[Zawgyi]
Bambi
Aladdin
The Lion King
Puss In Boots
Kung Fu Panda
The Fox And The Hound
Moana
Finding Nemo
Shrek
The Loney Tunes Show
Brother Bear
Source: Brightside.me
[Unicode]
အားလုံးပဲ မင်္ဂလာပါ၊ အာလာဒင်ကာတွန်းကားတို့ The Lion King တို့ Bambi ကာတွန်းကားတွေနဲ့ ကြီးပြင်းလာတဲ့သူတွေထဲမှာ စာဖတ်သူတွေလည်း ပါမှာပဲနော်။ အဲ့ဒီကာတွန်းထဲက တိရစ္ဆာန်ဇာတ်ကောင်လေးတွေရဲ့ပုံရိပ်ကို အပြင်မှာ အမှတ်မထင် ဆုံတွေ့ခဲ့မယ်ဆိုရင်ရော စာဖတ်သူတို့ ဘာလုပ်ကြမလဲ။
အဲ့ဒါဆိုရင် ကလေးဘဝက ပုံရိပ်တွေကို ပြန်လည်လွမ်းဆွတ်တမ်းတရင်း ကာတွန်းဇာတ်ကောင်လေးတွေနဲ့ တကယ့်အကောင်လေးတွေဘယ်လောက်ထိတူလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
Bambi
ဘမ်ဘီကာတွန်းထဲမှာ သမင်လေးဘမ်ဘီနဲ့ သူ့သူငယ်ချင်းယုန်ပေါ့။ အရွက်စားသတ္တဝါလေးတွေဆိုတော့ အပြင်လောကမှာပါ သူငယ်ချင်းဖြစ်နေကြတာ မဆန်းပါဘူး။
Aladdin
အာလာဒင် ကာတွန်းကားထဲက အာလာဒင်ရဲ့အချစ်တော် မျောက်လေး အဘူနဲ့ မှော်ဆရာကြီးရဲ့ကြက်တူရွေးကို သတိရကြသေးတယ်မလား။ ကာတွန်းထဲမှာလဲ အဖျက်သမား ကြက်တူရွေးလေးကို အဘူက လိုက်နှောင့်ယှက်နေရတော့ အပြင်မှာလည်း ဝတ္တရားအရ လိုက်နှောင့်ယှက်နေရတယ်နဲ့ တူပါတယ်လေ။
The Lion King
The Lion King ကာတွန်းကားထဲမှာ ခြင်္သေ့ပေါက်လေး Simba နဲ့ Timon ဆိုတဲ့ မြွေပါလေးက ဒိုးတူဘောင်ဘက် သူငယ်ချင်းတွေပေါ့။ တကယ့်အပြင်လောကမှာပါ သူငယ်ချင်းဖြစ်နေကြတာက တိုက်ဆိုင်မှုတစ်ခုလေပဲလား။
ခြင်္သေ့ပေါက်လေး Simba နဲ့ သူ့အဖေတောဘုရင်ကြီး Mufassa ။ တကယ့်အပြင်မှ ခြင်္သေ့ကြီးနဲ့ ခြင်္သေ့ပေါက်လေးကို လျှပ်တစ်ပြက်ဓာတ်ပုံရိုက်ဖို့ဆိုတာကိုတော့ ဓာတ်ပုံဆရာက တော်တော်စွန့်စားယူခဲ့ရပုံပါပဲ။
Puss In Boots
Shrek ဆိုတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ ကြောင်လေးကို မှတ်မိကြတယ်ဟုတ်။ အပြင်မှာလည်း ချစ်စရာကောင်းတဲ့ ကြောင်လေးတွေ အများကြီးရှိပေမယ့် ဒီဇာတ်ဝင်ကားထဲကလိုမျိုး တစ်ပုံစံတည်း ရိုက်ယူဖု့ိဆိုတာကတော့ တော်ရုံတန်ရုံတိုက်ဆိုင်မှုနဲ့တော့ မရလောက်ပါဘူး။
Kung Fu Panda
ကာတွန်းထဲက Master Shifu နဲ့ အပြင်လောကက Master Shifu မျက်မှောင်ကြုတ်ထားတာကအစ တစ်ထပ်တည်းကျနေသောအခါ
Po ဆိုတဲ့ ပန်ဒါဝက်ဝံလးနဲ့ တူတယ်လို့ရော မထင်ကြဘူးလား
The Fox And The Hound
ကာတွန်းထဲက Tod ဆိုတဲ့ မြေခွေးလေးနဲ့ Copper ဆိုတဲ့ အမဲလိုက်ခွေးလေး
Moana
Moana ကာတွန်းထဲက Pua ဆိုတဲ့ ဝက်ကလေး၊ အပြင်က ဝက်ကလေးကတော့ နည်းနည်းညစ်ပတ်နေတာပေါ့နော်။
HeiHei ဆိုတဲ့ ကြက်ဖလေး၊ အရောင်ကတော့ တူပေမယ့် ပိန်တာဝတာတော့ နည်းနည်းကွာသွားတာပေါ့နော်။
Finding Nemo
နီမိုကာတွန်းကားထဲက ဒိုရီနဲ့ နီမိုကို အရမ်းဂရုစိုက်တဲ့ နီမို့အဖေ Marlin တို့ကလည်း အပြင်လောကမှ သူငယ်ချင်းတွေနဲ့ တူပါတယ်။
Shrek
Shrek ဆိုတဲ့ ကာတွန်းကားထဲက မြည်းကလေး
The Loney Tunes Show
တွီးတီငှက်ကလေးကို အမြဲတမ်းဖမ်းစားဖို့ ချောင်းနေတတ်တဲ့ ကြောင်ကြီး Sylvester
Brother Bear
Kenai နဲ့ Koda ဆိုတဲ့ ဝက်ဝံလေးနှစ်ကောင်
စာဖတ်သူတွေကရော ဒီကာတွန်းကားတွေထဲမှာ ဘယ်ကာတွန်းကို အကြိုက်ဆုံးလဲဆိုတာ ပြောပြခဲ့ကြပါဦး။
Source: Brightside.me