အားလုံးပဲ မင်္ဂလာပါ၊ ယနေ့ခေတ်လို တိုးတက်ပြောင်းလဲမှု မြန်ဆန်နေတဲ့ခေတ်ကြီးထဲမှာ အချိန်က အင်မတန်တန်ဖိုးရှိပါတယ်။ လူတိုင်းက နေ့စဉ်နဲ့အမျှ အချိန်လုနေတဲ့လူတွေကြီးပါပဲ။

အဲ့ဒီလိုအချိန်လုနေရတဲ့အထဲမှာ အလှပြင်ရတာကြိုက်နှစ်သက်တဲ့ ပျိုမေလေးတွေလည်း ပါတယ်မလား။ ဒါဆိုရင်တော့ အချိန်တိုလေးအတွင်းမှာ လှပသွားစေမယ့် အလှပြင် နည်းလေးတွေနဲ့ လိုက်ပြင်ဆင်ခြယ်သကြည့်ရအောင်။

အိုင်းလိုင်နာကို အနုစိတ်ခြယ်သဖို့အချိန်မရတော့ဘူးဆိုရင် လိုင်နာအရည်နဲ့မဆွဲတော့ဘဲနဲ့ ခဲတံလိုင်နာလေးနဲ့ပဲ ပါးပါးလေးဆွဲပေးလိုက်ပါ။

လိုင်နာကုန်သွားလို့ ဆိုးစရာမရှိတော့ဘူးဆိုရင် ဘရက်ရှ်ပါးပါးမျှင်မျှင်လေးနဲ့ မာစကာရာ ဘရရှ်ထဲမှာ ကပ်နေတဲ့ အရည်နည်းနည်းလောက်ကို တို့ပြီး လိုင်နာဆွဲပေးနိုင်ပါတယ်။

Mascara ကို ကြာကြာအသုံးခံချင်တယ်ဆိုရင်တော့ မျက်စဉ်းဆေးတစ်စက် နှစ်စက်လောက်ထည့်ပေးပြီး ပုလင်းကို လှုပ်ခါလိုက်ပါ။ ရေနွေးပူပူလေးထဲကို Mascara ဘူးလေး ခဏစိမ်ထားပေးလို့လည်း ရတယ်နော်။

ကော့ညွှတ်တဲ့ မျက်တောင်လေး တာရှည်ခံဖို့ဆိုရင်တော့ မာစကာရာတစ်ထပ်အရင်ဆိုးပါ။ ပြီးရင် မိတ်ကပ်ပေါင်ဒါလေးနဲ့ မျက်တောင်လေးကို ပုတ်ပေးပါ။ မာစကာရာကို နောက်တစ်ထပ်ပြန်ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ တစ်နေ့တာလုံး မျက်တောင်လေး ကော့ညွှတ်နေမှာပါ။

ဆံပင်ပြင်ဖို့အချိန်မရဘူးဆိုရင် ကျစ်ဆံမြီးလေးကျစ်ပြီးတော့ အခုလိုပဲ ဆံထုံး ထုံးပေးလိုက်ပါ။

လှပတဲ့ မျက်ဝန်းအလှတစ်စုံကို အချိန်တိုအတွင်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကြောင်မျက်လုံးပုံစံ လိုင်နာကို အခုလိုပဲ ဆွဲပေးလိုက်ပါ။

မျက်ခုံးမွှေးဆွဲရာမှာလည်း ဘောင်အရင်ကွတ်ပြီးမှ အတွင်းသားလိုက်ခြယ်ပေးပြီး ဘရက်ရှ်လေးနဲ့ ညီသွားအောင်လို့ Blend လုပ်လိုက်ပါ။

Source: Brightside.me