လူတစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ထားတဲ့အရည်အချင်းက တူညီမှာမဟုတ်သလို အကျင့်စရိုက်ချင်းလည်း တူညီကြမှာမဟုတ်ပါဘူး။ သင်က တစ်ယောက်တည်း သီးသန့်နေရတာကို ကြိုက်နှစ်သက်တဲ့သူလား၊ ဒါမှမဟုတ် အဖော်အပေါင်းတွေနဲ့ တစ်စုတစ်ရုံးတည်းနေရတာကို ကြိုက်နှစ်သက်တဲ့သူလားဆိုတာကို ဒီပုံရိပ်လေးတွေက ဖော်ပြပေးပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့ ပုံတစ်ပုံချင်းစီကို လျှပ်တစ်ပြက်ကြည့်ပြီး သင်ပထမဆုံးမြင်ရတဲ့ ပုံရိပ်လေးတွေရဲ့ အဓိပ္ပာယ်ကို အဖြေရှာလိုက်ပါ။

မြင်းကျားကို အရင်ဦးဆုံးသတိထားမိတယ်ဆိုရင်တော့ သင်က စကားများများပြောရတာကို ကြိုက်နှစ်သက်သူ၊ ပျော်ပွဲရွှင်ပွဲတွေ တက်ရတာကြိုက်နှစ်သက်သူ၊ လူအသစ်တွေနဲ့ တွေ့ဆုံရတာ ပျော်ပိုက်တဲ့သူပါ။ အသစ်သစ်သောအရာတွေကို ပြုလုပ်ရတာကြိုက်နှစ်သက်ပြီး ပုံသေကားချပ်ပြုလုပ်နေရတာကတော့ သင့်ပုံစံ မဟုတ်ပါဘူး။

ခြင်္သေ့ကို အရင်ဆုံးမြင်တယ်ဆိုရင်တော့ သင်က ဘာသိဘာသာနဲ့ တစ်ဦးတည်းနေရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။ လူသစ်တွေနဲ့ တွေ့ဆုံရတာမကြိုက်ဘဲ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ပဲ အတူတူအချိန်ကုန်ဆုံးချင်သူပါ။ ကိုယ်ချစ်တဲ့သူနဲ့ တီဗွီလေးအတူတူကြည့်၊ ဝိုင်လေးသောက်ရင်း ပျော်ရွှင်စရာအချိန်ကို ကုန်ဆုံးချင်သူပါ။

သစ်ပင်ကို အရင်ဆုံးမြင်မိတယ်ဆိုရင်တော့ သင်က စကားများများမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နေရတာကို ကြိုက်နှစ်သက်သူပါ။ ဒီလိုဖြစ်ရခြင်းက ရှက်ကြောက်နေခြင်းကြောင့်မဟုတ်ပါဘူး။ မိမိရဲ့ ဖြစ်တည်မှုကို လက်ခံပြီး အခြားသူတစ်ဦးဦးရဲ့ ထင်မြင်ယူဆချက်နဲ့ သဘောတူညီချက်ကို မလိုအပ်လို့ပဲဖြစ်ပါတယ်။

ဂေါ်ရီလာမျောက်ဝံကို မြင်တယ်ဆိုရင်တော့ သင်က အဖက်ဖက်က ပြီးပြည့်စုံနေတဲ့သူတစ်ယောက်ပါ။ သတိထားရမှာတစ်ခုကတော့ တစ်ခါတရံမှာ သင့်ရဲ့စံသတ်မှတ်ချက်တွေက တခြားသူတွေရဲ့ခံစားချက်ကို ထိခိုက်စေနိုင်ပါတယ်။

ငါးလေးတွေကို မြင်တယ်ဆိုရင်တော့ သင်က စိတ်ခံစားချက်နဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံတဲ့သူတစ်ယောက်ပါ။ စိတ်နှလုံးသားကလည်း နူးညံ့ပျော့ပျောင်းတဲ့သူတွေပါ။ သင့်ရဲ့အားနာတတ်မှု၊ သဘောကောင်းတတ်မှု၊ နူးညံ့ပျော့ပျောင်းတဲ့စိတ်ထားကို တခြားသူတွေ အခွင့်အရေးမယူပါစေနဲ့။

ကလေးလေးတစ်ယောက်ကို အရင်ဆုံး မြင်တယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးမကောင်းလို့ အခြားသူတွေကို အချိန်မပေးတတ်တာအတွက် အပြစ်ရှိတဲ့စိတ်မထားပါနဲ့။ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လွတ်လပ်လပ်သာကုန်ဆုံးပါ။

စုံတွဲလေးကို အရင်ဆုံးမြင်တယ်ဆိုရင်တော့ သင်က ဆူဆူညံ့ညံ့နဲ့သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားနေရတာမပျော်ပေမယ့် သူငယ်ချင်းတွေကိုတော့ တကယ်ချစ်ခင်တဲ့သူပါ။ သူငယ်ချင်းတွေအတွက်ဆို ဘာမဆိုလုပ်ပေးမယ့်သူမျိုးပါ။

သစ်ပင်ကို အရင်ဆုံးမြင်တဲ့သူဆိုရင်တော့ သင်ကပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး အသစ်အဆန်းတွေကို ခုံမင်သူပါ။ ပုံသေမဟုတ်ဘဲ အပြောင်းအလဲတွေကို နှစ်သက်သူတစ်ယောက်ပါ။

မျက်နှာကို အရင်ဆုံးမြင်တဲ့သူဆိုရင်တော့ သင်က နှိမ့်ချတတ်တဲ့သူဖြစ်ပြီး ဘဝမြင့်ထောင်လွှားခြင်းမရှိတဲ့သူပါ။ သင်က စကားပြောတဲ့အခါ အဆင်ပြေပြေနဲ့ ပေါ့ပေါ့ပါးပါးပြောလို့ရတဲ့သူပါ။ အခြားသူများကို ကိုယ်ချင်းစာပေးတဲ့အပြင် နားလည်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အခြားသူတွေကို ဂရုစိုက်ပေးတတ်သူဆိုလည်း မမှားပါဘူး။

လူပုံသဏ္ဍာန်နှစ်ခုကို မြင်ရတယ်ဆိုရင်တော့ သင်က ယှဉ်ပြိုင်လိုစိတ်များတဲ့သူတစ်ယောက်ပါ။ သင် လုပ်တဲ့အရာတိုင်းကိုလည်း အမြဲတမ်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်တဲ့သူတစ်ယောက်ပါ။ ရည်မှန်းချက်များကို မြင့်မြင့်ထားခြင်းက ကောင်းတဲ့အရာတစ်ခုပါပဲ။ ဒါပေမဲ့ မိမိကိုယ်ကို အနားယူချိန်နဲ့ စိတ်အပန်းဖြေဖို့အချိန်ပေးရမယ်ဆိုတာကိုတော့ မမေ့ပါနဲ့နော်။

Source: Brightside.me