သင်ဝင်ဖို့ကြောက်ရွံနေတဲ့ ဂူထဲမှာ သင်ရှာဖွေနေတဲ့ အဖိုးတန်ရတနာတွေတည်ရှိနေတယ်လို့ အမေရိကန်စာရေးဆရာ Joseph Campbell က ပြောဖူးပါတယ်။ ဒါပေမဲ့ယနေ့ခေတ်လူငယ်တွေက အရဲစွန့်ရမှာ၊ မိမိစိတ်အားထက်သန်ရာနောက်ကို လိုက်ရမှာ ကြောက်ရွံနေကြပါတယ်။

သင်က အဲ့ဒီလူငယ်တွေထဲမှာ ပါမယ်ဆိုရင်တော့ သင်ကြောက်ရွံနေတဲ့အရာက ဘာတွေဖြစ်မလဲ၊ သင့်အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုက ဘယ်လိုအရာတွေဖြစ်မလဲဆိုတာကို ရှာဖွေလိုက်ပါ။

ဒီပုံ ၈ ပုံထဲက သင် ဝင်ရမှာအကြောက်ဆုံးအရာတစ်ခုကို ရွေးချယ်လိုက်ပါ။

ပုံ – ၁

သင်က ရေခဲဂူထဲကို ဝင်ရမှာ ကြောက်ရွံနေတယ်ဆိုရင်တော့ သင်က နွေးထွေးကြင်နာမှုကို လိုအပ်နေတဲ့သူတစ်ယောက်ပါ။ ဒီဂူထဲမှာ သင်ရှာဖွေနေတဲ့အရာကတော့ အချစ်ပဲဖြစ်ပါတယ်။ ဘဝမှာ ပျော်ရွှင်မှုအတွက် လက်တွဲဖော်မလိုအပ်ဘူး၊ အချစ်မလိုအပ်ဘူးလို့ သင် ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမဲ့ စစ်မှန်တဲ့လက်တွဲဖော်နဲ့ တွေ့သွားရင်တော့ ဒီလူနဲ့ စောစောမတွေ့ရလေခြင်းလို့ စိတ်မကောင်းကြီးစွာ ဖြစ်နေပါလိမ့်မယ်။ အကယ်၍ သင်က ချစ်သူရည်းစာရှိနေတဲ့ သူဆိုရင်တော့ အချစ်သစ်ကို ရှာဖွေဖို့ ပြင်းပြနေတဲ့ သူတစ်ယောက်ပေါ့။

ပုံ – ၂

ကျောချမ်းဖို့ကောင်းတဲ့ ဥမင်လှိုဏ်ခေါင်းထဲကို ဝင်ရောက်ဖို့ ကြောက်ရွံနေတယ်ဆိုရင်တော့ သင့်စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ မိမိကိုယ်ကို စိတ်အားငယ်နေတဲ့အတွေးတွေ၊ မကောင်းမြင်တတ်တဲ့အတွေးတွေကို ဖယ်ရှားပေးဖို့ လိုအပ်နေပါပြီ။ ဒီဥမင်လှိုဏ်ခေါင်းထဲမှာ သင်ရှာဖွေရမဲ့အရာကတော့ မိမိကိုယ်ကိုယုံကြည်ခြင်းးပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားပြီး ဘဝခရီးလမ်းကိုရဲရဲဝံ့ဝံ့လျှောက်လှမ်းလိုက်ပါ။ မည်းမှောင်နေတဲ့ ဥမင်လှိုဏ်ခေါင်းရဲ့အဆုံးတစ်ဖက်မှာ အလင်းရောင်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။

ပုံ – ၃

သင်က ဒီဂူထဲကို ဝင်ရောက်ဖို့ ကြောက်ရွံနေတယ်ဆိုရင်တော့ သင့်ဘဝက ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေတယ်လို့ သင်ထင်နေပါတယ်။ သင်က ဂူထဲမှာပိတ်နေပြီး တစ်ယောက်ယောက်က သင့်ကိုလာကယ်စေချင်နေတာပါ။ သင်ရှာဖွေချင်နေတာကတော့ ပျော်ရွှင်စရာကောင်းပြီး သင်ယူစရာအသစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဘဝခရီးလမ်းတစ်ခုကိုပါ။ သင့်ရဲ့ဘဝခရီးလမ်းအသစ်ကို စတင်ဖို့ ဘာကိုကြောက်ရွံနေမလဲ၊ အခုချက်ချင်းပဲ စူးစမ်းရှာဖွေလိုက်ပါ။

ပုံ – ၎

ယုန်တွင်းထဲကို ဝင်ဖို့သင် ကြောက်ရွံနေတာလား။ ဒါဆိုရင်တော့ သင်က ဘဝမှာ သင်လိုချင်နေတဲ့အရာတွေကို သေချာသိပေမဲ့လည်း သင့်မိသားစုတွေအနားမှာ သင်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီးသားလူတွေနဲ့သာ အပေါင်းအသင်းလုပ်ရတာကို ပျော်မွေ့နေသူတစ်ယောက်ပါ။ ဒီယုန်တွင်းထဲမှာ သင်ရှာဖွေရမဲ့အရာကတော့ ဘဝရဲ့အဓိပ္ပါယ်ပါပဲ။ မိတ်ဆွေသူငယ်ချင်းအသစ်တွေ ရှာဖွေပြီး အပေါင်းအသင်းလုပ်ပြီး လူအများကို နားလည်အောင် ကြိုးစားသင့်ပါတယ်။

