ပျိုမေတို့ သတိထားမိကြရဲ့လားတော့မသိဘူး။ နိုင်ငံတကာမှာအောင်မြင်နေတဲ့ နာမည်ကြီးဆယ်လီတိုင်းလိုလိုဟာ သူတို့ရဲ့ ဒုတိယစီးပွားရေးအဖြစ် အဝတ်အစား Brand တွေ အလှကုန်တွေ ရေမွှေးကို Personal Brand တွေအနေနဲ့ ထုတ်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီ Trend ဟာ တစ်ဖြည်းဖြည်းရိုက်ခတ်လာပြီး မြန်မာ ဆယ်လီတွေ အများစုလည်း Personal Brand တွေထုတ်လာကြပါတယ်။

အခုပြောပြပေးမှာကတော့ ပျိုမေတို့ရာသီခွင်နဲ့လိုက်ပြီး သုံးသင့်တဲ့ နိုင်ငံတကာမှာ နာမည်ကြီးသော ဆယ်လီတွေထုတ်ထားတဲ့ Signature အနံ့တွေနဲ့ Perfume တွေအကြောင်းပြောပြပေးချင်ပါတယ်။ ရာသီခွင်တွေရဲ့ စရိုက်အပေါ်မူတည်ပြီး သုံးသင့်တဲ့ ရေမွှေးတွေကို ဖော်ပြပေးမှာဆိုတော့ မိမိ Zodiac Sign ပေါ်မူတည်ပြီး ဘယ်အနံ့ကကိုယ့်အတွက် လိုက်ဖက်လဲဆိုတာကို ရှာရတာလဲလွယ်ကူသွားတာပေါ့။

VIRGO

Virgo ရာသီခွင်တွေအတွက်ကတော့ Queen B လို့ခေါ်တဲ့ Beyonce ရဲ့ Heat ကလိုက်ဖက်တဲ့အနံ့ပဲဖြစ်မှာပါ။ ဆွဲဆောင်မှုရှိတဲ့ Virgo ဖွားတွေအတွက် Sexy ကျတဲ့အနံ့ကို ပိုင်ဆိုင်ထားဖို့ပဲ လိုပါတယ်။

LIBRA

Libra ရာသီခွင်တွေဟာ အပြင်ပန်းဆွဲဆောင်မှုကို ပိုပြီးသဘောကျ ကြသူတွေပါ။ ပြောရမယ်ဆို Physical ကိုပိုပြီးအားသာသူတွေပေါ့။ ဒါကြောင့် Libra တွေအတွက်ဆို Ariana Grande ရဲ့ Cloud ပဲကိုရွေးချယ်သင့်ပါတယ်။ Cute Bottle လေးနဲ့ ရေမွှေနံ့ဟာလည်း သကြားလုံးဆန်ဆန် Sweet ဖြစ်မယ့်အနံ့ကြောင့် အကြိုက်တွေ့မှာပါ။

SCORPIO

Scorpio တွေဟာ စိတ်ဓာတ်မာပြီး Passionate ဖြစ်တတ်လွန်းတော့ Rihanna ရဲ့ Love Always ကိုရွေးချယ်လိုက်ပါ။ Rihanna ရဲ့ Signature အနံ့ဆိုတော့ ယုံကြည်မှုကိုပိုတိုးစေမှာပါ။

SAGITTARIUS

Sagittarius တွေဟာ ခရီးသွားရတာတို့ အသစ်သစ်တွေကို စိတ်လှုပ်ရှားတတ် Personality ရှိလို့ Katy Perry ရဲ့ Exotic အနံ့ကိုပေးနိုင်တဲ့ Indi Visible ကိုပဲ ရွေးချယ်သင့်ပါတယ်။

CAPRICORN

Capricorn တွေအတွက်ကတော့ Taylor Swift ရဲ့ Incredible Things ကို မျက်စိမှိတ်ပြီးရွေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သင်ဟာများသောအားဖြင့် အိမ်မှာသက်တောင့်သက်တာ နေတတ်တဲ့ Type မျိုးဖြစ်လို့ အပြင်ထွက်လည်း ရေမွှေးဆွတ်ထားမှန်းသိပ်မသိသာတဲ့ Natural Scent လေးကိုပဲ သုံးသင့်ပါတယ်။

AQUARIUS

Aquarius တွေအတွက်ကတော့ Britney Spears ရဲ့ Prerogative ပါပဲ။ အနံ့ကလည်း Cool ဖြစ်လို့ သင့်ရဲ့ Unconventional Attitude နဲ့တော့ကွက်တိပါပဲ။

PISCES

Typical ဖြစ်တဲ့ Pisces တွေကတော့ အကောင်းဆုံးဆို အကောင်းဆုံးကိုမှ ကြိုက်နှစ်သက်သူတွေပါ။ ဒီ့အတွက် Luxurious ကိုကြိုက်သူများအတွက် Paris Hilton ရဲ့ Platinum Rush ကသင့်အတွက် အသင့်တော်ဆုံးပါပဲ။

Source: AllWomenStalk