လူတွေရဲ့အပြုအမူတွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့အကျင့်စရိုက်တွေကို ဖော်ပြပေးနိုင်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြားထားပါတယ်။ မိမိသွားတိုက်ဆေးညှစ်တဲ့ပုံစံကနေ မိမိရဲ့အကြောင်းကို သိနိုင်တယ်ဆိုရင်ရော စိတ်ဝင်စားကြရဲ့လား။ ဒါဆိုရင် မိမိရွေးချယ်လိုက်တဲ့ပုံနဲ့ မိမိအကျင့်စရိုက်နဲ့ တစ်ထပ်တည်းကျရဲ့လားဆိုတာကို အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

ပုံ – ၁

ဒီပုံထဲက အတိုင်း ပုံမပျက်အောင်ညှစ်တယ်ဆိုရင်တော့ သင်က တစ်ယောက်တည်းနေရတာကြိုက်နှစ်သက်ပြီးတော့ စိတ်ကူးယဉ်သမားတစ်ယောက်ပါ။ တစ်ခါတစ်လေမှာ ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် သီးသီးသန့်သန့်လေးဖြစ်နေတတ်တယ်။ အနုပညာဓာတ်ခံလည်းရှိပါတယ်။ သင်က ကြင်နာတတ်တယ်၊ ဖော်ရွေတယ်၊ သူတစ်ဖက်သားကို နားလည်ပေးတယ်၊ သည်းခံစိတ်လည်းရှိတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ သင်က ရိုးသားပြီး ရက်ရောတတ်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပုံ – ၂

သွားတိုက်ဆေးကို အလယ်ကညှစ်တဲ့သူဆိုရင်တော့ သင်က လက်တွေ့ကျပြီး တက်တက်ကြွကြွရှိတဲ့သူတစ်ယောက်ပါ၊ အမြဲတမ်းပဲ လောလော လောလောနဲ့ အလျင်စလိုဖြစ်နေတတ်ပါတယ်။ သင်က သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျမနေတတ်ပေမဲ့လို့ အခက်အခဲတစ်စုံတစ်ခု ကြုံလာရင်တော့ မိမိဘာသာရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူတစ်ယောက်ပါ။ သင်က ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီး သူငယ်ချင်းအပေါင်းအသင်းလည်းများပါတယ်။ မိမိဘဝနဲ့ မိမိစိတ်ခံစားချက်ကို ဘယ်လိုညီမျှအောင်ထားရမလဲဆိုတာကိုလည်း သိတဲ့သူတစ်ယောက်ပါပဲ။

ပုံ – ၃

သင်က ခေါင်းမာတတ်ပြီးတော့ မိမိရဲ့ရည်မှန်းချက်ပြည့်ဝဖို့ရန်အတွက် အရာအားလုံးကို ကြိုးစားလုပ်ဆောင်နိုင်ပါတယ်။ သင်က အဆိုးမြင်ဝါဒီသမားဖြစ်ပြီး လူတွေကိုလည်း ဘယ်တော့မှမယုံကြည်တတ်ပါဘူး။ မိမိကိုယ်သာ အားကိုးရာဆိုတာကို လက်ခံကျင့်သုံးသူတစ်ယောက်ပါ။ သင်က ကိုယ့်ကိုယ်ကိုသာဂရုစိုက်တတ်ပြီး မိမိကောင်းကျိုးအတွက် သူတစ်ပါးအပေါ်မှာ တစ်ကိုယ်ကောင်းမဆန်သရွေ့ ကိုယ့်ကိုယ်ကိုချစ်တတ်တာလေးကတော့ အားကျစရာကောင်းပါတယ်။

ပုံ – ၄

သွားတိုက်ဆေးရဲ့အောက်ခြေကနေ အပေါ်ကို စနစ်တကျညှစ်သွားတယ်ဆိုရင်တော့ သင်ကခြိုးခြံချွေတာတတ်သူတစ်ယောက်ပါ။ မိမိပိုင်ဆိုင်တဲ့အရာများနဲ့ မိမိပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်တတ်ပါတယ်။ သပ်သပ်ရပ်ရပ်နေတတ်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သင်က အလုပ်ကို အမြဲတမ်းကြိုးကြိုးစားစားနဲ့ အကောင်းဆုံးလုပ်ဆောင်တတ်တဲ့အတွက်ကြောင့် အခြားသောသူတွေကလည်း သင့်ကိုဆို ယုံကြည်စိတ်ချကြပါတယ်။ သင့်အိမ်က အမြဲတမ်း သန့်ရှင်းသပ်ရပ်နေပြီးတော့ သင့်ရဲ့ဘဝကိုလည်း စနစ်တကျဖြစ်နေအောင် အမြဲတမ်း ကြိုးစားနေသူတစ်ယောက်ပေါ့။

ပုံ – ၅

နေရာပေါင်းစုံကနေ သွားတိုက်ဆေးညှစ်တတ်တယ်ဆိုရင်တော့ သင်က ကမ္ဘာလောကကြီးကို မတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်တတ်သူပါ။ အနုပညာဓာတ်ခံရှိပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းအားလည်း မြင့်မားပါတယ်။ ဒါပေမဲ့ အချိန်မတိကျတတ်တာ၊ သပ်သပ်ရပ်ရပ်မနေတတ်တာကတော့၊ အလုပ်ကိစ္စတွေကို အစီအစဉ်တကျနဲ့ မလုပ်တတ်တာတွေကတော့ သင့်ရဲ့အားနည်းချက်ပေါ့။ အားသာချက်အနေနဲ့ကတော့ အကောင်းမြင်တတ်ခြင်းနဲ့ ပွင့်ပွင့်လင်းလင်းရှိခြင်းတို့ပါပဲ။ တခါတလေမှာလည်း စိတ်အပြောင်းအလဲမြန်တတ်ပါသေးတယ်။ စာဖတ်သူတွေရော အခုဖော်ပြသွားတာတွေက မှန်ရဲ့လားဆိုတာကို ပြောပြခဲ့ကြဦးနော်။

Source: Brightside.me