အားလုံးပဲ မင်္ဂလာပါ။ Lee Da-hae ဆိုတဲ့ မင်းသမီးချောလေးကို ချိုဝမ်ဆိုပြီး မြန်မာပရိသတ်တွေ နှုတ်ဖျားထက်မှာ ရေပန်းစားလာအောင် ပြုလုပ်ပေးတဲ့ ဇာတ်ကားလေးကတော့ Heaven’s Fate လို့လည်း အမည်ရသလို Lotus Flower Fairy လို့လည်း အမည်ပေးထားတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။

Lee Da-hae ရဲ့ နာမည်အရင်းကတော့ Byun Da-Hye ဖြစ်ပြီး သူမကို ၁၉၈၄ ခုနှစ်၊ ဧပြီလ ၁၉  ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သွေးအမျိုးအစားကတော့ အိုသွေးဖြစ်ပြီးတော့ အရပ်အမြင့်ကတော့ ၅ ပေ ၆ လက်မကျော်ဖြစ်ပါတယ်။

သူမက ဂျပန်၊ အင်္ဂလိပ်နဲ့ တရုတ်ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပါသေးတယ်။ တရုတ်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တဲ့အခါမှာလည်း နောက်ခံအသံအစားထိုးစရာမလိုဘဲ သူမအသံနဲ့ပဲ သရုပ်ဆောင်သွားတဲ့ ပထမဆုံးတောင်ကိုရီးယားမင်းသမီးတစ်ယောက်ပါပဲ။ တရုတ်ပြည်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

သူမရဲ့ ကျော်ကြားတဲ့ ဇာတ်လမ်းတွဲတွေကတော့ My Girl, Green Rose, The Slave Hunters, Miss Ripley နဲ့ Hotel King တို့ပဲဖြစ်ပါတယ်။ Love Actually နဲ့ Best Couple ကတော့ တရုတ်ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။

ချိုဝမ်ရဲ့ ချစ်ပရိတ်သတ်တွေအတွက် သူမရဲ့ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်တယ်နော်။

Photo Source: Pinterest.com