တောင်ကိုရီးယားမင်းသမီးချောလေး Choi Ji-woo ရဲ့ ဖက်ရှင်စတိုင်လ်များ

အားလုံးပဲ မင်္ဂလာပါ။ Choi Ji-woo ဆိုတဲ့ အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်း ကိုရီးယားမင်းသမီးလေးကို ပရိသတ်တွေ သိကြမှာပါ။ သူမကို မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားလာအောင် စတင်မိတ်ဆက်ပေးတဲ့ ဇာတ်ကားလေးတွေကတော့ Winter Sonata နဲ့ Stairway To Heaven ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးတွေပါပဲ။

သူမရဲ့နာမည်အရင်းကတော့ Choi Mi-hyang ပါ။ သူမကို ၁၉၇၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ Paju မြို့မှာ မွေးဖွားခဲ့တာပါ။ သူမရဲ့ အရပ်အမြင့်ကတော့ ၁.၇၄ မီတာ ( ၅ ပေ ၇ လက်မ ) ရှိပါတယ်။

သူမ အနုပညာလောကထဲကို ဝင်ရောက်ဖြစ်ခဲ့ပုံကတော့ ၁၉၉၄ ခုနှစ်မှာ MBC က ပြုလုပ်ကျင်းပတဲ့ သရုပ်ဆောင်ပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ပဲဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ၁၉၉၅ ခုနှစ်မှာတော့ War And Love ဆိုတဲ့ ဒရမ်မာစီးရီးထဲမှာ စတင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကျတော့မှ သူမရဲ့ နာမည်ကို Choi Ji-woo ဆိုပြီး ပြောင်းပစ်ခဲ့ပါတယ်။

သူမပါဝင်ထားတဲ့ အခြားကျော်ကြားတဲ့ဇာတ်ကားတွေကတော့ The Suspicious Housekeeper, Temptation, Twenty Again နဲ့ Woman With A Suitcase ဆိုတဲ့ ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာတော့ အနုပညာလောကထဲကမဟုတ်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။

မျက်နှာလေးက အမြဲတမ်းကြည်လင်အေးချမ်းနေတတ်တဲ့ Choi Ji-woo ရဲ့ ဖက်ရှင်လေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်တယ်နော်။

Photo Source: Pinterest.com

2018-12-29T19:28:50+00:00December 29th, 2018|Fashion, Stars & Style|
error: Alert: Copyright © 2019. MyStyle Myanmar