မိန်းကလေးအများစုဟာ လက်သည်းနီ လှလှလေးဆိုးရတာ သဘောကျကြပါတယ်။ လက်သည်းနီလှလှလေးဆိုးဖို့အတွက် အမြဲတမ်း Beauty Salon သွားဖို့ အဆင်မပြေပါဘူးနော်။ ကုန်ကျစရိတ်လည်းများပါတယ်။

ဒါ့ကြောင့် အိမ်မှာပဲ အလွယ်တကူ လက်သည်းနီလှလှလေးစိုးလို့ရအောင်ရယ် လက်သည်းကို သန့်ရှင်းရေးလုပ်လို့ရအောင်ရယ် မျှဝေပေးလိုက်ပါတယ်နော်။

Beauty salon သွားစရာမလိုဘဲ အိမ်မှာပဲ လက်သည်းနီဆိုးမယ် သန့်ရှင်းရေးလုပ်မယ်

၁။ ကပ်လို့ရတဲ့ စာရွက်လေးတွေရှိပါတယ်နော်။ အဲဒီ စာရွက်ကို လခြမ်းပုံလေး (သို့) အဝိုင်းပုံလေး ညှပ်ပြီး လက်သည်းမှာ ခဏကပ်ထားလိုက်ပါ။ ပြီးရင် လက်သည်းနီစိုးပေးလိုက်ပါနော်။

၂။ လက်သည်းနီ အစက်အစက်လေးချပြီး ဆိုးချင်ရင်တော့ ကလစ်အမည်းလေးကို သုံးပေးလို့ရပါတယ်။

၃။ အပေါ်က လက်သည်းလေးတွေကိုပဲ အရောင်ဆိုးချင်ရင် ပိတ်စတစ်ခုခု (သို့) ရာဘာခေါင်းစီးကြိုးအပြားကို အောက်မှာ ခံပြီး အခုလို ဆိုးပေးလို့ရပါတယ်။

၄။ လက်သည်းနီအခြောက်မြန်ချင်ရင်တော့ ရေထဲကို ရေခဲတုံးလေးတွေထည့်ပြီး အေးနေအောင်လုပ်ပါ။ ပြီးရင် လက်ကို ၃ မိနစ်လောက် စိမ်ပေးလိုက်ရင် ခြောက်သွားမှာပါနော်။

၅။ လက်သည်းနီ ဖျက်ပြီးလို့ ဆေးတွေ ကျန်ခဲ့ရင် သွားတိုက်ဆေးကိုသုံးလို့ရတယ်နော်။ သွားတိုက်ဆေးကို လက်သည်းတစ်ပြင်လုံးနှံ့အောင်လိမ်းလိုက်ပြီး Brush နဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေဆေးပေးလိုက်ပါနော်။

၆။ လက်သည်းနီခဏခဏဆိုးလို့ လက်သည်းက ဝါကျင်ကျင်ဖြစ်နေရင် သံပုရာသီးနဲ့ ပွတ်တိုက်ပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးပေးလိုက်ပါနော်။ လက်သည်းကို ဖြူစေရုံသာမက လက်သည်းသန်မာစေပါတယ်။