(Zawgyi)

တုိင္းျပည္ဖြံ႔ျဖိဳးတုိးတတ္ဖုိ႔ရန္အတြက္ ပညာေရးဟာ က႑တုိင္းက႑တုိင္းရဲ႕ အေျခခံေဖာင္ေဒလ္းရွင္းျဖစ္ပါတယ္။ ဒီပညာေရးဟာ စဥ္းစားေတြေခၚမႈ၊ တီထြင္စဥ္းစားမႈ၊ သဘာဝက်က်စဥ္းစားမႈ စတဲ့ အေျခခံက်တဲ့ ဥာဏ္ေတြကုိ ရေအာင္ ေလ့က်င့္ေပးရမွာ ျဖစ္ပါတယ္။ ဒီလုိစဥ္းစားတတ္တဲ့မ်ိဳးဆက္သစ္ေတြ ေပၚထြက္လာဖုိ႔ သင္ၾကားသင္ယူမႈလုပ္ငန္းေတြမွာ ဘာေတြ ထည့္သြင္းေပးဖုိ႔ လုိအပ္ေနပါသလဲ။ ဒါေတြကုိ ဒီအက္ေဆးမွာ ေဆြးေႏြးသြားခ်င္ပါတယ္။

၁) သင္ၾကားသင္ယူမႈ လုပ္ငန္းေတြမွာ ေက်ာင္းသားေတြရဲ႕ ပါဝင္ေဆြးဖုိ႔ အခြင့္အေရးေတြကုိ ထည့္သြင္းေပးဖုိ႔ လုိအပ္ပါတယ္။

ဆရာ၊ဆရာမေတြကုိ Lecture (ေဟာေျပာသင္ၾကားမႈ) ေတြကုိ မလုပ္ရဘူးလုိ႔ မဆုိလုိပါတယ္။ ကုိယ္ သင္ၾကားရမယ့္ သင္ခန္းစာၿပီးသြားရင္ ေက်ာင္းသားေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြ၊ အေတြးေတြ၊ နားလည္မႈေတြကုိ စစ္ေဆးႏုိင္ဖုိ႔အတြက္ ေဆြးေႏြးမႈအခ်ိန္ကေလးေတြ ထည့္ေပးဖုိ႔ လုိအပ္ပါတယ္။ ဒီေဆြးေႏြးမႈလုပ္ငန္းေတြဟာ တကၠသုိလ္အဆင့္မွ မဟုတ္ပါဘူး။ အေျခခံပညာေရးေက်ာင္းမွာ ကတည္းကရင္း ထည့္သြင္းဖုိ႔ လုိအပ္ပါတယ္။ ဒါမွသာ ေက်ာင္းသူေက်ာင္းသားေတြအၾကား ေဆြးေႏြးသင္ယူတဲ့ ယဥ္ေက်းမႈ ျဖစ္ထြန္းလာမွာပါ။ အေတြးအေခၚအားေကာင္းလာမွာပါ။

၂) သင္ယူမႈျဖစ္စဥ္ေတြမွာ ေမးခြန္းေမးၾကဖုိ႔ အခြင့္အေရးမ်ားကုိ ထည့္သြင္းေပးရန္။

ဒါကေတာ့ သိပ္အေရးႀကီးပါတယ္။ ေမးခြန္းေမးတဲ့အက်င့္ဟာ လက္ရွိအေျခအေနမွာ သိပ္ၿပီး လုိအပ္ေနပါတယ္။ ေမးခြန္းေမးတတ္ဖုိ႔လည္း လုိအပ္ပါတယ္။ ကုိယ္ေမးတဲ့ေမးခြန္းဟာ ထိေရာက္မႈရွိတဲ့ေမးခြန္းမ်ိဳးျဖစ္သင့္ပါတယ္။ နာမည္ႀကီးခ်င္လုိ႔ မ်က္ႏွာရခ်င္လုိ႔ ေမးတဲ့ ေမးခြန္းမ်ိဳးမျဖစ္ရပါဘူး။ သင္ခန္းစာအေပၚ၊ အေၾကာင္းအရာအေပၚ ေသခ်ာနားေထာင္သုံးသပ္ၿပီးမွ ေမးသင့္တယ္ထင္တဲ့ ေမးခြန္းမ်ိဳးကုိ ဆုိလုိပါတယ္။

