အားလုံးပဲ မင်္ဂလာပါ။ ဆိုရှယ်မီဒီယာတွေပေါ်မှာ စုံတွဲပုံလေးတွေတင်လိုက် RS Goal ဆိုပြီး အမျိုးမျိုး ရိုကြ ကြင်နာပြတာ မြင်တော့ အနည်းနဲ့ အများတော့ အားကျမိကြတယ်မလား။

အားလည်းကျပေမယ့် ကိုယ်က အချစ်ကို အယုံအကြည်မရှိတဲ့သူဖြစ်နေလေတော့ ဘယ်လောက်ပဲချစ် ချစ် အချိန်တန် ကွဲမှာပဲဆိုတဲ့ စိတ်ကြီးဝင်နေမှတော့ အခုအချိန်မှာ အတွဲမရှိဘဲ တစ်ယောက်တည်းဖြစ်နေတာ မထူးဆန်းတော့ပါဘူးလေ။

အတွဲမရှိပေမယ့်လည်း ဘဝကြီးက ဘယ်လောက်ပျော်စရာကောင်းသလဲ၊ Single ဖြစ်ရခြင်းရဲ့ အားသာချက်တွေက ဘာတွေလဲဆိုတာကို စာဖတ်သူ Single ပရိသတ်တွေအတွက် ဝေမျှပေးလိုက်တယ်နော်။

စိတ်ကူးပေါက်တဲ့အချိန် ထပြီး ခရီးထွက်လို့ရခြင်း

အတွဲရှိတဲ့သူဆိုရင် မိဘက သွားဆိုတဲ့ ခွင့်ပြုချက်ရတယ်ဆိုရင်တောင် ကိုယ့်ချစ်သူဆီက ခွင့်ပြုချက်မရရင် ချစ်သူငြိုငြင်မှာကြောက်တော့ ဘယ်မှမသွားရတော့ဘူးပေါ့။

Crush ပေါင်းသောင်းခြောက်ထောင်ကို စိတ်ကြိုက်သဘောကျခွင့်ရှိခြင်း

Photo Source: www.elitedaily.com

အတွဲရှိတဲ့သူဆိုရင် တခြားသူကို သဘောကျဖို့ မပြောနဲ့ မျက်လုံးချင်းစေ့စေ့ကြည့်ခွင့်တောင် ရှိရှာတာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူအပေါ် သစ္စာစောင့်သိရတာလည်း အလုပ်တစ်လုပ်ဖြစ်နေတာကိုး။

ကောင်းကောင်းမွန်မွန် နှစ်နှစ်ခြိုက်ခြိုက်နဲ့ စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ခြင်း

သမီးရည်းစားတွေမှာဆို ရန်ဖြစ်တဲ့နေ့ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ဆိုး စိတ်ကောက်သွားတဲ့အခါ သူ့ကို ချော့နေရတာနဲ့ အိပ်ရေးပျက်တဲ့ညတွေ ရှိပါတယ်လို့ တချို့အတွဲတွေက ဝန်ခံထားပါတယ်။

သူငယ်ချင်းတွေနဲ့ အဆက်သွယ်မပြတ် ရှိနေနိုင်ခြင်း

သူငယ်ချင်းတွေနဲ့ ကြိုက်တဲ့အချိန်၊ အားတဲ့အချိန်တိုင်း ပျော်ပျော်ပါးပါးနဲ့ လည်ပတ်သွားလာနိုင်တာကလည်း Single တွေရဲ့ အားသာချက်ပါပဲ။

မိမိကိုယ်ကို အားကိုးချင်စိတ်ရှိခြင်း

Photo Source: www.nextgenerationtrust.com

ကိုယ်လိုချင်တဲ့အရာတွေမှန်သမျှကိုလည်း ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားချင်စိတ်၊ အားကိုးချင်စိတ်အပြည့်အဝ ရရှိနိုင်ပါတယ်။

မိမိအတွက် အားလပ်ချိန်အမြောက်အမြားရရှိခြင်း

Photo Source: mustardseedint.org

ကိုယ့်ရဲ့ အားလပ်ချိန်မှာ သူများအတွက် အချိန်ပေးစရာမလိုဘဲ ရုပ်ရှင်ကြည့်ချင်သလား၊ ဂိမ်းဆော့ချင်သလား၊ ကိုယ်ကြိုက်တာလုပ်ခွင့်ရှိတယ်နော်။

အကုန်အကျသက်သာခြင်း

Photo Source: www.workflexibility.org

ချစ်သူစုံတွဲတွေဆို တစ်လပြည့်အမှတ်တရတို့ ရက် ၁၀၀ ပြည့် အမှတ်တရတို့ Surprise လုပ်ပေးရတာနဲ့တင် ရေသည်ယောကျာ်း၊ ရေသည်မိန်းမဘဝရောက်သွားတတ်ကြပါတယ်။ Single တွေကတော့ ပိုက်ဆံများများစုနိုင်တဲ့အပြင် ကိုယ်လိုချင်တဲ့အဝတ်အစား၊ မိတ်ကပ်ပစ္စည်းစတာတွေ အများကြီးဝယ်လို့ရသေးတယ်နော်။

ကိုယ့်ရည်စားကို တခြားသူက စနိုက်ကြော်သွားမှာ၊ ကြာလာခိုမှာ၊ ဒါမှမဟုတ် ကိုယ့်ရည်းစားက ခြံခုန်သွားမှာကို ပူစရာမလိုတာကတော့ Single တွေမှာပဲ ရှိတဲ့ အားသာချက်ပဲနော်။

Photo Source: www.bbc.com