အောင်မြင်မှုအကြောင်းပြောကြတဲ့အခါမှာ ကိုယ့်အိပ်မက်ကြိုးစား အကောင်အထည်ဖော်ခဲ့ကြတဲ့အထဲက ကမ္ဘာကျော်ကားတွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်တဲ့ ဖို့ဒ်ကားကုမ္ပဏီတည်ထောင်ခဲ့သူ ဟင်နရီဖို့ဒ် ပြောခဲ့တာလေးကို သတိရမိပါတယ်။ “အောင်မြင်တဲ့ဘဝတစ်ခုရဲ့ လျှို့ဝှက်ချက်ဆိုတာမျိုးက ကိုယ့်ဘဝမှာ ဘာလုပ်ရမလဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့နဲ့ အကောင်အထည်ဖော်ကြိုးစားဖို့ပဲ။” ဒီတော့ သင်ဘာမလဲဆိုတာကို သိအောင်လုပ်ပါ။ ပြီးတော့ ဖြစ်အောင်လုပ်ပါလို့ ပြောချင်ပါတယ်။

ဖို့ဒ်အနေနဲ့ ငယ်ငယ်ကတည်းက စက်ပစ္စည်းတွေနဲ့ ကြီးပြင်းလာခဲ့ရပြီး အဲဒီစက်ပစ္စည်းတွေကို လုပ်ကိုသင်ယူနေရတဲ့အခါမှာ ပျော်ရွှင်နေတတ်တဲ့ ကလေးတစ်ယောက်အဖြစ် ဖြစ်တည်ခဲ့တယ်။ စက်အင်ဂျင်တွေ အကြောင်း၊ နာရီတွေအကြောင်း၊ စက်ရုံသုံးစက်တွေအကြောင်းကို သူ့ဘာသာသူ လေ့လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နည်းနည်းပါးပါး စက်ပစ္စည်းတွေအကြောင်း နားလည်လာတဲ့အခါကျတော့ နယ်တွေလျှောက်သွားပြီး စက်နဲ့ပက်သက်တဲ့အရာတွေကို အခမဲ့ ပြုပြင်ပေးပါတယ်။

ဖို့ဒ်တစ်ယေက်ယာ အော်တိုမိုးဘိုင်းတွေ တပ်ဆင်နိုင်တဲ့အထိ အတွေးအခေါ်မြင့်မားလာပြီး အဲဒီအတွေးအခေါ်ကပဲ ဖို့ဒ်ကို ပိုပြီးအားကောင်းတဲ့ အရာတွေကို ဖန်းတီးဖို့ ဖြစ်လာပါတယ်။ ၁၈၉၆ မှာ ဖို့ဒ်ဟာ သူ့ရဲ့ ပထမဆုံး ကားကို သူ့အိမ်နောက်ဖေးက ကွင်းပြင်ငယ်လေးမှာ စတင်တည်ဆောက်ခဲ့နိုင်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ကားထုတ်လုပ်ခြင်းလုပ်ငန်းကို တစ်စပြီးတစ်စ ထိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖို့ဒ်ဟာ ကြီးမြတ်သူတစ်ဦးလို့တောင် တင်စားခံရတဲ့အထိဖြစ်ခဲ့တာပါ။

ဒီတော့ ဖို့ဒ်ဟာ သူ့ဘဝအောင်မြင်ဖို့ရာအတွက် သူရဲ့ စိတ်ဝင်စားမှု(အိပ်မက်) ကို ဖော်ရှာတွေ့ခဲ့ပါတယ်။ တွေ့ခဲ့
တာကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ ကြိုးစားအားထုတ်မှု၊ ဇွဲ၊ စဉ်းစားတွေးခေါ်မှုတွေကအစ အစအရာရာ ကြိုးစားခဲ့ရတာချည်းသာဖြစ်ပါတယ်။

Photos: Pixabay
Featured Image: Henry Ford Museum