သုိ႔ေပမယ့္ အခုအေနအထားက ေမးခြန္းေမးဖုိ႔ကုိေတာင္ မဝံ့မရဲ႕ ျဖစ္ေနၾကပါတယ္။ အေျခခံေက်ာင္းေတြမွာဆုိရင္ သင္ခန္းစာအေပၚ ေမးခြန္းေမးတဲ့အေလ့ေတာင္ မရွိသေလာက္ျဖစ္ေနတုန္းပဲ။ ဒါေတြကုိ ဆရာ၊မေတြက ကုိယ့္ကေလးေတြကုိ ေမးခြန္းေမးတတ္လာေအာင္ ျပဳစုပ်ိဳးေထာင္းေပးၾကဖုိ႔၊ ေမးခြန္းေမးတဲ့ အခြင့္အလမ္းေတြ မ်ားမ်ားဖြင့္ေပးဖုိ႔ သိပ္လုိအပ္ပါတယ္။

၃) သင္ၾကားသင္ယူေတြမွာ အုပ္စုဖြဲ႔ လုပ္ငန္းေတြကုိလည္း ထည့္သြင္းသင္ၾကားဖုိ႔ လုိအပ္ပါတယ္။

ကုိယ္ကခ်ည္း အျမဲရွင္းျပသင္ၾကားေပးေနတာဟာ ထိေရာက္တဲ့ သင္ၾကားမႈပုံစံေတာ့ မဟုတ္ပါဘူး။ သင္ခန္းစာအလုိက္ ကေလးေတြ(ေက်ာင္းသား)ကုိ ဘယ္လုိ အုပ္စုဖြဲလုပ္ငန္းေတြ ေပးမလဲဆုိတာကုိပါ ဆရာ၊မေတြ အေနနဲ႔ထည့္သြင္းစဥ္းစားဖုိ႔ လုိအပ္ပါတယ္။

အေၾကာင္းရင္းကေတာ့ အုပ္စုဖြဲ႔လုပ္ငန္းေတြ ေပးျခင္းအားျဖင့္ အမ်ားနဲ႔ အလုပ္လုပ္ၾကတဲ့အခါ အေပါင္းအသင္းစိတ္ဓာတ္ရွိလာျခင္း၊ အျမင္မတူတာေတြကုိ လက္ခံလာတတ္ျခင္း၊ မတူကြဲျပားမႈကုိ တန္ဖုိးထားလာတတ္ျခင္း၊ အမ်ားရဲ႕သေဘားထားကုိ ေလးစာတတ္လာျခင္း၊ စတဲ့မ်ားစြာေသာ အက်ိဳးေက်းဇူးေတြရလာပါတယ္။ ေပါင္းသင္းဆက္ဆံေရးစြမ္းေတြ မ်ားစြာတုိးတက္လာေစတဲ့အျပင္ တစ္ကုိယ္ေကာင္းဆန္တဲ့စိတ္ဓာတ္ေတြ ေလ်ာ့ပါးသြားပါလိမ့္မယ္။ ဒါေၾကာင့္ ပညားေရးလုပ္ငန္းမွာ အုပ္စုဖဲြ႕အလုပ္လုပ္တတ္ေအာင္ ထည့္သြင္းစဥ္းစားဖုိ႔ အေရးႀကီးပါတယ္။

၄) အခ်င္းခ်င္း ျပန္လည္ သင္းၾကားေစျခင္း။

တကယ္ေတာ့ ေက်ာင္းသားေတြကုိ အခ်င္းခ်င္း အျပန္အလွန္သင္ၾကားေစတာဟာ အင္မတန္း ထိေရာက္တဲ့ သင္းၾကားမႈနည္းလမ္းတစ္ခုျဖစ္ပါတယ္။ သိထားတတ္ထားတဲ့ ပညာရပ္ကုိ တျခားသူမ်ား ျပန္လည္သင္ၾကားေပးခ်င္းဟာ ကုိယ့္ကုိယ္ကုိ ႏွစ္ဆ ပုိၿပီး သင္ယူမႈျဖစ္ထြန္းေစပါတယ္။

