အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဘော်ဒီအမိုက်စားလေး ပိုင်ဆိုင်ချင်တဲ့ ကောင်မလေးတွေအတွက်ပါ။ ဒီလေ့ကျင့်ခန်းလေးတွေနဲ့အတူ အာဟာရ ပြည့်ပြည့်ဝဝစားမယ်။ အဆီလေးကို လျှော့စားပြီး ကျန်းမာတဲ့အစားအစာတွေနဲ့ ထိန်းသိမ်းမယ်ဆိုရင် Gym သွားပြီး ပြင်းပြင်းထန်ထန် ဆော့နေစရာမလိုတော့ပါဘူး။ ဒီလို Gym မှာဆော့မယ်ဆိုရင်လည်း အစားအသောက်လေးနဲ့ မထိန်းရင် ကျန်းမာတဲ့ ဝက်ကြီးပဲဖြစ်လာမှာနော်။

ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ Plank (၁-၃ မိနစ်)

အခုပုံမှာပြထားတဲ့တိုင်း လက်ကို ကြမ်းပြင်မှာထောက်ထားပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ဒီအတိုင်းမတ်မတ်ထားပြီးနေရမှာဖြစ်ပါတယ်။ ၁ မိနစ်ကနေ ၃ မိနစ်အထိနေပေးပါ။ အစပိုင်းမှာတော့ သိပ်နေနိုင်မှာမဟုတ်ပေမယ့် လေ့ကျင့်ခန်းလုပ်ရင်း အဆင်ပြေသွားပါလိမ့်မယ်။

၂။ ဒိုက်ထိုးမယ်

၁ မိနစ်လောက်ထိုးရပါမယ်။ သင့်ရဲ့ လက်မောင်းရင်း၊ ပုခုံး၊ ခါး၊ ရင်ဘတ်တို့ကို အသုံးပြုရမှာပါ

အခုပုံမှာပြထားသလိုမျိုး လက်နှစ်ဖက်ထောက်ပြီး တဒါင်ကို ကွေးချ၊ နောက်ကျော်ကိုလည်း အောက်ကို နိမ့်ချလိုက်ပါ။ ပြီးရင်ပြတ်မတ်ပါ။

၃။ Squatပျိုမေတို့ရဲ့ ခန္ဓာကိုယ်အလှကို ပြောင်းလဲစေမယ့် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတွေ

အရင်ဆုံးကိုယ်ကို မတ်မတ်ထားပြီး ခြေထောက်နှစ်ဖက်ကိုကားလိုက်ပါ။ လက်ကိုစုပေးလိုက်ပြီး တစ်ဝက်လောက်အထိ ထိုင်ချပါ။ ပြီးရင်ပြန်မတ်ပါ။ ၂ မိနစ်လုပ်ရမှာဖြစ်ပါတယ်။

၎။ Bird-Dog

အရင်ဆုံး လေးဖက်ထောက်ထားပါ။ ညာခြေထောက်ကိုဆန့်ထုတ်ပြီး ဘယ်လက်ကိုလည်း ဆန့်ထုတ်လိုက်ပါ။ အဲဒီအတိုင်းခဏနေပြီး နောက်တစ်ဖက်ပြောင်းလုပ်ပါ။

၅။ Hip-Bridge

အရင်ဆုံး ကျောလှဲနေပါ။ ဒူးနှစ်ဖက်ကိုထောင်ထားပါ။ လက်နှစ်ဖက်ကိုကြမ်းပြင်မှာ မှေက်လျက်ချထားပါ။ အသက်ပြင်းပြင်းရှူပြီး တင်နဲ့ခါးကိုကြွလိုက်ပါ။ ခဏနေပြီး ပြန်ချပါ။ အဲဒီအတိုင်း ၁ မိနစ်ကနေ ၃ မိနစ်အထိလုပ်ပေးပါ။

တစ်ပတ်ချင်းဆီကို တိုးပြီးလုပ်သွားပေးပါ။

Source: www.brightside.me

By: MyStyle Myanmar