အားလုံးပဲ မင်္ဂလာပါ။ ကောင်မလေးတွေအနေနဲ့ ကိုယ့်ချစ်သူက ကိုယ့်ကိုဘယ်လိုလေး လက်ထပ်ခွင့်တောင်းရင်တော့ ကောင်းမှာပဲ၊ ရိုမန့်တစ်ဖြစ်မှာပဲ ဆိုပြီး စိတ်ကူးယဉ်ကြပါတယ်။

အမှတ်တရဖြစ်တဲ့နည်းလမ်းလေးတွေနဲ့ လက်ထပ်ခွင့်တောင်းခံရရင် သူငယ်ချင်းတွေကြားထဲမှာလည်း ငါ့ချစ်သူက ငါ့ကို ဘယ်လိုလက်ထပ်ခွင့်တောင်းခဲ့တာဆိုပြီး ကြွားလုံးထုတ်လို့ရသလို၊ သားသားမီးမီးတွေ ရလာခဲ့ရင်လည်း မင်းတို့ဖေဖေက မေမေ့ကို ဘယ်လိုလက်ထပ်ခွင့်တောင်းခဲ့တာဆိုပြီး အတိတ်ကအကြောင်းအရာလေးတွေကို ပြန်လည်လွမ်းဆွတ်တမ်းတာလို့ရတာပေါ့။

စပရိုက်မကြိုက်တဲ့ မိန်းကလေးရယ်လို့တော့ မရှိပါဘူးနော်။ တစ်ခါတလေမှာ ကိုယ့်ချစ်သူက အလုပ်များလို့ အမှတ်တရနေ့လေးတွေ မေ့တယ်ဆိုရင်တော့ ပျိုမေလေးတွေခမျာ ဝမ်းနည်းပက်လက်ဖြစ်ရတာပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူလေး မျက်နှာမှာ အပြုံးပန်းလေး ပွင့်လန်းဖို့အရေး၊ ကိုယ့်ကို အချစ်တိုးဖို့အရေး သူမရဲ့ မျက်နှာကိုအကဲခတ်တတ်ဖို့တော့ လိုမယ်နော်။

ဒီတစ်ခါမှာတော့ ချစ်သူသက်တမ်းလည်း အတော်အတန်ကြာပြီး လက်ထပ်ဖို့ပြင်ဆင်နေတဲ့အတွဲတွေအတွက် အမှတ်တရလေးဖြစ်သွားအောင် လက်ထပ်ခွင့်ဘယ်လိုတောင်းကြမလဲဆိုတာ ပြောပြချင်ပါတယ်။

ချောက်ကမ်းပါး အစွန်းနားမှာ

ကမ်းခြေ အငူအစွန်းနားမှာ

Color Festival မှာ

မီးဆိုင်းလေးတွေနဲ့ သေချာပြင်ဆင်ထားတဲ့ ညနေခင်းတစ်ခုမှာ

အိမ်မွေးတိရစ္ဆာန်လေး မွေးထားတဲ့သူတွေအတွက်

လှိုဏ်ဂူထဲမှာ

ရိုလာကိုစတာစီးရင်းနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

ကမ်းခြေတစ်နေရာ သဲသောင်ပြင်ပေါ်မှာ စာလုံးဖော်ပြီး လက်ထပ်ခွင့်တောင်းနည်း

အဲ့ဒီလို ဘူးထဲထည့်ပြီး လက်ထပ်ခွင့်တောာင်းမယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး။

လင်းပိုင်လေးနဲ့ လက်ထပ်ခွင့်တောင်းမယ်။

ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ

တောင်တန်းပေါ်မှာ

ပူဖောင်းလေးတွေနဲ့

နှင်းဆီပွင့်ချပ်လေးတွေ၊ ဖယောင်းတိုင်လေးတွေနဲ့

ရေကန်ထဲမှာ လှေစီးရင်း

ခြံဝင်းထဲမှာ ရုပ်ရှင်ကြည့်ရင်း လက်ထပ်ခွင့်တောင်းနည်း

တောင်ကုန်းအမြင့် တစ်နေရာမှာ

Source: Brightside.me