အေၾကာင္းရင္းကေတာ့ ကုိယ္က သူမ်ားကုိ သင္ေပးရေတာ့မယ္ဆုိရင္ သင္ေပးရမယ့္ သင္ခန္းစာကုိ အေသးစိတ္နားလည္ေအာင္ ျပန္ၿပီး ေလ့လာေနရလုိ႔ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းသားေတြကုိ ပုိၿပီး သင္ယူမႈျဖစ္ေစခ်င္တယ္ဆုိရင္ သူတုိ႔အခ်င္းခ်င္း အျပန္အလွန္သင္ၾကားေစတဲ့ နည္းလမ္းေတြကုိ ထည့္သြားစဥ္းစားဖုိ႔ လုိအပ္ပါတယ္။

(Unicode)

တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ဖို့ရန်အတွက် ပညာရေးဟာ ကဏ္ဍတိုင်းကဏ္ဍတိုင်းရဲ့ အခြေခံဖောင်ဒေလ်းရှင်းဖြစ်ပါတယ်။ ဒီပညာရေးဟာ စဉ်းစားတွေခေါ်မှု၊ တီထွင်စဉ်းစားမှု၊ သဘာဝကျကျစဉ်းစားမှု စတဲ့ အခြေခံကျတဲ့ ဉာဏ်တွေကို ရအောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုစဉ်းစားတတ်တဲ့မျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့ သင်ကြားသင်ယူမှုလုပ်ငန်းတွေမှာ ဘာတွေ ထည့်သွင်းပေးဖို့ လိုအပ်နေပါသလဲ။ ဒါတွေကို ဒီအက်ဆေးမှာ ဆွေးနွေးသွားချင်ပါတယ်။

၁) သင်ကြားသင်ယူမှု လုပ်ငန်းတွေမှာ ကျောင်းသားတွေရဲ့ ပါဝင်ဆွေးဖို့ အခွင့်အရေးတွေကို ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

ဆရာ၊ဆရာမတွေကို Lecture (ဟောပြောသင်ကြားမှု) တွေကို မလုပ်ရဘူးလို့ မဆိုလိုပါတယ်။ ကိုယ် သင်ကြားရမယ့် သင်ခန်းစာပြီးသွားရင် ကျောင်းသားတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ အတွေးတွေ၊ နားလည်မှုတွေကို စစ်ဆေးနိုင်ဖို့အတွက် ဆွေးနွေးမှုအချိန်ကလေးတွေ ထည့်ပေးဖို့ လိုအပ်ပါတယ်။ ဒီဆွေးနွေးမှုလုပ်ငန်းတွေဟာ တက္ကသိုလ်အဆင့်မှ မဟုတ်ပါဘူး။ အခြေခံပညာရေးကျောင်းမှာ ကတည်းကရင်း ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျောင်းသူကျောင်းသားတွေအကြား ဆွေးနွေးသင်ယူတဲ့ ယဉ်ကျေးမှု ဖြစ်ထွန်းလာမှာပါ။ အတွေးအခေါ်အားကောင်းလာမှာပါ။

၂) သင်ယူမှုဖြစ်စဉ်တွေမှာ မေးခွန်းမေးကြဖို့ အခွင့်အရေးများကို ထည့်သွင်းပေးရန်။

ဒါကတော့ သိပ်အရေးကြီးပါတယ်။ မေးခွန်းမေးတဲ့အကျင့်ဟာ လက်ရှိအခြေအနေမှာ သိပ်ပြီး လိုအပ်နေပါတယ်။ မေးခွန်းမေးတတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်မေးတဲ့မေးခွန်းဟာ ထိရောက်မှုရှိတဲ့မေးခွန်းမျိုးဖြစ်သင့်ပါတယ်။ နာမည်ကြီးချင်လို့ မျက်နှာရချင်လို့ မေးတဲ့ မေးခွန်းမျိုးမဖြစ်ရပါဘူး။ သင်ခန်းစာအပေါ်၊ အကြောင်းအရာအပေါ် သေချာနားထောင်သုံးသပ်ပြီးမှ မေးသင့်တယ်ထင်တဲ့ မေးခွန်းမျိုးကို ဆိုလိုပါတယ်။

