အားလုံးပဲမင်္ဂလာပါနော်။ အပြင်သိပ်မထွက်ချင်ဘူး၊ ဒါမှမဟုတ် Gym သွားရတာ အချိန်ပေးရတာကြောင့် အိမ်မှာပဲ အေးအေးလူလူ လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။

သင့်ရဲ့ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ဆော့မယ်ဆိုရင် ဘယ်လိုပစ္စည်းလေးတွေလိုမလဲ၊ ဘယ်လိုနည်းလမ်းကောင်းလေးတွေသုံးရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။

၁။ လေ့ကျင့်ခန်းလုပ်မယ့်အခန်းတစ်ခုလိုပါတယ်

လေ့ကျင့်ခန်းလုပ်စရာ အခန်း (သို့) နေရာတစ်ခုလိုအပ်ပါတယ်။ အဲဒီနေရာမှာ သင့်ရဲ့ Weight တုံးတွေ၊ ပစ္စည်းတွေထားရမှာမို့ပါ။

၂။ ဖျာဝယ်ပါ

ဖျာက သိပ်ကိုအသုံးဝင်ပါတယ်။ ဖျာဝယ်ဖို့ မနှမြောပါနဲ့နော်။

၃။ သီချင်းနားထောင်ပါ

လေ့ကျင့်ခန်းလုပ်နေချိန်မှာ စိတ်ရွှင်အောင် သီချင်းမြူးမြူးလေးတွေနားထောင်ပါ။ ဒါဆိုရင် ပိုပြီးတော့လည်း အချိန်ကုန်တာသိပ်မသိသာသလို စိတ်ကိုလည်း တက်ကြွစေပါတယ်။

၎။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုသုံးပါ

ထိုင်ခုံ၊ ဆိုဖာခုံ၊ လေးလံတဲ့အရာဝတ္ထု စတဲ့ သင့်အိမ်က ပစ္စည်းတွေ၊ သင့်အိမ်မှာရှိတဲ့ အရာတွေကိုသုံးပြီး လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။

၅။ နည်းစနစ်တွေကိုလေ့လာပါ

အင်တာနက်တွေမှာရှိတဲ့ လေ့ကျင့်ခန်းလုပ်တဲ့ နည်းစနစ်တွေကို ပိုပြီးလေ့လာပါ။ အသစ်အဆန်းတွေ စမ်းလုပ်ကြည့်နိုင်ပါတယ်။

၆။ လေ့ကျင့်ခန်းအချို့ကို မှတ်ထားပါ

လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုမှ ဗီဒီယိုကောက်ဖွင့်တာ၊ ကောက်ရှာတာမျိုးလုပ်ရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ်အမြဲလုပ်မယ့် ဒါမှမဟုတ် အသုံးဝင်မယ့် လေ့ကျင့်ခန်းတချို့ကို မှတ်သားထားပါ။ Burbee တို့၊ ဗိုက်ချပ်လေ့ကျင့်ခန်းတို့၊ ပေါင်သားနဲ့ ခြေထောက်လေ့ကျင့်ခန်းတို့က ကောင်းမွန်ပါတယ်နော်။

၇။ သူငယ်ချင်းတွေကို ဖိတ်ပါ

တစ်ယောက်တည်းလေ့ကျင့်ခန်းလုပ်နေရင် ပျင်းလာမှာသေချာပါတယ်။ သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး အတူတူလေ့ကျင့်ခန်းလုပ်တာမျိုးလုပ်သင့်ပါတယ်နော်။

၈။ အချိန်ဇယားဆွဲထားပါ

လေ့ကျင့်ခန်းလုပ်မယ့် အချိန်ကို သပ်သပ်ဖယ်ထားပါ။ တစ်နေ့ကို အချိန်မပေးနိုင်ရင်တောင် မိနစ် ၃၀ လောက် ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုတည်းသာမက တက်တက်ကြွကြွနဲ့ ကျန်းမာအောင်နေမယ်၊ အာဟာရ ညီညွတ်အောင်စားမယ်၊ မနက်စောစောထမယ်၊ ရေများများသောက်မယ် စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်ပုံတွေကိုလည်း လိုက်နာသင့်ပါတယ်။

By: MyStyle Myanmar