ပုံ – ၅

စွန့်ပစ်အဆောက်အဦးထဲကို ဝင်ရောက်ဖို့ ကြောက်ရွံနေတယ်ဆိုရင်တော့ သင်ကထက်မြက်ပြီး စိတ်ဓာတ်ကြံခိုင်တဲ့ သူတစ်ယောက်ပါ။ ရည်မှန်ချက်မြင့်မြင့်ထားတတ်ပြီး သင့်ပတ်ဝန်းကျင်ကလူတွေကိုလည်း သင့်လိုပဲ ရည်မှန်ချက်မြင့်မြင့်ထားစေချင်နေတာပါ။ ပုံထဲက အုတ်ခဲတွေကတော့ သင့်ရဲ့မြင့်မားတဲ့ရည်မှန်းချက်တွေကြောင့် သင့်အနားက လူတွေက သင့်ကိုကြောက်လန့်နေတာပါ။ သင်က သင့်အနီးကလူတွေကို အားနည်းစေတယ်လို့ ထင်နေပါတယ်။ ဒီအဆောက်အဦးပျက်ထဲမှာ သင်ရှာဖွေရမဲ့အရာကတော့ စိတ်ကျေနပ်မှုနဲ့ ရောင့်ရဲတင်းတိမ်တတ်မှုပါပဲ။

ပုံ – ၆

ပုံ ၈ ပုံထဲမှာမှ အိမ်အဟောင်းထဲကို ဝင်ဖို့ကြောက်ရွံနေရခြင်းက သင်က ကြင်နာတတ်တဲ့သူ၊ သစ္စာစောင့်သိသူ၊ ပေးကမ်းရက်ရောတတ်သူတစ်ယောက်ဖြစ်တယ်ဆိုတာ ဖော်ပြနေပါတယ်။ သင်ချစ်တဲ့သူတွေကို ကာကွယ်ပေးချင်စိတ်၊ အကောင်းဆုံးကိုသာ ပေးချင်စိတ်တွေ ပြည့်လျှံနေပါတယ်။ ဒီအိမ်ထဲမှာ သင်ရှာဖွေရမဲ့အရာကတော့ ကြွယ်ဝချမ်းသာမှုပါပဲ။ ကြွယ်ဝချမ်းသာမှုက သင်ချစ်ရတဲ့သူတွေကို လုံခြုံစွာထားနိုင်တယ်လို့ သင်ယုံကြည်နေပါတယ်။

ပုံ – ၇

လှေကားတွေကို သင်ကြောက်ရွံနေတယ်ဆိုရင်တော့ သင်က ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်လျှံနေတဲ့ ဘဝကို မက်မောတမ်းတနေတဲ့သူတစ်ယောက်ပါ။ ဒီလှေကားတွေကနေ ဆင်းဖို့ကြောက်ရွံနေခြင်းက သင်ကမြေမြှုပ်ခံရမှာကို ကြောက်နေတယ်လို့ ဖော်ပြနေပါတယ်။ သေခြင်းတရားကို ကြောက်ရွံနေတာပေါ့။ သင့်ရှာဖွေရမဲ့ရတနာကတော့ ကျန်းမာခြင်းပါပဲ။ မိမိကိုယ်ကို ဂရုစိုက်ပါ၊ ကိုယ့်အတွက်မကောင်းတဲ့ အလေ့အကျင့်တွေကို ဖျောက်ဖျက်ပါ။ ဟင်းသီးဟင်းရွက်များများ စားပေးပါ။

ပုံ – ၈

ဒီနေရာထဲကို ဝင်ရမှာ ကြောက်ရွံနေတယ်ဆိုတာက သင်က လုံလဝီရိယရှိတဲ့သူတစ်ယောက်၊ အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ ဖော်ပြနေပါတယ်။ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကို ဖြည်းဖြည်းမှန်မှန်နဲ့ အောင်မြင်မှုဆီလျှောက်လှမ်းတတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သင်ကအလုပ်ကြိုးစားလွန်းပြီး အနားယူဖို့ကို မေ့လျော့တတ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အနားယူလိုက်ရတာက အချိန်ဖြုန်းနေတာလို့ ယူဆနေသူပါ။ ဒီတံခါးရဲ့နောက်ကွယ်မှာ သင်ရှာဖွေရမဲ့အရာကတော့ သက်သောင့်သက်သာဖြစ်မှုပါပဲ။ တခါတရံမှာ မိမိကိုယ်ကိုအနားပေးခြင်းက အကြံဥာဏ်သစ်တွေရရှိအောင် ကူညီပေးပါလိမ့်မယ်။

Source: Brightside.me