ပြင်သစ်ဟာ အရင်ကတည်းက ဖက်ရှင်လောကမှာပဲဖြစ်ဖြစ် ရေမွှေးနဲ့ပတ်သက်ပြီးလည်း ကမ္ဘာနာမည်ကြီးတဲ့ Romantic မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ Coco Chanel တို့ Louis Vuitton တို့မွေးဖွာရာ နိုင်ငံလည်းဖြစ်လို့ ဖက်ရှင်နဲ့ ပတ်သက်ပြီးအတုယူစရာကောင်းတဲ့ နိုင်ငံလို့လည်း ပြောနိုင်ပါတယ်။

Stereotype တစ်ခုအနေနဲ့ပြောရရင် French Women တွေဟာ Sexy လည်းကျ လှပပြီး Stylish ဖြစ်တဲ့သူတွေလည်းဖြစ်ပါတယ်။ နာမည်ကြီး ဒီဇိုင်းနာဖြစ်တဲ့ Vanessa Bruno တို့လို Inspire ဖြစ်တဲ့သူတွေရှိတော့ ပြင်သစ်အမျိုးသမီးတွေ ဝတ်စားနေထိုင်ပုံဟာ Classy ဖြစ်ကာ အတူယူထိုက်တဲ့ အကျင့်စရိုက်တစ်ချို့လည်းရှိပါတယ်။ European Essence ဖြစ်တဲ့ ဖက်ရှင်ရွေးချယ်မှုအတွက် အတုယူသင့်တဲ့ နည်းလမ်းအချို့ကဖော်ပြပေးလိုက်ပါတယ်။

ဘယ်အဝတ်အစား ဖက်ရှင်စတိုင်မျိုးကိုမဆို Red Lipstick နဲ့တွဲဖက်တာပါ။ ရှေးဟောင်း ပြင်သစ် ရုပ်ရှင်တွေကိုကြည့်ဖူးရင်လည်း သိမှာပါ။ မိတ်ကပ်လိမ်းတဲ့အခါ နှုတ်ခမ်းနီကို အသားပေးကာ လိမ်းချယ်ခြင်းဟာ ယနေ့တိုင်ထိပါပဲ။


Parisian အမျိုးသမီးတွေဟာ အဝတ်အစားရွေးတဲ့အခါ Hawaiian တွေလို အပွင့်တွေ Prints ပါတဲ့အဝတ်အစားတွေထက် ရိုးရှင်းမှုကို ဦးစားပေးပါတယ်။ French Style Icon တွေဟာ Solid ကာလာနဲ့ Solid Shape ဒီဇိုင်းတွေကို ပိုဦးစားပေးပြီး ဝတ်ဆင်ဖို့ Inspire ပေးကြပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ ပြင်သစ်တွေရဲ့ ဖက်ရှင်အတွက် Slogan ဟာ “Less is More” ပါ။ ရိုးရှင်းစွာဝတ်ဆင်မှုက ပိုပြီး Standout ဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်ပါတယ်။ ဂါဝန်အနက်လေးတွေကို ရိုးရှင်းတဲ့ Blazer နဲ့တွဲဖက်ဝတ်ဆင်ခြင်းဟာ ရိုးရှင်းပြီး အမြင်မကလက်တဲ့အပြင် နန်းဆန်စေပါတယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ ဖက်ရှင်ရွေးချယ်မှုအပေါ် ယုံကြည်မှုရှိစေဖို့က မဖြစ်မနေအတုယူသင့်တဲ့အရာပါ။

Source: AllWomenStalk