ခွေးချစ်သူတွေအတွက် ရည်ညွှန်းပါတယ်နော်။ ခွေးလေးတစ်ကောင်ဆုံးရှုံးရရင် မိသားဝင်တစ်ယောက် သူငယ်ချင်းမိတ်ဆွေတစ်ယောက် ဆုံးရှုံးရသလို နာကျင်ခံစားရပါတယ်။ တချို့ဆိုရင် မိသားစုဝင်တွေထက်ကိုပိုပြီး နာကျင်ခက်ခဲတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတာ ကြည့်ရအောင်ပါနော်။

တချို့ဆိုရင် သူတို့ခွေးလေးကို “ခွေး” လို့ခေါ်တာတောင် သဘောမကျကြပါဘူး။ သုတေသနပြုချက်တွေအရ ခွေးလေးတွေဟာ မိသားစုဝင်တွေထက် ကိုယ့်နားမှာ အမြဲတမ်းရှိနေလို့ဖြစ်ပါတယ်တဲ့။ သူတို့တွေရဲ့ အထီးကျန်ချိန် တစ်ယောက်တည်းရှိနေချိန်မှာ ခွေးလေးတွေနဲ့ အဖော်ပြုကစားရင် အနားမှာအမြဲရှိနေလို့ဖြစ်ပါတယ်။ သူတို့ကြားက သံယောစဉ်တွေဟာ သိပ်ကိုခိုင်မာလှပါတယ်။

ဘာလို့ သံယောစဉ်ခိုင်မာကြသလဲ။

ခွေးလေးတွေနဲ့ လူတွေကြားမှာ သံယောစဉ်တွေ သပ်ကိုခိုင်မာကြပါတယ်။ ပထမတစ်ချက်ကတော့ ခွေးလေးတွေဟာ လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်လို့ဖြစ်ပါတယ်။ လူတွေ သင်ပေးသလို လိုက်ပြီးလုပ်နိုင်တဲ့ အရည်အသွေးလည်းရှိပြီး ပိုင်ရှင်အပေါ် စိတ်ကျေနပ်စေသလို သစ္စာလည်းရှိကြပါတယ်။

သူတို့လေးတွေကြောင့် အိမ်တွင်းရှုပ်ပွနေလို့ တခါတလေအော်ဟစ်တတ်ပေမယ့် သူတို့ပြန်ပေးတဲ့ အနမ်းချိုချိုလေးတွေက သင့်ကို ဒေါသပြေစေတယ်ဆိုတာ သင်ငြင်းနိုင်မယ်မထင်ပါဘူး။

သင့်အပြန်ကို တကူးတက အသံပေးပြီး ကြိုနေတတ်တဲ့ ခွေးလေး အိမ်မှာမရှိတော့တဲ့အခါ သင်အထီးကျန်သလို တစ်ခုခု ဆုံးရှုံးလိုက်ရသလို နာကျင်နေတတ်တာဟာ သိပ်တော့ မထူးဆန်းလှပါဘူး။

သင့်အပေါ် သစ္စာအရှိဆုံးသူ၊ အရိပ်တကြည့်ကြည့်ကြည့်နေတတ်သူဖြစ်လို့ပါ။

သုတေသနပြုချက်အရ ပိုင်ရှင်က သူတို့ကိုအစာကျွေးတဲ့အခါ ခွေးလေးတွေရဲ့ ဦးနှောက်ကနေ ပိုင်ရှင်ကို ကျေးဇူးတင်နေတတ်ပါတယ်တဲ့။ သူတို့ကို ချစ်တဲ့သူတွေကို မှတ်မိပြီး ပိုင်ရှင်ရဲ့ စိတ်ခံစားချက် အခြေအနေကိုလည်း ဖတ်နိုင်စွမ်းရှိသူတွေပါ။ သင့်ကို သာမန်လူတွေက မသိနိုင်တဲ့ ၀မ်းနည်းနာကျင်နေတာတွေကို သင့်ခွေးလေးတွေက သိနိုင်ပါတယ်။ ဒါ့ကြောင့်လည်း သင့်နားကို ခေါင်းလေးတိုးဝှေ့ပြီး ချွဲကြတာပါ။

ခွေးလေးတွေဟာ ပိုင်ရှင်စိတ်ညစ်နေရင် စိတ်ပျော်အောင်လုပ်ပေးဖို့ ဆန္ဒရှိကြပါတယ်။ သာမန်လူတွေထက် သူတို့လေးတွေဟာ သင့်အပေါ် ပိုပြီး သစ္စာရှိ အရိပ်တကြည့်ကြည့်ချစ်နေတတ်တဲ့သူတွေပါ။

သူတို့ရဲ့ သစ္စာရှိမှု သင့်အပေါ်ချစ်မြတ်နိုးမှုတွေကို သင်မေးခွန်းထုတ်စရာလိုမယ်မထင်ပါဘူး။

ဒါပေမယ့် ခွေးလေးတွေရဲ့ သက်တမ်းက သာမန်အားဖြင့် ၁၅ နှစ်လောက်ပဲရှိတာမို့ သင့်ကိုခွဲခွာသွားတဲ့အခါ သင်စိတ်ထိခိုက်နာကျင်ရပါတယ်။