သို့ပေမယ့် အခုအနေအထားက မေးခွန်းမေးဖို့ကိုတောင် မဝံ့မရဲ့ ဖြစ်နေကြပါတယ်။ အခြေခံကျောင်းတွေမှာဆိုရင် သင်ခန်းစာအပေါ် မေးခွန်းမေးတဲ့အလေ့တောင် မရှိသလောက်ဖြစ်နေတုန်းပဲ။ ဒါတွေကို ဆရာ၊မတွေက ကိုယ့်ကလေးတွေကို မေးခွန်းမေးတတ်လာအောင် ပြုစုပျိုးထောင်းပေးကြဖို့၊ မေးခွန်းမေးတဲ့ အခွင့်အလမ်းတွေ များများဖွင့်ပေးဖို့ သိပ်လိုအပ်ပါတယ်။

၃) သင်ကြားသင်ယူတွေမှာ အုပ်စုဖွဲ့ လုပ်ငန်းတွေကိုလည်း ထည့်သွင်းသင်ကြားဖို့ လိုအပ်ပါတယ်။

ကိုယ်ကချည်း အမြဲရှင်းပြသင်ကြားပေးနေတာဟာ ထိရောက်တဲ့ သင်ကြားမှုပုံစံတော့ မဟုတ်ပါဘူး။ သင်ခန်းစာအလိုက် ကလေးတွေ(ကျောင်းသား)ကို ဘယ်လို အုပ်စုဖွဲလုပ်ငန်းတွေ ပေးမလဲဆိုတာကိုပါ ဆရာ၊မတွေ အနေနဲ့ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အကြောင်းရင်းကတော့ အုပ်စုဖွဲ့လုပ်ငန်းတွေ ပေးခြင်းအားဖြင့် အများနဲ့ အလုပ်လုပ်ကြတဲ့အခါ အပေါင်းအသင်းစိတ်ဓာတ်ရှိလာခြင်း၊ အမြင်မတူတာတွေကို လက်ခံလာတတ်ခြင်း၊ မတူကွဲပြားမှုကို တန်ဖိုးထားလာတတ်ခြင်း၊ အများရဲ့သဘေားထားကို လေးစာတတ်လာခြင်း၊ စတဲ့များစွာသော အကျိုးကျေးဇူးတွေရလာပါတယ်။ ပေါင်းသင်းဆက်ဆံရေးစွမ်းတွေ များစွာတိုးတက်လာစေတဲ့အပြင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဓာတ်တွေ လျော့ပါးသွားပါလိမ့်မယ်။ ဒါကြောင့် ပညားရေးလုပ်ငန်းမှာ အုပ်စုဖွဲ့အလုပ်လုပ်တတ်အောင် ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။

၄) အချင်းချင်း ပြန်လည် သင်းကြားစေခြင်း။

တကယ်တော့ ကျောင်းသားတွေကို အချင်းချင်း အပြန်အလှန်သင်ကြားစေတာဟာ အင်မတန်း ထိရောက်တဲ့ သင်းကြားမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သိထားတတ်ထားတဲ့ ပညာရပ်ကို တခြားသူများ ပြန်လည်သင်ကြားပေးချင်းဟာ ကိုယ့်ကိုယ်ကို နှစ်ဆ ပိုပြီး သင်ယူမှုဖြစ်ထွန်းစေပါတယ်။

အကြောင်းရင်းကတော့ ကိုယ်က သူများကို သင်ပေးရတော့မယ်ဆိုရင် သင်ပေးရမယ့် သင်ခန်းစာကို အသေးစိတ်နားလည်အောင် ပြန်ပြီး လေ့လာနေရလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို ပိုပြီး သင်ယူမှုဖြစ်စေချင်တယ်ဆိုရင် သူတို့အချင်းချင်း အပြန်အလှန်သင်ကြားစေတဲ့ နည်းလမ်းတွေကို ထည့်သွားစဉ်းစားဖို့ လိုအပ်ပါတယ်။