Lifestyle | ခရီးသွားခြင်း – Travel

ပျိုမေတို့ခရီးသွားတဲ့အခါမှာ မဖြစ်မနေယူဆောင်သွားသင့်တဲ့ ပစ္စည်းလေးတွေ

May 14, 2018

ပျိုမေတို့ခရီးသွားတဲ့အခါမှာ မဖြစ်မနေယူဆောင်သွားသင့်တဲ့ ပစ္စည်းလေးတွေ

Share this on:

ခရီးသွားတဲ့အခါမှာ ယောက်ျားလေးတွေကတော့ ဘာမှထွေထွေထူးထူးထည့်နေစရာမလိုပါဘူး။ မိန်းကလေးတွေကျတော့ ယူသွားမယ့်ပစ္စည်းတွေနဲ့ ထည့်သွားသင့်တဲ့ပစ္စည်းတွေက အရမ်းကိုများလွန်းပါတယ်။ အဲ့ဒီအများကြီးထဲကမှ ပျိုမေတို့ မဖြစ်မနေယူဆောင်သွားသင့်တဲ့ ပစ္စည်းလေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

ကျောပိုးအိတ် နဲ့ ပိုက်ဆံအိတ်အသေး

Source: www.blog.aifsabroad.com

ခရီးသွားတဲ့အခါမှာ ကိုယ်လိုတာလေးတွေကို ပြည့်ပြည့်စုံစုံသယ်သွားလို့ရအောင် ကျောပိုးအိတ်လေးတစ်လုံးတော့ ယူသွားသင့်ပါတယ်။ လွတ်လွတ်လပ်လပ်လေးသွားချင်တဲ့အခါမျိုးမှာ အရေးကြီးတာလေးတွေကိုပဲ ထည့်သွားလို့ရအောင် ပိုက်ဆံအိတ်အသေးလေးလည်း ထည့်သွားသင့်ပါတယ်။

Makeup Box နဲ့ Makeup Remover

Source: www.lilyengland.com

မိန်းကလေးတိုင်း ကိုယ်သုံးနေတဲ့ မိတ်ကပ်ပစ္စည်းအစုံကိုစုထည့်ထားတဲ့ Makeup Box လေးကို ယူသွားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီးရင်ပြန်ဖျက်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့ Makeup Remover ကိုလည်း မဖြစ်မနေထည့်သွားသင့်ပါတယ်။

Lotion နဲ့ Sunscreen

Source: www.ebay.com

ဘယ်နေရာ၊ ဘယ်ကိုပဲသွားသွား ပျိုမေတို့ရဲ့အသားအရေလေး မပျက်စီးဖို့အတွက် နေလောင်ဒဏ်ကာကွယ်တဲ့ Sunscreen နဲ့ Lotion ကို မဖြစ်မနေယူသွားပြီး လိမ်းပေးနေမှဖြစ်မှာပါ။

ဖုန်းအားသွင်းကြိုးနဲ့ Power Bank

Source: www.powerbanktalk.com

ခရီးသွားပြီဆိုရင် အရေးအကြီးဆုံးကတော့ ဖုန်းအားသွင်းကြိုးနဲ့ Power Bank ပါ။  မီးမရတဲ့အခါနဲ့ မီးပြတ်တဲ့အခါမျိုးမှာသုံးလို့ရအောင် Power Bank ကိုပါ မဖြစ်မနေယူဆောင်သွားရပါမယ်။

နားကျပ်

Source: www.etymotic.com

နားကြပ်ကတော့ တော်တော်များများလည်း ဘယ်သွားသွား သယ်သွားကြတဲ့အရာဖြစ်လို့ လုံးဝမေ့လို့မဖြစ်ဘူးနော်။

ကင်မရာ

Source: www.pixatravel.000webhostapp.com

ဓာတ်ပုံရိုက်တာ ၀ါသနာပါတဲ့သူတွေအနေနဲ့ လှပတဲ့နေရာလေးတွေကိုမှတ်တမ်းတင်ဖို့၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာကောင်းကောင်းတစ်လုံးတော့ ယူသွားသင့်ပါတယ်။

ခေါင်းအုံးအသေး

Source: www.armchairempire.com

ခရီးသွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာပဲဖြစ်ဖြစ် သက်တောင့်သက်သာနဲ့ အိပ်စက်လို့ရအောင် ခေါင်းအုံးအသေးလေးလည်း ထည့်သွားသင့်ပါတယ်။

ဖိနပ်

Source: www.whowhatwear.com

မိန်းကလေးတွေအနေနဲ့ ဖိနပ်ကိုတစ်ရံထဲမဟုတ်ပဲနဲ့ နှစ်ရံ၊ သုံးရံတော့ ထည့်သွားပါ။ Slipper လေးစီးပြီးသွားမယ်ဆိုရင်တော့ ခရီးဆောင်အိတ်ထဲမှာ ဒေါက်ဖိနပ်တစ်ရံနဲ့ Sneakers လေးတစ်ရံပါ ထပ်ထည့်သွားနိုင်ရင် ပိုကောင်းပါတယ်။

Review

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyStyle Myanmar