ကိုယ်ချစ်ရတဲ့သူကို လက်လွှတ်ဆုံးရှူံးလိုက်ရလို့ ပျော်ရွှင်ရတဲ့သူဆိုတာ ဘယ်မှာရှိမှာလဲနော်။ ဘယ်သူမဆို ပိုင်ဆိုင်ချင်တာပေါ့။ သူနဲ့အတူတူဆိုပြီး မရေတွက်နိုင်တဲ့အနာဂတ်တွေကို ပုံဖော်ထားပြီးခါမှ အဲဒီလူကကိုယ့်အနားမှမရှိတော့ပြန်လေတော့ မျှော်မှန်းထားတဲ့အနာဂတ်ကြီးကလည်း အဓိပ္ပာယ်မဲ့ရပြန်ပါတယ်။

ဆိုတော့ ချစ်ရသူရဲ့စိတ်တွေကိုယ့်ဆီပြန်လည်လာအောင် ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတဲ့ မေးခွန်းလေးတွေပေါ်လာပါတယ်။ အဖြေကိုတော့ ဒီဆောင်းပါးလေးမှာ ပြောပြထားပါတယ်။ ဆက်ဖတ်ကြည့်လိုက်ကြရအောင်ပါ။

၁။ အလျင်မလိုပါနဲ့

ပထမဦးဆုံးအနေနဲ့ အလျင်မလိုပါနဲ့လို့ပဲ ပြောချင်ပါတယ်။ သူနဲ့ပြတ်သွားတဲ့အဓိကအကြောင်းရင်းက ကိုယ်မကြိုက်တဲ့အချက်တွေသူ့မှာရှိနေလို့နဲ့ ကိုယ်ဘယ်တုန်းကမှမထင်မှတ်ထားတဲ့ သူ့ရဲ့စရိုက်မှန်တွေပေါ်လာလို့ပါပဲ။ ဒါကြောင့်ပြတ်သွားပြီးရင် ဒီလူဆီနောက်တစ်ခေါက်ပြန်သွားပြီး ဒီလူရဲ့ဒဏ်ကိုငါခံနိုင်ရဲ့လားလို့ ခေါင်းအေးအေးထားပြီး သေချာပြန်စဉ်းစားပါ။

အချိန်ယူပါ။ ဝေးနေတဲ့ခဏမှာ သူရောကိုယ့်လိုပဲလွမ်းနေရဲ့လားလို့ စောင့်ကြည့်ပါ။ ဆက်သွယ်လာပြီဆိုရင်တော့ ပြန်အကဲခတ်ပါ။ ချစ်သူတွေလိုမျိုး ချက်ချင်းပြန်မတွဲလိုက်ပါနဲ့ဦး။ ဒိတ်တင်အနေအထားကိုပြန်သွားပြီး အေးအေးဆေးဆေးလေး ပြန်စဉ်းစားပါ။

၂။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပါ

ဝိတ်ထိန်းပါ။ ကျန်းမာအောင် စားသောက်နေထိုင်ပါ။ ကျောင်းမှန်မှန်သွားပါ။ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ပေးပါ။ အလှပြင်ပါ။ Shopping ထွက်ပါ။ သူ့အတွက်လုပ်နေတာမဟုတ်ဘဲ ကိုယ့်အတွက်လုပ်နေတယ်ဆိုတာကိုပဲ စိတ်ထဲထည့်ထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကဟန်မပျက်နေနိုင်လေလေ သူ့ကိုပိုဆွဲဆောင်လာနိုင်လေပါ။

၃။ မကြောက်ရွံ့ပါနဲ့

သူနဲ့စကားပြောဖြစ်တဲ့အခါ၊ မထင်မှတ်ပဲတွေ့တဲ့အခါနဲ့ Message တွေ၊ ဘာတွေပို့ပြီး Chat ဖြစ်ကြတဲ့အခါမျိုးတွေမှာ ပုံမှန်အတိုင်းပဲ ဆက်ဆံပေးပါ။ ကိုယ့်ဘက်ကသူ့ကိုလိုအပ်နေတဲ့ပုံစံမျိုးတွေနဲ့ သူမရှိရင်မဖြစ်တော့သလိုမျိုး အရမ်းအထီးကျန်နေတဲ့ပုံမျိုးတွေ မပြပါနဲ့။ အသစ်လေးတွေနဲ့ ဒိတ်ချင်ရင်လည်း ဒိတ်ကြည့်ပါ။ ဒဲ့ကြီးတွေတော့သူ့ရှေ့မှာ အလွန်အကျွံမလုပ်ပြပါနဲ့။ အမြင်ကပ်သွားတတ်ပါတယ်။ အရေးကြီးဆုံးက သူမရှိလည်း ကိုယ်ဟာယိုင်နဲ့သွားမယ့် မိန်းကလေးမျိုးမဟုတ်ဘူးဆိုတည သူမြင်ရင်ရပါပြီ။ အနည်းဆုံးတော့ သူ့ကိုပြန်မပိုင်ဆိုင်ရရင်တော့ ဒီတစ်ယောက်အချဉ်တော့မဟုတ်ဘူးဆိုတာ သူသိသွားပါပြီ။

