အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ် အင်တာနက်အသုံးပြုသူတွေကြား ခေတ်စားနေတဲ့ ဂိမ်းကစားနည်းတစ်မျိုးကတော့ ကိုယ်ရွေးချယ်လိုက်တဲ့ပုံ၊ ဒါမှမဟုတ် ကိုယ်ပထမဦးဆုံး မြင်လိုက်တဲ့ပုံကနေ ကိုယ့်အကြောင်းကို ဖော်ပြပေးတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။

စိတ်ပညာရှင်တွေကလည်း ဒီစမ်းသပ်မှုကိုပဲ အသုံးပြုကြတာပါ။

အခုမြင်ရမယ့် ပုံတွေမှာလည်း ပုံသဏ္ဍာန်နှစ်မျိုးစီရှိပြီးသားပါ။ ဒါပေမဲ့ ကိုယ်အရင်ဦးဆုံးမြင်လိုက်တဲ့ ပုံသဏ္ဍာန်ကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် စာရေးသူနဲ့ အတူတူ မိမိရဲ့စိတ်ကိုစမ်းသပ်နိုင်တဲ့ဂိမ်းလေး စဆော့လိုက်ရအောင်။

နံပါတ် (၁)

ဒီပုံလေးမှာ ဘာကို အရင်ဆုံးမြင်လိုက်ပါသလဲ။ ခြင်္သေ့ကို မြင်တယ်ဆိုရင်တော့ သင်က ကိုယ်ကြောက်ရွံ့တဲ့အရာတစ်ခုခုကို ရင်ဆိုင်ရမှာ မကြောက်တဲ့ သတ္တိရှိတဲ့လူသားတစ်ဦးပါ။ ပြဿနာတစ်ခုခု ကြုံတွေ့လာရင်လည်း ဇစ်မြစ်ကို သေသေချာချာစူးစမ်းရှာဖွေတတ်တဲ့သူပဲ ဖြစ်ပါတယ်။

ထူးဆန်းတဲ့ငှက်တစ်ကောင်ကို အရင်ဆုံးမြင်လိုက်တယ်ဆိုရင်တော့ သင်က အတန်ငယ် ခေါင်းမာတတ်တဲ့သူပါ။ တချို့အခြေအနေတွေမှာဆို တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့ပြီး ခေါင်းရှောင်တတ်ပါတယ်။ ဒါပေမဲ့ သင့်မှာ တီထွင်ဖန်တီးနိုင်စွမ်းအား ကောင်းမွန်ပြီး ကမ္ဘာကြီးကို အကောင်းဆုံး ပြောင်းလဲချင်သူပဲဖြစ်ပါတယ်။

နံပါတ် (၂)

ဘဲတစ်ကောင်ကို အရင်မြင်တယ်ဆိုရင်တော့ သင်က ခံစားချက်ကို ဦးစားပေးပြီး စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်ပါ။ မိမိစိတ်ကို အလွန်ဦးစားပေးလွန်းတာကြောင့် တခါတရံမှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ဒီလိုဆုံးဖြတ်လိုက်ရလေခြင်းဆိုပြီး နောင်တရတတ်ပါတယ်။

ယုန်တစ်ကောင်ကို အရင်မြင်တယ်ဆိုရင်တော့ သင်က တစ်ခုခုကို မဆုံးဖြတ်မှီမှာ သူ့ရဲ့ အကျိုးဆက်တွေကို အရင်စဉ်းစားတဲ့သူပါ။ ခံစားချက်ကို ဦးစားမပေးဘဲ ဆင်ခြင်တုံတရားကိုသာ ဦးစားပေးတာကြောင့် သင့်ကို သွေးအေးတဲ့သူလို့ အခြားသူတွေက သမုတ်ကြပါတယ်။

နံပါတ် (၃)

မိချောင်း ၂ ကောင်ကို အရင်မြင်တယ်ဆိုရင်တော့ သင်က ကိစ္စအားလုံး ကိုင်တွယ်ရာမှာ အထိန်းအကွပ်မဲ့အောင် မပြုလုပ်ဘဲ အစီအစဉ်တကျ ကိုင်တွယ်သူပါ။ အရာအားလုံးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတာကြောင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။

ငှက်တစ်ကောင်ကို အရင်မြင်တာဆိုရင်တော့ အခြားသူတွေပြောသမျှကို ဂရုတစိုက်နားထောင်ပေးတတ်တဲ့သူဖြစ်တာကြောင့် လူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အလေးအနက်ထားတတ်တဲ့သူတစ်ယောက်ပါ။

နံပါတ် (၄)

ခွေးတစ်ကောင်ရဲ့ နှုတ်သီးကို အရင်မြင်တယ်ဆိုရင်တော့ သင်က အရာရာကို လူအများစဉ်းစားတွေးခေါ်တဲ့ ပုံစံအတိုင်း တွေးတောကြံဆတတ်သူဖြစ်ပါတယ်။ သမရိုးကျဖြစ်စဉ်အတိုင်း လုပ်ဆောင်လေ့ရှိတဲ့သူတစ်ယောက်ပါ။

အဲ့ဒီလိုမဟုတ်ဘဲနဲ့ ခွေးတစ်ကောင်ရဲ့ ခြေထောက်နဲ့အမြီးကို အရင်ဆုံးမြင်တာဆိုရင်တော့ သင်က လမ်းဟောင်းကနေ ဖောက်ထွက်ပြီး အခြားသူတွေ မစဉ်းစားတဲ့ ရှုထောင့် အမြင်ကနေ စဉ်းစားတွေးခေါ်တတ်သူပဲဖြစ်ပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ ကိုယ့်ရဲ့တီထွင်ကြံဆနိုင်စွမ်းကို အသုံးချနိုင်တဲ့သူပါ။

အပိုဆု

Wolverine လား Batmen လား။ Wolverine ကို အရင်မြင်တာဆိုရင်တော့ သင်က Marvel ဖန် ဖြစ်ပြီး Marvel စီးရီးတွေ ကြည့်ရတာ နှစ်သက်တဲ့သူတစ်ယောက်ပါ။ Batmen ကို အရင်မြင်တာဆိုရင်တော့ သင်က DC ဖန်ပဲဖြစ်ပါတယ်။

အခုစမ်းသပ်သွားတဲ့ ဂိမ်းလေးက သင့်အကြောင်းကို ဘယ်လောက်ထိ မှန်ကန်အောင် ပြောနိုင်သလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Source: Brightside.me