ချစ်သူနဲ့ လမ်းခွဲရတဲ့ သင့်သူငယ်ချင်းဟာ အထိုက်အလျောက်တော့ နာကျင်နေမှာပါ။ အဲဒီအခါ သင့်အနေနဲ့ သူငယ်ချင်းကို နှစ်သိမ့်ပေးချင်မှာ အမှန်ပါပဲ။ သင့်သူငယ်ချင်း ငိုယိုဖို့အတွက် ပုခုံးတစ်ဖက် လိုအပ်နေတာမှန်အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို နှစ်သိမ့်ပေးတဲ့အခါ မပြောသင့်တဲ့ စကားတွေရှိပါတယ်။

နင်ဘယ်လိုခံစားနေရတယ်ဆိုတာ ငါသိပါတယ်။

စာနာလို့ပြောတဲ့စကားဖြစ်ပေမယ့် သူ့ကို ပိုပြီးနာကျင်စေပါတယ်။ တကယ်တော့ သူဘယ်လိုခံစားနေရတယ်ဆိုတာ သင်အတိအကျမသိနိုင်ပါဘူး။ အဲလိုပြောမယ့်အစား ဘယ်လိုခံစားရတယ်ဆိုတာ ငါ့ကိုပြောပြပါလား ဆိုပြီး သူပြောသမျှတွေကို နားထောင်ပါ။ သင့်ရဲ့အချစ်ရေးအကြောင်းကို ထည့်မပြောဘဲ သူ့အကြောင်းတွေကိုပဲ နားထောင်ပါ။

ထားလိုက်ပါတော့။

သင့်သူငယ်ချင်းက သင့်ကို သူ့ချစ်သူအကြောင်းပြောတာကို သင်အကြိမ်ပေါင်းများစွာကြားဖူးမှာပါ။ ထားလိုက်စမ်းပါကွာ လို့မပြောဘဲ သူတို့ကို ပညာသားပါပါနှစ်သိမ့်ပေးပါ။

လောကမှာ ယောင်္ကျားတွေ အများကြီးပါကွာ။

သင့်သူငယ်ချင်းက အမြဲတမ်းအသည်းကွဲနေမှာမဟုတ်သလို အနာဂတ်မှာလည်း နောက်ထပ်ချစ်သူအသစ်တစ်ယောက်ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း လောကမှာ ယောင်္ကျားတွေအများကြီးပါကွာလို့ ပြောမယ့်အစား နင်အထီးကျန်ပြီး ဝမ်းနည်းနေတာကို ငါသိပါတယ်။ ဒါပေမယ့် နင်ကသိပ်ကိုတော်တဲ့သူတစ်ယောက်ပါ။ နင့်ကိုချစ်တဲ့သူတွေ အများကြီးရှိလာမှာပါလို့ ပြောပေးပါ။ နောက်တစ်ယောက်ရှာဖို့ထက် သူ့တို့ရဲ့ ခံစားချက်ကို ရည်ညွှန်းပြောဆိုပါ။

နင့်ရည်းစားဟောင်းကို ငါကောင်မလေးတစ်ယောက်နဲ့ တွေ့လိုက်တယ်။

အရမ်းချစ်တဲ့ချစ်သူတစ်ဦးကို လမ်းခွဲလိုက်ရတဲ့အခါမှာ သူအရမ်းနာကျင်နေမှာကိုသတိရပါ။ သူ့ကိုထပ်ပြီး နာကျင်စေတဲ့ စကားတွေမပြောမိအောင်အထူးသတိထားပါ။ အဓိကက သူ့ခံစားချက်တွေကိုပဲ နားထောင်ပေးပါ။

စိတ်ဓါတ်ခိုင်ခိုင်ထားပါ။

စိတ်ခိုင်ခိုင်ထားမငိုပါနဲ့ သူ့လိုလူအစား ခံစားမနေနဲ့လို့ တခါတလေ ပြောတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောမယ့်အစား ငါနင့်နားမှာရှိတယ် နင်ပြောသမျှကို နားထောင်ပေးမယ်လို့ ငိုချင်လည်းငိုလိုက်ပါလို့ ပြောပေးပါ။