အားလုံးပဲမင်္ဂလာပါနော်။ လိပ်ပြာလေးတွေဟာ လှပမှု၊ လွတ်လပ်မှုရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ အနုပညာရှင်အများအပြားကလည်း လိပ်ပြာပုံလေးတွေနဲ့ အနုပညာဖန်တီးမှုတွေ ပြုလုပ်တတ်ကြပါတယ်။ အရောင်အသွေးစုံလင်ပြီး လှပလွန်းတဲ့ လိပ်ပြာပုံလေးတွေက သင့်အကြောင်းကိုပြောပြနေပါတယ်နော်။

၁။ သင်ဟာ ဆတ်ဆတ်ထိမခံသူလေးဖြစ်ပြီး ရိုးသားတဲ့သူလေးဖြစ်ပါတယ်။

ဒီပုံလေးကို ရွေးချယ်လိုက်ရင်တော့ သင်ဟာ ဆတ်ဆတ်ထိမခံသူ၊ ရိုးသားသူ၊ ရိုမန့်တစ်ဆန်သူဖြစ်ပါတယ်။ သင်နဲ့မသိတဲ့သူတွေအပေါ်မှာလည်း သင်ရိုးသားတယ်။ လူတွေကို သင့်လိုပဲလို့ထင်တတ်တယ်။ တခြားသူသင့်ရှေ့မှာ အကူအညီလိုနေတဲ့အခါ၊ သင့်ရှေ့မှာ ဝမ်းနည်းနေတဲ့အခါ သိပ်ကို ခံစားရတတ်တယ်။

တခြားသူကို ကူညီတတ်တဲ့ သဘောသဘာဝရှိတယ်။ ဒါပေမယ့် သင့်ကိုယ်သင် ဂရုစိုက်သင့်တယ်လို့အကြံပြုချင်တယ်။

၂။ သင်ဟာအေးချမ်းတယ်

သင်ဟာ အေးချမ်းပြီး လူတွေနဲ့ သဟဇာတဖြစ်တယ်။ တည်ငြိမ်တဲ့သွင်ပြင်ရှိတယ်။ သင့်ဟာ မျှတတဲ့သူဖြစ်တယ်။ သင့်ဘဝကိုလည်း သင်လေးစားတယ်။ သင့်ရဲ့ Personal ဘဝနဲ့ သင့်ရဲ့ အလုပ်ကို ညီမျှအောင်လုပ်တတ်တယ်။ ဒီလို ညီမျှအောင်လုပ်တာက သင့်ကို ပျော်ရွှင်စေတယ်လို့ ခံယူထားတယ်။

၃။ သင်ဟာ တီထွင်ဆန်းသစ်မှုကောင်းတယ်

သင်ဟာ အလှတရားကိုမြင်နိုင်တယ်။ တီထွင်ဆန်းသစ်မှုကောင်းတယ်။ တခြားသူတွေကိုလည်း အလှဆုံးမြင်တတ်တယ်။ ဘဝကို နားလည်ဖို့အတွက် ဝေဖန်ဆန်းစစ်တတ်တယ်။ လက်တွေ့ကျပြီး သင့်ကို တခြားသူတွေက ရင့်ကျက်တဲ့သူလို့မြင်လေ့ရှိတယ်။

အလုပ်မှာလည်း တော်တယ်။ အချိန်မှီအလုပ်ကို ပြီးအောင်လုပ်နိုင်တယ်။ အလုပ်အတွက် သိပ်ပြီး စိတ်ဖိစီးလေ့မရှိဘူး။

၄။ သင်ဟာ ရည်ရွယ်ချက်ကြီးမားတဲ့သူဖြစ်တယ်

သင်ဟာ ရည်ရွယ်ချက်ကြီးမားတယ်။ ပန်းတိုင်မြင့်မြင့်ထားတယ်။ ပျင်းရိတာကိုလုံးဝမကြိုက်သလို သင်ကိုယ်တိုင်လည်း အလုပ်ကြိုးစားတဲ့သူဖြစ်တယ်။ သင်ဟာ ပန်းတိုင်နဲ့ အနီးဆုံးဖြစ်နေပြီဆိုတာ ပြသလေ့ရှိတယ်။

၅။ စိတ်အားထက်သန်တယ်

သင့်ဟာ စိတ်အားထက်သန်တဲ့သူဖြစ်တယ်။ သင်လုပ်တဲ့အရာအားလုံးအပေါ် သင်နှစ်သက်တယ်။ သင့်ဘဝရဲ့ ရည်ရွယ်ချက် အိပ်မက်တွေက သင့်အတွက် အတွေ့အကြုံတွေအများကြီးဖြစ်စေတယ်။ ပျင်းရိတာကို လုံးဝမကြိုက်ဘူး။ အလုပ်ကြိုးစားပြီး အချိန်မှီလုပ်ချင်ပေမယ့် တခါတလေ အချိန်မီပြီးဖို့ ရုန်းကန်နေရတတ်တယ်။

၆။ လက်တွေ့ကျတယ်

သင်ဟာ လက်တွေ့ကျပြီး ပညာရှိတယ်။ သင့်အနားကလူတွေက သင့်အပေါ် ရိုးသားမှု၊ အပြုသဘောဆောင်တဲ့ အကြံဉာဏ်ပေးဖို့ (သို့) ဝေဖန်ဖို့ အတွက် ချည်းကပ်လာတတ်ကြတယ်။ ဘာလို့လဲဆိုတော့ အခြေအနေတစ်ခုနေ စိတ်ခံစားမှုကို ခွဲခြားနေတယ်။ စိတ်ခံစားမှုကို ဦးစားမပေးဘူး။ ကိုယ်ကျင့်တရားကောင်းတယ်။ ဒီလိုကိုယ်ကျင့်တရားကောင်းဖို့လည်း အမြဲတမ်း ကြိုးစားတယ်။

Source: www.brightside.me

By: MyStyle Myanmar