မင်္ဂလာပါသူငယ်ချင်းတို့ရေ။ မိုးရာသီရောက်ပြီဆိုတော့ ဆံကေသာကို ပိုပြီးဂရုစိုက်ဖို့လိုတယ်နော်။ မိုးရာသီဟာ အပူဒဏ်လျော့နည်းပြီး အေးချမ်းပေမယ့် မိုးရာသီက သင့်ဆံကေသာကို အထူးဂရုစိုက်ရမယ့်အချိန်ပါပဲ။

မိုးမိရင် မိုးရေထဲမှာပါတဲ့ အက်စစ်ဓာတ်ကြောင့်   ဆံကေသာ ကြမ်းတမ်းတာမျိုး ပုံမကျတာမျိုး  ဖြစ်စေပါတယ်။ ဒါ့အပြင် စိုစွတ်စွတ်ရာသီဥတုကြောင့် ဆံကေသာအနံ့အသက်ဆိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့ကြောင့် မိုးရာသီမှာ ဆံကေသာကို တစ်နေကုန်ပုံကျလှပပြီး မွှေးရနံ့သင်းပျံ့နေစေဖို့  ဘယ်လိုဂရုစိုက် ထိန်းသိမ်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

 ၁။ မိုးမိလာလျှင် ခေါင်းလျှော်ချပါ။ တဘက် နဲ့ ခြောက်အောင်သုတ်တာနဲ့တင်မလုံလောက်ပါ။

ဆံကေသာကို မိုးစိုခဲ့ပါက တဘက်နဲ့တင် ခြောက်အောင်သုတ်တာနဲ့ လုံလောက်ပြီလို့ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒါဟာ ဆံကေသာကို ကြမ်းတမ်းစေလို့ ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပေးဖို့ လိုအပ်ပါတယ်။

၂။ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေးသုံးဖို့မမေ့ပါနဲ့

ခေါင်းလျှော်ပြီးတိုင်း ဆံပင် ပေါင်းဆေး (သို့) ပျော့ဆေး ထည့်ပေးဖို့ မမေ့သင့်ပါဘူး။ ဆံပင်ပေါင်းဆေး ပျော့ဆေးတွေဟာ ဆံကေသာကို အာဟာရဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့ကြောင့် ဆံပင်ပျော့ဆေး၊ ပေါင်းဆေး သုံးပေးသင့်ပါတယ်။

၃။ ခေါင်းလျှော်ပြီးလျှင် ဆံပင်ကိုခြောက်အောင်သေချာသုတ်ပါ

ခေါင်းလျှော်ပြီးဆံပင်ကို သေချာခြောက်အောင်သုတ်ပေးသင့်ပါတယ်။ ဆံပင်ရေစိုစိုနဲ့ဆိုရင် သင့်ဆံကေသာမှာ အနံ့အသက်ဆိုးတွေထွက်လာစေနိုင်သလို ဆံကေသာကိုလည်း ခြောက်သွေ့ကြမ်းတမ်းစေနိုင်ပါတယ်။ ဆံပင်ကိုသုတ်တဲ့အခါမှာလည်း တဘက်နဲ့ ခပ်ကြမ်းကြမ်းမသုတ်ဘဲ ခပ်ဖွဖွလေးပဲ သုတ်ပေးသင့်ပါတယ်နော်။

၎။ သဘာဝအဆီအနှစ်တွေပါဝင်တဲ့ ကုန်ပစ္စည်းသုံးပါ

သင့်ရဲ့ ဆံကေသာ မွှေးရနံ့သင်းပျံ့ပြီး ပုံကျလှပနေစေဖို့ သဘာဝအဆီအနှစ်တွေပါဝင်တဲ့ ခေါင်းလျှော်ရည် ပျော့ဆေးမျိုးကို ရွေးချယ်သုံးပေးသင့်ပါတယ်။ ဆံကေသာကို ကောင်းမွန်စေတဲ့ သဘာဝအဆီအနှစ်ကတော့ အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံဆီ အစရှိတဲ့ အဆီတွေပဲဖြစ်ပါတယ်။

၅။ တစ်ပတ်ကို အနည်းဆုံး ခေါင်း ၃ကြိမ်လျှော်ပါ။

ဆံကေသာ မပျက်စီးအောင် ခေါင်းလျှော်တဲ့အခါ ရှောင်သင့်တဲ့ အချက်လေးတွေ

တစ်ပတ်ကို ခေါင်း  ၃ ကြိမ် အနည်းဆုံးလျှော်ပေးသင့်ပါတယ်။ မဟုတ်ရင်တော့ စိုစွတ်တဲ့ ဒီမိုးရာသီက သင့်ဦးရေပြားမှာ အနံ့ဆိုးထွက်စေပြီး သင့်ကိုယ်သင် ယုံကြည်မှုရှိစေတော့မှာမဟုတ်ပါဘူး။

၆။ အကာအကွယ်ယူပါ

ထီး၊ ဦးထုပ် စတဲ့ အကာအကွယ် ယူသင့်ပါတယ်။ မိုးရာသီဆိုတော့ အထူးသဖြင့် ထီးကို ယူဆောင်ထားသင့်ပါတယ်။ မဟုတ်ရင်တော့ မိုးရေတွေ မကြာခဏ ထိတွေ့ပြီး ဆံကေသာကို ပုံမကျဖြစ်လာစေပါတယ်။

ဆန်းစစ်ပန်းရောင်ခေါင်းလျှော်ရည်

ဆန်းစစ်ပန်းရောင်ခေါင်းလျှော်ရည်ဟာ အုန်းဆီ၊သံလွင်ဆီ၊ ကာမန်လီယာပန်းအဆီစတဲ့ သဘာဝအဆီအနှစ် (၅) မျိုးပါဝင်လို့ တစ်နေကုန် ပုံကျလှပပြီး မွှေးပျံ့တဲ့ ဆံကေသာကို ရရှိစေမှာပါ။ဒါ့အပြင် Flexishield နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် သင့်ရဲ့ ဆံကေသာ ကို အလွှာတစ်ခုအနေနဲ့ ဖုံးအုပ်ကာကွယ်ထားပြီး ဘယ်နေရာပဲသွားသွား မိုးဘယ်လောက်ရွာရွာ ဆန်းစစ်နဲ့ဆို ပုံကျပြီး မွေးပျံ့တဲ့ ဆံကေသာရရှိပိုင်ဆိုင်ဖို့ စိုးရိမ်စရာမလိုတော့ပါဘူး။