Skincare ဆိုတာက ငယ်တုန်းကတည်းက လုပ်ထားနိုင်လေ ကောင်းလေးပါ။ အသက်ကြီးမှလုပ်မယ်ဆို လုပ်သလောက်မထိရောက်တော့ပါဘူး။ ဒါကြောင့်မို့လို့ မိန်းကလေးတစ်ယောက်အနေနဲ့ (၂၀) ပတ်ချာလည်နားရောက်လာပြီဆို အသားအရေကို ဂရုတစိုက်ထိန်းသိမ်းသင့်ပါပြီ။

၁။ မိတ်ကပ်မဖျက်ဘဲ အိပ်ယာမဝင်ပါနဲ့

Source: Glamour

ကျွန်မတို့အသားအရေက ညဘက်အိပ်စက်ချိန်မှာမှပိုပြီး အသားအရေပြန်လည်အားဖြည့်တာနဲ့ အပြောင်းအလဲတွေ လုပ်တာပါ။ အဲဒီလိုအချိန်မျိုးမှာ မိတ်ကပ်မဖျက်ဘဲအိပ်လိုက်မယ်ဆို ဆဲလ်သစ်တွေ မမွေးဖွားနိုင်တော့ဘဲ အသားအရေညစ်ညမ်းလာပါလိမ့်မယ်။

၂။ အနေအထိုင် ဂရုစိုက်ပါ

Source: topsimages.com

အသားအရေကောင်းတာမကောင်းတာက မျိုးရိုးနဲ့လည်းဆိုင်ပါသေးတယ်။ ကိုယ့်မျိုးရိုးက အသားအရေအရမ်းကောင်းရင်တော့ ပုံမှန်လေးဂရုစိုက်ပေးရုံနဲ့ လုံလောက်တာပေါ့။ အဲဒီလိုမဟုတ်ဘဲ အသက် (၂၀) လောက်နဲ့ ဆေးလိပ်တွေစွတ်သောက်နေမယ်ဆို နှစ်အနည်းငယ်လောက်အတွင်းမှာ အသက် (၃၀) အရွယ်နဲ့တူသွားပါလိမ့်မယ်။

၃။ Sunscreen ကိုလျှော့မတွက်ပါနဲ့

Source: Today’s Parent

အသက် (၂၀) မှာ ခံထားရတဲ့ နေလောင်ဒဏ်တွေက အသက်ကြီးလာတဲ့အခါ ဇရာအနေနဲ့ပြန်ပေါ်လာပါလိမ့်မယ်။ အိမ်မှာနေလည်း လိမ်းပေးပါ။ ဖုန်းကထွက်တဲ့အလင်းရောင်တွေကလည်း အသားအရေထိခိုက်နိုင်တာမို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဖုန်းသုံးရင် မျက်နှာအောက်ငုံ့မသုံးပါနဲ့။ အသားအရေလျော့တွဲမြန်ပါတယ်။

၎။ Exfoliate လုပ်ဖို့မမေ့ပါနဲ့

Source: groupon.com

ဆဲလ်သေတွေဖယ်ရှားပြီး ဆဲလ်သစ်တစ်ဖန်ပြန်လည်မွေးဖွားနိုင်ဖို့ရာ Exfoliate လုပ်ဖို့လိုပါမယ်။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။
၅။ အစားအသောက် ဆင်ခြင်ပါ

Source: AsiaOne

အသားအရေထိန်းသိမ်းတယ်ဆိုတာ SPF တွေ၊ Moisturizer တွေလိမ်းရုံလောက်နဲ့ မလုံလောက်ပါဘူး။ နေ့စဉ်ပုံမှန်စားနေကျအစားအသောက်နဲ့လည်း တိုက်ရိုက်ဆက်စပ်နေတာမို့ နေ့လည်နေ့ခင်းတွေမှာ ကော်ဖီသောက်မယ့်အစား Green Tea တစ်ခွက်လောက် ပုံမှန်သောက်ပေးပါ။ အသားအရေကြည်လင်လာပြီး ခုခံအားတွေတိုးလာပါလိမ့်မယ်။

Featured image source: Pinterest