၎။ စဉ်းစားပါ

ပထမအချက်မှာပြောခဲ့သလိုပဲ သေချာပြန်စဉ်းစားပါ။ ဘာကြောင့်လမ်းခွဲခဲ့ကြတာလဲ။ ငါကအချစ်ခံရဖို့ မထိုက်တန်တဲ့သူမို့လို့လား။ ကိုယ့်ဘက်ကကောင်းနေတယ်။ တကယ်အချစ်စစ်အချစ်မှန်တွေပဲပေးခဲ့တယ်။ ဒီလိုသာဆိုရင်တော့ လိပ်ပြာသန့်သန့်သာလမ်းခွဲလိုက်ပါ။ သင်ဟာအချစ်ခံရဖို့ထိုက်တန်ပါတယ်။ ကိုယ်ပြောတာကိုယုံပါ။ တခြားသူအတွက်အခွင့်အရေးပေးလိုက်ပါ။ Single ဘဝကိုရောက်သွားတာနဲ့ အပေါ်ကအချက်တွေကိုလိုက်နာလိုက်ရုံနဲ့ သင့်အချစ်ကိုမျှော်လင့်တကြီးနဲ့စောင့်စားနေကြသူတွေ တန်းစီနေပါလိမ့်မယ်။

၅။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ

ကိုယ့်ဝမ်းနာ ကိုယ်သာသိပါစေ။ သင်တို့နှစ်ယောက်ဘယ်လိုကျော်ဖြတ်ခဲ့ကြတယ်။ ဘယ်လိုပုံစံနဲ့သွားခဲ့ကြတယ်ဆိုတာကို သင်တို့နှစ်ယောက်သာအသိဆုံးပါ။ တခြားသူတွေကိုပြောပြပြီး အကြံဉာဏ်တောင်းလည်း ဒီတစ်ကွက်လေးကိုပဲမြင်တဲ့သူတို့က အဲဒါလေးကိုပဲကြည့်ပြီး သူတို့အမြင်နဲ့ပဲ အကြံပေးမှာပါ။ တခြား Relationship တွေနဲ့လည်း မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်လူအကြောင်းကိုယ်သာအသိဆုံးမို့ ကိုယ့်ဘာသာအဖြေထုတ်ပါ။ အဖြေရပြီဆိုရင်တော့ ပြန်သွားသင့်၊ မသွားသင့်ကို ကိုယ်တိုင်သာဆုံးဖြတ်ပါ။

၆။ ကတိစကားတွေ

နောက်ဆုံးအဆင့်အနေနဲ့ ပြန်တွဲကြမှာသေချာပြီဆိုရင်တော့ အလျင်မလိုဘဲ အေးဆေးလေးစီစဉ်ပြီးမှ သူ့ဆီပြန်သွားပါ။ လက်ဗလာနဲ့ထက် သူ့ကိုအသိအမှတ်ပြုတဲ့လက်ဆောင်လေးတစ်ခုပါသွားတာက ပိုကောင်းပါတယ်။ Postcard ထဲမှာ ကိုယ်သူ့ကိုဘယ်လောက်လိုအပ်ကြောင်း၊ ဘယ်လောက်သတိရကြောင်းနဲ့ နှစ်ယောက်သား Relationship ထဲဝင်ရောက်လာမယ့် ဘယ်အခက်အခဲကိုမဆို ရင်ဆိုင်တော့မှာဖြစ်ကြောင်းစတဲ့ ကတိစကားတွေကိုရေးပြီးပေးလိုက်ပါ။ ပန်းတစ်စည်း၊ လက်ဆောင်လေးတစ်ခုကလည်း အလုပ်ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ်ဟာတစ်ခြားသူအတွက် ဘယ်လောက်အထောက်အပံ့ဖြစ်ကြောင်းသိရင်တော့ ပီတိဖြစ်ရတာပါပဲ။

Source: Pinterest