အခုလက်ရှိ မြန်မာနိုင်ငံမှာ အဟော့ဆုံးလို့ ဆိုရလောက်တဲ့ သင်ဇာကတော့ လတ်တလောမှာ သူမရဲ့ ပွဲတက်ဖက်ရှင်တွေက အရမ်းကို လူစိတ်ဝင်စားခံနေရပြီး အဲ့ဒီအပေါ်မှာလည်း ယုံကြည်ချက်ရှိရှိ အလှဆုံးအဖြစ် ရပ်တည်နေခဲ့တာပါ။ Sexy ဆန်ဆန် ဝတ်စုံတွေဝတ်ပြီး ပွဲတက်လိုက်တိုင်းလည်း သူမရဲ့ ဝတ်စုံတွေက ဟာခနဲ ဖြစ်ရလောက်အောင် သူမနဲ့ လိုက်ဖက်နေလေ့ရှိပြီး အားလုံးရဲ့ အာရုံကို ဆွဲဆောင်နိုင်တာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။

ဝေဖန်သူတွေရဲ့ ဝေဖန်မှုတွေကြားမှာ သူမကတော့ ယုံကြည်ချက်ရှိရှိလျှောက်လှမ်းနေဆဲပါပဲ။ နောက်ပိုင်းမှာတော့ Sexy ပုံစံတွေ လျှော့တော့မယ်လို့လည်း မကြာသေးမီက အင်တာဗျူးတွေမှာ ဖြေခဲ့ပါသေးတယ်။ ၂၀၁၉ မှာတော့ အရင်မြင်နေကျ ပုံစံတွေကနေ ကွဲထွက်ပြီး မြင်ရမှာပါလို့လည်း သူမက ဆိုပါတယ်။

အခုလည်း အားလုံး အံ့သြရလောက်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်ပြန်ပါပြီ။ သင်ဇာက သူမရဲ့ ပေါင်မှာ တက်တူးတစ်ခုထပ်ထိုးလိုက်တာပဲ ဖြစ်ပါတယ်။ တက်တူးထိုးနေတဲ့ ပုံရိပ်လေးကိုတော့ သင်ဇာက သူမရဲ့ Instagram အကောင့်ကနေ မျှဝေ ပေးထားတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ထပ်ပြီး ထိုးလိုက်တဲ့ တက်တူးက ဘာစာသားလေး ဖြစ်မလဲဆိုတာကိုတော့ သူမ မျှဝေထားတဲ့ ပုံကနေပဲ ခန့်မှန်းလိုက်ရအောင်နော်။ ပုံလေးတွေကိုတော့ သင်ဇာရဲ့ ဆိုရှယ်အကောင့်များမှ ယူထားတာပါ။

Photo Credit – Shayi