မိန်းကလေးတော်တော်များများကတော့ မိတ်ကပ်လိမ်းတဲ့အခါမှာ Foundation တန်းလိမ်းတာမျိုးတွေ၊ အောက်ကနေ Primer ခံပြီးလိမ်းတာမျိုးတွေလောက်ပဲ ရှိကြတာများပါတယ်။ အမှန်တော့ ကိုယ့်ရဲ့မျက်နှာအသားအရေက ကျန်းမာလှပပြီးကြည်လင်နေဖို့၊ သူများထက်ပိုလှနေဖို့ဆိုရင်တော့ Foundation မလိမ်းခင်မှာလိမ်းရမယ့်အဆင့်လေးတွေ ရှိပါတယ်။ တော်တော်များများက ဒီအဆင့်လေးတွေကိုလိမ်းဖို့ မေ့နေတတ်ပါတယ်။

Toner

Photo Source: Nature Republic

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် မျက်နှာသစ်ပြီးတာနဲ့ Toner ကို အရင်ဆုံးလိမ်းပေးရပါတယ်။ Toner လိမ်းတယ်ဆိုတာကတော့ ရေဓာတ်ပြန်ဖြည့်ပေးတဲ့သဘောပါ။ လိမ်းတဲ့အခါမှာလည်း လက်နဲ့မလိမ်းပဲ ဂွမ်းဖတ်လေးနဲ့လိမ်းပေးရမှာပါ။

Essence

Photo Source: Nature Republic Canada

အဆင့် ၂ အနေနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပြီး အသားအရေကိုပြန်လည်ကောင်းမွန်လာစေဖို့ Essence ကို လိမ်းပေးရပါတယ်။

Emulsion

Photo Source: Nature Republic

အဆင့် ၃ အနေနဲ့ မျက်နှာကိုရေဓာတ်ပြည့်စေဖို့နဲ့ အသားအရောင်ညီစေဖို့ Emulsion ကိုလိမ်းပေးရပါတယ်။ ဒါလေးကတော့ အရေးကြီးပါတယ်နော်။

Serum

Photo Source: iHerb.com

အဆင့် ၄ အနေနဲ့ အရေးအကြောင်းတွေလျော့ပါးပြီး အသားအရေကိုတင်းရင်းနေစေဖို့ Serum ကို အားထားပြီး လိမ်းပေးရပါတယ်။ နှစ်စက်လောက်ပဲ လိမ်းပေးရမှာပါ။

Cream

Photo Source: jolse Beauty blog

အဆင့် ၅ အနေနဲ့ Cream ကိုလိမ်းပေးရပါတယ်။ အသားအရေခြောက်တဲ့သူနဲ့ အရေးအကြောင်းသက်သာချင်တဲ့သူတွေကတော့ ဒါကိုမဖြစ်မနေလိမ်းပေးရပါတယ်။

OilPhoto Source: TonyMoly

အဆင့် ၆ အနေနဲ့ မျက်နှာကို နူးညံ့ပြီးချောမွတ်သွားစေဖို့ Oil ကိုလိမ်းပေးရပါတယ်။ အဆီပြန်တဲ့သူတွေလည်း လိမ်းပေးလို့ရပါတယ်။

Sunscreen

Photo Source: ebay

အဆင့် ၇ အနေနဲ့ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် နေလောင်ဒဏ်ကိုကာကွယ်ဖို့၊ အသားအရေမပျက်စီးဖို့ Sunscreen ကိုလိမ်းပေးရပါတယ်။

PrimerPhoto Source: Feelunique

အဆင့် ၈ အနေနဲ့ မိတ်ကပ်သားကြာရှည်ခံဖို့နဲ့ မိတ်ကပ်ကိုညက်ညက်လေးဖြစ်နေစေဖို့ Primer ကိုလိမ်းပေးရပါတယ်။

ဒီအဆင့် ၈ ဆင့်ကိုလိမ်းပြီးတော့မှ Foundation ကိုလိမ်းပေးရပါတယ်။ ဒါမှလည်း မျက်နှာအသားအရေလေးက ကိုရီးယားမလေးတွေလို အချိန်တိုင်းမှာလှပနေမှာပါ။