အခုပြောပြပေးမယ့်သဘာဝနည်းလမ်းလေးက အရမ်းလွယ်ကူပြီးရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းအနေနဲ့ကလည်း အုန်းဆီနဲ့ မုန့်ဖုတ်ဆော်ဒါ (၂) မျိုးတည်းသာလိုတာပါ။

Source: naturalhealth4ever.com

အုန်းဆီဟာ ဟော်မုန်းဓာတ်ကို ပုံမှန်လည်ပတ်စေပြီး အစာချေစနစ်ကို အားကောင်းစေကာ ကင်ဆာရောဂါနဲ့ အကြိုဇရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

နောက်ထပ် အုန်းဆီက သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် သွားတွေကိုလည်း ကြံ့ခိုင်သန်စွမ်းစေပါတယ်။ မုန့်ဖုတ်ဆော်ဒါကိုတော့ တော်တော်များများက အန္တရာယ်ရှိတယ်လို့ ထင်ကြပါတယ်။ သို့ပေမဲ့ ကျွန်မတို့နေ့စဉ်အသုံးပြုနေကြတဲ့ သွားတိုက်ဆေးထဲက ဓာတုပစ္စည်းတွေနဲ့ ယှဉ်ရင်တော့ သူကတောင်ပိုပြီး အန္တရာယ်ကင်းပါသေးတယ်။

Source: youtube.com

ပထမဦးဆုံးအနေနဲ့ အုန်းဆီကို ပါးစပ်ထဲထည့်ပြီး (၁-၂) ကြိမ်လောက် ပလုတ်ကျင်းပေးပါ။ ပြီးသွားရင်တော့ အုန်းဆီ (၈) ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ (၈) ဇွန်းတို့ကိုရောမွှေပြီး အဲဒီအရောအနှောနဲ့ ပုံမှန်သွားတိုက်နေကျအတိုင်း တိုက်ပေးပါ။ ပြီးသွားရင်တော့ ထုံးစံအတိုင်းပလုတ်ကျင်းလို့ရပါပြီ။ ရလဒ်မြန်မြန်တွေ့ချင်တယ်ဆိုရင်တော့ နေ့တိုင်းပြုလုပ်ပေးဖို့လိုပါမယ်။

Source: motherandbaby.co.id

Featured image source: youtube.com