မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ လူတွေရဲ့အကြိုက်တွေက အမျိုးမျိုးပြောင်းလဲနေကြသလို အဝတ်အစားဖက်ရှင်တွေကလည်း လိုက်လို့မမှီလောက်အောင်ကို ပြောင်းလဲနေတာပါ။ စတိုင်အမျိုးမျိုးပြောင်းဝတ်ရတဲ့အခါ တစ်ခါတလေကိုယ်ရွေးချယ်လိုက်တဲ့ စတိုင်အမှားလေးတွေက ကိုယ့်ကိုပိုရုပ်ရင့်သွားစေပါတယ်။ ဘယ်လိုအမှားလေးတွေဖြစ်မလဲဆိုတော့-

၁။ အဝတ်အစားကို အချိုးအစားညီအောင်မဝတ်ခြင်း

ဘယ်လိုမျိုး ဝတ်သင့်လဲဆိုတော့ ဘောင်းဘီအပွဝတ်မယ်ဆိုရင် အပေါ်က ကိုယ်ကြပ်အင်္ကျီလေးဝတ်တာပဲဖြစ်ဖြစ်၊ အပေါ်က တီရှပ်အပွဝတ်မယ်ဆို ဘောင်းဘီကို ဂျင်းဘောင်းဘီအကြပ်ဝတ်ပေးတာမျိုးပေါ့။

၂။ အသုံးအဆောင်တွေကို အရောင်တစ်မျိုးတည်း ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ

အင်္ကျီအဝတ်အစား၊ ဖိနပ်၊ လက်ကိုင်အိတ်တွေကို တစ်ရောင်တည်းဖြစ်အောင် ပြုလုပ်တဲ့စတိုင်က ခေတ်နောက်ကျကျန်ခဲ့ပါပြီ။ အသုံးအဆောင်မပစ္စည်းတွေကို လိုက်ဖက်အောင်ပဲ ရွေးချယ်ပေးပါ။

၃။ လိုအပ်ပါက ခါးပတ်ပတ်ပါ

အဝတ်အစားဖောင်းပွနေတာက သင့်ပုံစံကို မသပ်မရပ်ဖြစ်စေပါတယ်။ ခါးပတ်ရဲ့အကူအညီရယူပြီး ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ဖော်ထုတ်လိုက်ပါ။

၄။ ခေတ်နောက်ပြန်သွားတဲ့ စတိုင်တွေကို ရှောင်ကြဉ်ပါ

ခေါင်းလောင်းဘောင်းဘီလေးကတော့ ခေတ်စားပြန်ပြီဟေ့၊ ငါတော့ ဝယ်ဝတ်ဦးမှလို့ မတွေးလိုက်ပါနဲ့၊ သင့်ကို အဘွားကြီးစတိုင် ပေါက်စေပါတယ်။

၅။ ကလေးကလားဆန်တဲ့ ဖက်ရှင်များကို ရှောင်ပါ

မိမိအသက် ၁၆၊ ၁၇ လောက်က ဝတ်တဲ့ ကာတွန်းအရုပ်တွေပါတဲ့ အဝတ်အစားတွေကို ဝတ်မယ်ဆိုရင် မျက်စိထဲမှာ ကိုးလို့ကန့်လန့်ကြီးဖြစ်ပြီး သင့်ကိုကြည့်ရဆိုးစေတဲ့အပြင် အသက်ပိုကြီးတဲ့ပုံပေါက်စေပါတယ်။

၆။ မျက်မှန်ကိုင်းများကို သေချာရွေးချယ်ပါ

မျက်မှန်တပ်တဲ့သူတွေအနေနဲ့ မျက်မှန်ဖက်ရှင်ကိုပါ သေချာရွေးချယ်သင့်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် မျက်မှန်ကိုင်းမျိုးစုံကလည်း တော်တော်လှလို့ ရွေးချယ်စရာတွေ အများကြီးရှိနေပြီနော်။

၇။ ဆံပင်တိုတိုလေး ညှပ်ပါ

ဆံပင်ကို အရှည်ကြီးအတိုင်းပဲ ပုံစံတစ်မျိုးတည်းထားတာက အမြင်ရိုးစေပါတယ်။ ဆံပင်ဂုတ်ဝဲလေးညှပ်တာက သင့်အသားအရည်ကို တောက်ပစေပြီး အသက်ငယ်တဲ့ပုံပေါက်စေပါတယ်။

၈။ သဘာဝအလှကို မိတ်ကပ်အကူအညီရယူပြီး ငယ်ရွယ်တဲ့ပုံပေါက်အောင်လုပ်ပါ

အသက်အရွယ်ရလာရင် မျက်ခုံးမွေးတွေလည်း အရောင်ဖျော့လာမယ်၊ နှုတ်ခမ်းတွေလည်း ပါးလာပါလိမ့်မယ်။ အသက်ကြီးတဲ့ပုံကို ဖျောက်ဖို့အတွက် သင့်တော်တဲ့မိတ်ကပ်အသုံးပြုပေးပါ။

၉။ နှုတ်ခမ်းနီကို အရောင်ရင့်ရင့်ဆိုးခြင်းရှောင်ပါ

နှုတ်ခမ်းနီအရောင်ရင့်ရင့်တွေက နှုတ်ခမ်းကို သေးသွားစေပြီး ပိုအသက်ကြီးတဲ့ပုံပေါ်စေပါတယ်။ ပုံ ၂ ပုံစီကို ယှဉ်ကြည့်မယ်ဆိုရင် ကွာခြားချက်ကို သိသိသာသာမြင်တွေ့ရမှာပါ။

၁၀။ ပြုံးပါ

အပြုံးက သူစိမ်းတွေရဲ့အမြင်မှာ သင့်ကို ငယ်ရွယ်နုပျိုတဲ့ပုံပေါက်စေတဲ့ အကောင်းဆုံးလက်နက်တစ်ခုပါပဲ။

Source: Brightside.me