလေးအကျင့်တွေကို စွန့်လွတ်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ကလေးငယ်ရဲ့ တောက်ပတဲ့ အနာဂတ်ကို ရရှိပိုင်ဆိုင်နိုင်ဖို့ဆိုတာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့လည်း အရေးကြီးပါတယ်။ကျန်းမာရေးဆိုတာ လူတစ်ယောက်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ဒါ့ကြောင့် သင့်ကလေးငယ်ကို ကျန်းမာစေပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

တကိုယ်ရည်သန့်ရှင်းရေးရှိဖို့ ပျိုးထောင်ပေးပါ

အစာမစားခင်လက်ဆေးတာ၊ ကွန်ပျူတာ၊ Tv Remote တွေကိုင်ပြီးတဲ့အခါမှာ လက်ဆေးတဲ့အလေ့အကျင့်ကို ပျိုးထောင်ပေးသင့်ပါတယ်။ သင့်အနေနဲ့လည်း ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ပြသင့်ပါတယ်။

အာဟာရညီညွတ်မျှတအောင်စားတတ်ဖို့ လေ့ကျင့်ပျိုးထောင်ပေးပါ

သင့်ကလေးနဲ့ မိသားစုကျန်းမာရေးအတွက် အိမ်ရှင်မတို့အနေနဲ့ မိမိချက်မယ့် ဟင်းလျာတွေကို သန့်သန့်ရှင်းရှင်းနဲ့ ချက်ပြုတ်ဖို့လိုအပ်သလို၊ အာဟာရဓာတ် ညီညွတ်မျှတအောင် ရွေးချယ်စားသုံးဖို့လိုအပ်ပါတယ်။ အာဟာရညီညွတ်မျှတမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်စေမှာပါ။

မိသားစုကို အချိန်ပေးပါ

မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာမျိုးလုပ်ပေးသင့်သလို မိသားစုအတူတူ ပျော်ပွဲစားထွက်တာမျိုး၊ ဈေးဝယ်ထွက်တာမျိုး၊ ကစားကွင်းသွားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချတတ်အောင်သင်ပေးပါ

လူတိုင်းမှာ သူ့အပူနဲ့သူ သူ့စိတ်ဖိစီးမှုနဲ့ သူရှိပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ စိတ်ဆိုးဒေါသထွက်တာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒါဟာ ရှောင်လွဲလို့မရပါဘူး။ ဒါပေမယ့် ဒီအရာတွေကို လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ စာရေးတာမျိုးနဲ့ ဖြေဖျောက်တတ်ဖို့ လေ့ကျင့်ပေးပါ။ မကောင်းတဲ့ စိတ်ထားတွေကို ပြုပြင်ပြီး စိတ်ထားကောင်းထားတတ်ဖို့ သင်ပေးပါ။

ပိုးမွှားတွေမှ ကာကွယ်ပါ

သင့်ရဲ့ ကလေးငယ်အပါအဝင် သင့်မိသားစုဝင်တွေကို အညစ်အကြေးနဲ့ ပိုးမွှားအန္တရာယ်မှ ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေချိုးတဲ့အခါမှာပဲဖြစ်ဖြစ်၊ လက်ဆေးတဲ့အခါမှာပဲဖြစ်ဖြစ် အညစ်အကြေးနဲ့ ပိုးမွှားတွေမှ ကာကွယ်ပေးနိုင်တဲ့ Family Care လို ဆပ်ပြာကိုရွေးချယ်သုံးလိုက်ပါ။

Family Care ဆပ်ပြာ

သင့်ကလေးငယ်ကို ပိုးမွှားအန္တရာယ်များကနေကင်းဝေးပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းဖို့ ဘက်တီးရီးယားများကို ၉၉.၉ % ဖယ်ရှားပေးနိုင်ပြီး တစ်ကိုယ်ရည်ကျန်းမာရေးကို ၂၄နာရီလုံးလုံး ကာကွယ်ပေးနိုင်တဲ့ Family Care ကို ရွေးချယ်အသုံးပြုလိုက်ပါ။ Advance Antibacterial နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် သင့်မိသားစုကျန်းမာရေးအတွက် Family Care ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။