လူကောင်သေးသေးလေးနှင့် အသံအားအင်မတန်ကောင်းလှသည့် Girl’s Generation အဖွဲ့ဝင် Taeyeon ရဲ့ Dress ဖက်ရှင်များ

တောင်ကိုရီးယားနိုင်ငံရဲ့  နာမည်ကြီးအဆိုတော်များထဲမှ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Taeyeon ဟာဆိုရင် SM Entertainment မှစင်တင်ခဲ့သော Girls’ Generation အဖွဲ့၏ခေါင်းဆောင်နှင့် အဓိကအဆိုတော်တစ်ဦးဖြစ်ပါတယ်။ အဖွဲ့သီချင်းများနှင့် တကိုယ်တော်တေးစီးရီးများအပြင် နာမည်ကြီးဒရမ်မာဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ကားများတွင်လည်း ဇာတ်ဝင်တေးပေါင်းမြောက်မြားစွာကို သီဆိုခဲ့ဖူးပါတယ်။ အဖွဲ့ထဲတွင်လည်း ပရိတ်သတ်အရေအတွက်အများဆုံးရှိသူ တစ်ဦးပါ။

Taeyeon ကို ၁၉၈၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့၊ Jeonju တွင် မွေးဖွားခဲ့ပြီး အကိုတစ်ယောက်၊ ညီမတစ်ယောက်ရှိပါတယ်။ ငယ်စဉ်ကတည်းက အဆိုကိုအထူးဝါသနာပါခဲ့သည့် Taeyeon ဟာ SM သင်တန်းကျောင်းမှာ လေ့ကျင့်ရေးဆင်းခဲ့ပြီး သူမရဲ့အသံအားအလွန်ကောင်းမှုကြောင့် သင်တန်းကာလမပြီးဆုံးခင်ကတည်းက SM Entertainment နှင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ထိုမှတဆင့် ၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် Girls’ Generation အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

သူမဇာတ်ဝင်တေး ပါဝင်သီဆိုခဲ့သည့် ဇာတ်ကားအချို့မှာ “Hong Gil Dong”, “Beethoven Virus”, “Can You Hear Me”, “That Winter, the Wind Blows”, “Moon Lovers” စသည့် နာမည်ကြီးဇာတ်လမ်းတွဲများပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် အခြားအဖွဲ့ဝင်နှစ်ဦးဖြစ်သည့် Tiffany, Seohyun တို့နှင့် “TTS” အဖွဲ့လေးကိုဖွဲ့စည်းပြီး“Twinkle” သီချင်းကနေအစပြုကာ အမျိုးမျိုးအောင်မြင်မှုများကို ထပ်ဆောင်းရရှိခဲ့ပါသေးတယ်။

အမျိုးသားများထက် မိန်းကလေးပရိတ်သတ်အလွန်များသည့် Taeyeon ဟာဆိုရင် ဖက်ရှင်မှာလည်း အလွန်ဝတ်စားဆင်ယင်တတ်လှပါတယ်။ ချစ်စဖွယ်ကောင်းသည့်ဖက်ရှင်၊ ဆွဲဆောင်မှုရှိသည့်ဒီဇိုင်းများ စသဖြင့်ကို အမျိုးမျိုးကြည့်ကောင်းအောင် ၀တ်စားဆင်ယင်တတ်လှသည့် Taeyeon ရဲ့ ဖက်ရှင်များထဲကမှ လွယ်လွယ်ကူကူ Dress ဖက်ရှင်လေးများကို ဖော်ပြပေးလိုက်ရပါတယ်။

လေဆိပ်ဖက်ရှင်

စင်ပေါ်ဖက်ရှင်

ပွဲတက်ဖက်ရှင်

2018-11-18T21:17:15+00:00February 5th, 2018|Stars & Style|
error: Alert: Copyright © 2019. MyStyle Myanmar