အားလုံးပဲ မင်္ဂလာပါ။ နေ့စဉ်မိတ်ကပ်ပြင်ဆင်တဲ့အခါ ပါးပါးလေးနဲ့ သဘာဝဆန်တဲ့ မိတ်ကပ်ပုံစံကိုသာ ပြင်ဆင်ခြယ်သသင့်ပါတယ်။

မိတ်ကပ်အထူကြီးလိမ်းတာက အသားအရေကို ပျက်စီးစေတဲ့အပြင် သင် မိတ်ကပ်အလွန်အကျွံလိမ်းထားမှန်းလည်း သိသာပါတယ်နော်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ရှိရင်းစွဲအလှလေးလည်း မပျက်အောင်၊ မိတ်ကပ်လိမ်းထားမှန်းလည်း မသိသာအောင်လို့ မိတ်ကပ်ဘယ်လိုပြင်ရမလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

မျက်လုံးအောက်ဖက်ကို ကွန်စီလာလိမ်းပေးဖို့ မမေ့ပါနဲ့

ကွန်စီလာ နံပါတ်အမျိုးအစားရွေးချယ်ရာမှာလည်း ဖောင်ဒေးရှင်းနံပါတ်ထက် အရမ်းဖျော့တာမျိုး အသုံးမပြုပါနဲ့

ပါးနီလိမ်းတဲ့အခါမှာလည်း တစ်နေရာတည်းမှာပဲ ကွက်ပြီး နီရဲမနေအောင်လို့ မိတ်ကပ်ဘရက်ရှ်လေးနဲ့ Blend လုပ်ပေးပါ

မျက်နှာသေးသွားသယောင်ဖန်တီးတဲ့အခါ၊ ဒါမှမဟုတ် နှာခေါင်းဖော်တဲ့အခါ အညိုရောင်တွေ အများကြီးမသုံးပါနဲ့၊ သင့်ကို ၅ နှစ်လောက် အသက်ပိုကြီးသွားသလို ထင်ရစေပါတယ်။

Eyeshadow လိမ်းတဲ့အခါမှာတော့ သဘာဝဆန်တဲ့အရောင်၊ အညိုရောင်လေးတွေနဲ့ ခြယ်သပေးပါ

Smokey မျက်လုံးခြယ်တဲ့အခါမှာလည်း မျက်လုံးအပြည့်မခြယ်ပါနဲ့

သဘာဝဆန်ပြီး နူးညံ့ပျော့ပျောင်း မိန်းကလေးဆန်စေတဲ့ နှုတ်ခမ်းနီလေးတွေ ရွေးချယ်ဆိုးပေးပါ

နှုတ်ခမ်းဖူးဖူးလေးဖြစ်ဖို့အတွက် နှုတ်ခမ်းကို လိုင်နာနဲ့ဘောင်ကွတ်တဲ့အခါမှာလည်း အရောင်ရင့်တွေ မသုံးဘဲ အရောင်နုလေးတွေနဲ့ ဘောင်ကွတ်ပေးပါ

မျက်တောင်ကော့တဲ့အခါ အမဲရောင် (သို့မဟုတ်) အညိုရောင် မျက်တောင်ကော့ဆေးကိုပဲ စွဲစွဲမြဲမြဲ အသုံးပြုပါ

သဘာဝဆန်တဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုပုံစံကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ မျက်တောင်တု မတပ်ပါနဲ့

အခုဖော်ပြသွားတဲ့ ဆောင်ရန် ရှောင်ရန်အချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင်တော့ နေ့ရက်တိုင်းမှာ သဘာဝဆန်တဲ့ အလှပိုင်ရှင်လေးဖြစ်သွားမှာ အသေအချာပါပဲ။

Source: Cheatsheet.com