ယနေ့ခေတ် လူငယ်တွေရဲ့ စိတ်လက်အပန်းဖြေနည်းတွေထဲမှာ ဂိမ်းကစားခြင်းကမပါမဖြစ်ပါပဲ။ တစ်ယောက်တည်းဆော့မယ်၊ တစ်ခါတလေ သူငယ်ချင်းတွေကို Invite လုပ်ပြီး အတူတူဆော့ကြမယ် စသဖြင့် အားလပ်ချိန်ကို ကုန်ဆုံးကြပါတယ်။ လူငယ်တွေအနေနဲ့ကတော့ အခြားသူတွေကို မထိခိုက် အနှောက်အယှက်မဖြစ်စေပဲ သူတို့လွတ်လပ်ခွင့်ကို သူတို့စိတ်ကြိုက် အသုံးချကြတာပေါ့။ လူကြီးတွေအနေနဲ့ကျပြန်တော့ သူတို့ သားသမီးတွေ ဂိမ်းဆော့တာမြင်ရင် မျက်စိစပါးမွှေးစူးကြပါတယ်။

သူတို့အတွက်ကတော့ ဂိမ်းကစားခြင်းက အချိန်ဖြုန်းတာလို့ပဲ မှတ်ယူကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို တစ်နာရီခန့် ဂိမ်းကစားတဲ့သူတွေက အခြားသူများထက် ပိုမိုပျော်ရွှင်ကြတဲ့အင်ပြင် ပေါင်းသင်းဆက်ဆံရေးလည်း ပိုမိုကောင်းမွန်ကြပါတယ်။ အခြားကောင်းကျိုးတွေကို ဆက်လက်ပြောပြရမယ်ဆိုရင်တော့

ပြဿနာများကို နည်းလမ်းတကျဖြေရှင်းတတ်ခြင်း

ဂိမ်းဆော့တဲ့အခါ စည်းမျဉ်းတွေကို လိုက်နာရပါတယ်။ ကစားတဲ့သူကလည်း ဂိမ်းထဲမှာ ကြုံတွေ့ ရတဲ့အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် မျက်တောင်တစ်ဖြတ်အတွင်း အမြန်စဉ်းစားဆုံးဖြတ်ရတာဖြစ်လို့ သူတို့ရဲ့ ပြဿနာဖြေရှင်းနည်းတွေကလည်း အခြားသူများထက် ပိုမိုသာလွန်နေတာကို တွေ့ ရပါတယ်။

မှတ်ဥာဏ်စွမ်းအား တိုးတက်မြင့်မားခြင်း

ဂိမ်းစဆော့တဲ့အခါ ဒီဂိမ်းကို ဘယ်လိုဆော့ရမလဲဆိုတာ လမ်းညွှန်ထားတဲ့အတွက် ပွဲအဆုံးအထိ အဲ့ဒီလမ်းညွှန်ချက်တွေကို မှတ်ထားရတာကြောင့် ဂိမ်းကစားသူရဲ့ မှတ်ဥာဏ်စွမ်းအား ကောင်းမွန်မှုကို မသိမသာလေးနဲ့ ကူညီနေတာပါ။ ရေတို ရေရှည်မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေတဲ့အပြင် အာရုံစူးစိုက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။

လုပ်ငန်းကိစ္စများကို တစ်ချိန်တည်းမှာ ပြုလုပ်နိုင်ခြင်း

ဂိမ်းကစားတဲ့အခါ လက်ကလည်း ဂိမ်းခလုတ်တွေကို နှိပ်နေရတယ်၊ မျက်လုံးကလည်း Screen အပြည့် တောက်လျှောက်ကြည့်နေရတဲ့အပြင် နားကလည်း နားထောင်နေရပါသေးတယ်။ ဒါ့ကြောင့် ကိစ္စအားလုံးကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို တိုးတက်မြှင့်မားစေပါတယ်။

အခုဆို ဂိမ်းကစားခြင်းရဲ့ အားသာချက်တွေကို သိပြီဆိုတော့ တစ်ယောက်ယောက်ကများ မကောင်းမြင်တဲ့စိတ်နဲ့ ကိုယ့်ကိုလာပြောပြီဆိုရင် ဘယ်လိုပြန်လည်ချေပသင့်လဲဆိုတာကို သိသွားပြီပေါ့နော်။ ဒီလိုသိရုံနဲ့တင် မလုံလောက်သေးပါဘူး၊ ဂိမ်းဝါသနာအိုးမှန်ရင် အသစ်ထွက်သမျှဂိမ်းတွေကိုလည်း Update လုပ်ထားဖို့ လိုသေးတယ်နော်။ အရေးကြီးဆုံးအရာကို ပြောပါဆိုရင်တော့ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ဂိမ်းကစားရဖို့ပါပဲ။ အင်တာနက်လိုင်းဆွဲအားကောင်းကောင်းနဲ့ဂိမ်းကစားနိုင်ဖို့အတွက်ဆိုရင်တော့ အူရီဒူးရဲ့ Supernet Wireless အိမ်သုံးကြိုးမဲ့ အင်တာနက်တပ်ဆင်သင့်ပါတယ်။

ဂိမ်းတစ်ခုတည်း ဆော့လို့ရတာလား၊ ဘယ်ဟုတ်မလဲ။ ရုပ်ရှင်ကြည့်ခြင်း၊ ဒေါင်းလုတ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်များကို အသုံးပြုခြင်း၊ သီချင်းနားဆင်ခြင်း စတာတွေကိုလည်း အကန့်မသတ်မရှိဒေတာနဲ့ သုံးစွဲနိုင်ပါသေးတယ်။ ဘယ်လို Plan တွေကို ရရှိနိုင်သလဲဆိုရင် အဲ့ဒီစက်လေးကိုဝယ်ယူလိုက်ပြီဆိုတာနဲ့ 5 Mbps မြန်နှုန်းရှိတဲ့ ရက် ၉၀ သုံး အကန့်အသတ်မဲ့ဒေတာ Plan ကို ၇၅,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါပြီ။ သက်တမ်းကုန်သွားရင်လည်း  ရက် ၉၀ သုံး Plan ကို ၆၅,၀၀၀ ကျပ်နဲ့ ထပ်မံ သက်တမ်းတိုးနိုင်သလို ရက်၃၀ သုံး Plan ကို ၃၀,၀၀၀ ကျပ်ဖြင့်လည်း သက်တမ်းတိုးနိုင်ပါတယ်။

စက်ရဲ့အာမခံကာလကလည်း ဝယ်ယူပြီးတဲ့အချိန်ကစပြီး ၁၂ လအတွင်းမှာ Indicators များ အလုပ်မလုပ်ခြင်း (ပါဝါမီး၊ ကွန်ရက်အခြေအနေ၊ Wi-Fi၊ LAN/WAN၊ Signal Strength)၊ ပါဝါကြိုး (Adapter) အလုပ်မလုပ်ခြင်း နှင့် ခလုတ်များ အလုပ်မလုပ်ခြင်း၊ Network port အလုပ်မလုပ်ခြင်းတို့အတွက် အာမခံချက် အပြည့်အဝပေးထားပါတယ်။ ဒီလိုမျိုးကောင်းမွန်တဲ့ဝန်ဆောင်မှု၊ မြန်နှုန်းမြင့်တဲ့ အင်တာနက်နှုန်းများကို ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တဲ့အတွက်ကြောင့် အူရီဒူးရဲ့ Supernet Wireless အိမ်သုံးကြိုးမဲ့ အင်တာနက်ကတော့ အကောင်းဆုံးပဲပေါ့။