အားလုံးပဲ မင်္ဂလာပါ။ အဆီပိုတွေ မရှိဘဲ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။

သွယ်လျလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားခြင်းက အလှအပအတွက်သာမကပဲ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တယ်ဆိုတာ အထူးတလည်ပြောနေဖို့ လိုမယ်မထင်ပါဘူး။

ကိုယ့်ရဲ့ နေထိုင်မှုဘဝပုံစံ၊ အစားအသောက် စားသုံးမှုပုံစံတွေကို ပြောင်းလဲလိုက်ခြင်းကလည်း ကောင်းမွန်တဲ့အကျိုးရလဒ်တွေ ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့ကြောင့် ၁၀ ရက်အတွင်း ဝိတ်အမြန်ကျအောင် ဘယ်လိုနည်းလမ်းကောင်းလေးတွေကို လိုက်လံပြုလုပ်လို့ရမလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာ များများစားသုံးပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပြည့်ဝဆီများကိုသာ မှီဝဲပါ

အသင့်စားသုံးနိုင်တဲ့ အစားအစာထဲမှာ ကျန်းမာရေးနဲ့ မညီညွှတ်ဘဲ အဝလွန်ခြင်းကို ဖြစ်စေတဲ့ ဆီပါဝင်မှု များပြားပါတယ်။ ဒါပေမဲ့ ထောပတ်သီး၊ သံလွင်ဆီနဲ့ မြေပဲတို့မှာ ပါဝင်တဲ့ ဆီကတော့ ကိုလက်စထရောပမာဏကို လျော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးပါတယ်။

လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ

ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းက မဖြစ်မနေပြုလုပ်ပေးရပါမယ်။ ၁၅ မိနစ်ခန့် ပုံမှန်လမ်းလျှောက်ခြင်း၊ ဓာတ်လှေကားအသုံးပြုမယ့်အစား ရိုးရိုးလှေကားအသုံးပြုခြင်းကလည်း ဝိတ်ကျဖို့ ကူညီပေးပါလိမ့်မယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သရေစာမုန့်များကိုသာ စားသုံးပါ

ကိတ်မုန့်၊ ကွတ်ကီး၊ အချိုဓာတ်ပါဝင်မှုများတဲ့ သရေစာမုန့်များ၊ ဆေးသကြားပါဝင်မှုများတဲ့ အချိုရည်များသောက်သုံးမယ့်အစား လတ်ဆတ်တဲ့သစ်သီးဝလံစားသုံးခြင်း၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်သောက်သုံးခြင်းက ကိုယ်အလေးချိန်ကျစေပါတယ်။

ရေများများသောက်ပါ

ရေသောက်ခြင်းက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးပြုပါတယ်။ ခန္ဓာကိုယ်မှ ရေဓာတ်လုံလောက်စွာမရရှိခြင်းကလည်း ကိုယ်အလေးချိန်တက်ရခြင်း အကြောင်းအရင်းတစ်ခုပါပဲ။ တစ်ခါတလေမှာ ဦးနှောက်က ရေငတ်တာကို ဗိုက်ဆာတယ်လို့ လွဲမှားစွာ ဘာသာပြန်တတ်တာကြောင့် ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ထမင်းမစားခင် ရေတစ်ဖန်ခွက်အရင်သောက်ပေးပါ။

ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့

ကိုယ်အလေးချိန်လျော့ချချင်တဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကို မမေ့ဘဲနဲ့ ကိုယ်ပြောင်းလဲလိုက်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်သော လူနေမှုပုံစံအတိုင်း လိုက်လံပြုကျင့်ပြီး နေထိုင်နိုင်အောင် ကြိုးစားရပါမယ်။

Source: Stylecraze.com