အားလုံးပဲမင်္ဂလာပါနော်။ ချစ်စရာကောင်းသလို Sexy ကျတဲ့ တောင်ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင် Bae Suzy ကိုတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။

သူမရဲ့ လှပတဲ့မျက်နှာ၊ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်တွေကို အမြဲတမ်းဝတ်ဆင်လေ့ရှိပြီး ဖက်ရှင်ပိုင်းမှာ မိန်းကလေးတွေ အတုယူရတဲ့ Idol တစ်ဦးဆိုလည်း မမှားပါဘူး။

၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မွေးဖွားခဲ့တာဆိုတော့ ငယ်ငယ်လေးရှိသေးတယ်နော်။

အရပ်အမြင့် ၅ ပေ ၆.၁ လက်မ (၂.၆၈ မီတာ) ရှိပါတယ်။

သူမရဲ့ ဖက်ရှင်တွေအများကြီးထဲကမှ မြန်မာနိုင်ငံက စာဖတ်သူမိန်းကလေးတွေလည်း သဘောကျပြီး လိုက်ဝတ်လို့ရမယ့် Suzy ရဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo: www.pinterest.com

By: MyStyle Myanmar